သတင်းများကို Google Fast Flip မှ အလွယ်တကူ ဖတ်ရှု၍ ရပြီ်

E-mail Print
Google ကုမ္ပဏီကြီးက ကမ္ဘာ့သတင်းဌာနများမှ လူကြိုက် အများဆုံး သတင်းများကို တနေရာတည်းတွင် ဖတ်ရှု၍ ရရန်အတွက် ရည်ရွယ်၍ အင်တာနက် ၀န်ဆောင်မှုတခု ဖြစ်သည့် Google Fast Flip ကို မိတ်ဆက် ပေးလိုက်သည်။

Google Fast Flipသည် သတင်းများကို စုပေါင်းဖော်ပြပေးသည့် သတင်း အမျိုးအစား အင်တာနက်စာမျက်နှာ ဖြစ်ပြီး http://fastflip.googlelabs.com အင်တာနက် လိပ်စာမှ တဆင့် သတင်းများကို စက်တင်ဘာလ ၁၄ရက်မှ စတင် အခမဲ့ လွယ်ကူစွာ ဖတ်ရှုနိုင်မည် ဖြစ်သည်။

Fast Flip သည် လက်ရှိဖြစ်ပေါ်နေသော သတင်းများနှင့် လူကြိုက်များသည့် ဆောင်းပါးများကို ပုံနှိပ်ထုတ်ဝေ လျက် ရှိသော မဂ္ဂဇင်း များကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

Google Fast Flip မှ သတင်းများသည် Google News မှသတင်းများကို အခြေခံထားခြင်း ဖြစ်ပြီး အဖွင့် စာမျက်နှာပေါ်တွင် သက်ဆိုင်ရာ သတင်းဌာနများမှ လက်ရှိ သတင်းများကို အကျဉ်းချုပ် မြင်တွေ့နိုင်ပြီး နှစ်သက်ရာ သတင်းကို ကလစ် နှိပ်၍ သော်လည်းကောင်း၊ သက်ဆိုင်ရာ သတင်း၏ မူရင်း အင်တာနက် စာမျက်နှာသို့ တိုက်ရိုက် ၀င်ရောက်၍ သော်လည်းကောင်း ဖတ်ရှု နိုင်မည် ဖြစ်သည်။

Google က အင်္ဂလန်မှ BBC အပါအ၀င် အမေရိကန်ပြည်ထောင်စု အခြေစိုက် နာမည်ကြီး သတင်းဌာနများ ဖြစ်သောBusiness Week, the Christian Science Monitor, the Daily Beast, Esquire, the New York Times, Newsweek, Salon, Slate, The Washington Post, Tech Crunch စသောသတင်းဌာနပေါင်း ၃၉ ခုနှင့်အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကွန်ပျူတာ နည်းပညာနှင့် ပတ်သက်၍ မျက်ခြည်မပြတ် စောင့်ကြည် လေ့လာသူတဦးက“ဒီနေ့ နာမည်ကြီး သတင်း ဌာနတွေကလူကြိုက် အများဆုံးသတင်းကို သိချင်တယ်ဆိုရင်တော့ ဒီ Google Fast Flip ဟာ အကောင်း ဆုံးပါပဲ၊ ပထမ စာမျက်နှာ ပေါ်မှာပဲ သတင်းဌာနတွေရဲ့စာမျက်နှာ တခုချင်းကို အကျဉ်းချုပ် မြင်ရတယ်၊ မြန်မာပြည်ထဲမှာ အသုံးပြုရတာ ဘယ်လိုနေလဲ မသိပေမယ့် ထိုင်းမှာတော့ အရမ်းမြန်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တွင် အင်တာနက် အသုံးပြုသူများကလည်း Google Fast Flip ကို အသုံးပြုခြင်းဖြင့် အချိန်ကုန် သက်သာကြောင်း၊ သတင်းဌာများမှ သတင်း စာမျက်နှာများကို အကျဉ်းချုပ် မြင်တွေ့ရကြောင်း ပြောသည်။

Fast Flip သည် အသစ်အဆန်းဖြစ်နေခြင်း၊ စာဖတ်သူထက် ထုတ်ဝေသူကို ပိုမို ဦးစားပေးခြင်း၊ ပုံနှိပ် စာနယ်ဇင်း များကို အတုယူထားသည့် အတွက် ခေတ်နောက်ပြန်ဆွဲနေခြင်း စသည့် အားနည်းချက်များ ကြောင့် ဝေဖန်မှု တချို့ ရှိသော်လည်း သတင်းစာမျက်နှာများကို မြင်တွေ့ရခြင်း၊ မြန်ဆန်ခြင်းတို့ကြောင့် အသုံးပြုသူများကို အဆင်ပြေစေကြောင်းလည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်