ရခိုင် လူငယ်များ ဖမ်းဆီးခံရ

E-mail Print
စစ်အစိုးရက အကျဉ်းသားများကို လွှတ်ပေးမှုများ ပြုလုပ်နေသော်လည်း ပြည်ပရှိ အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆက်သွယ်သည် ဟူသော အကြောင်း ပြချက်ဖြင့် ရခိုင်လူငယ်များကို ယခုလအတွင်း ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။    

လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ ရန်ကုန် နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့အပါဝင် မြောက်ဦး၊ ပုဏ္ဏား ကျွန်း၊ မြေပုံမြို့နယ် စသည်တို့မှ ရခိုင် ကျောင်းသားနှင့် လူငယ် (၁၆) ဦးခန့် ကို အဆောင်နှင့်နေအိမ်များတွင် ရန်ကုန်မြို့ရှိ ရဲအထူးတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အထိန်းအသိမ်းခံနေရသည့် ရခိုင်လူငယ်များကို ရန်ကုန်မြို့ရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ ၎င်းဖမ်းဆီးခံရသူများသည် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး(AASYC)နှင့် ပတ် သက်မှုရှိသည်ဟု ကြားသိရကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္ဖရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ် ကျော် က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ကြားတာက AASYC နဲ့ ပတ်သက်တယ်လို့ကြားတယ်”ဟု ၎င်းက ဆိုသည်။

ထို အဖမ်းအဆီး သတင်းကြောင့် စစ်တွေမြို့ရှိ ရခိုင်လူငယ် အများစုသည် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း လည်း ကိုခိုင်မြတ်ကျော်က ပြောသည်။

AASYC အဖွဲ့သည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။ ၎င်းဖမ်းဆီး ခံထားရသည့် ရခိုင်လူငယ်အများစုသည် အသက်၂၅ နှစ် ၀န်းကျင် ရှိ လူငယ်များဖြစ်ကြောင်း သိရသည်။

ယခု ရခိုင်လူငယ်များ အဖမ်းခံရမှု နှင့် ပတ်သက်ပြီး AASYC ရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ မသိရှိရ သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။   

စစ်အစိုးရက ပြီခဲ့သည့် စက်တင်ဘာ ၁၈ရက်နေ့မှ စတင်ပြီးအကျဉ်းသား ၇၁၁၄ ဦးကို လွှတ်မည်ဟု ကြေညာ၍ လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦးသာပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP)က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ပေါင်း ၂၂၃၇ ဦးရှိကြောင်း AAPP ၏ စာရင်း အရ သိရသည်။

စစ်အစိုးရ၏ အကျဉ်းသားများပြန်လွှတ်ခြင်းကို နိုင်ငံတကာက အပြုသဘောဆောင်သည့် လုပ်ဆောင်မှု အဖြစ် ကြိုဆိုကြောင်း၊ သို့သော် မြန်မာပြည်သူအများစုက နိုင်ငံတကာက အာရုံပြောင်းစေရန် လုပ်ဆောင်သော လှည့် ကွက် တခုဖြစ်သည်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးနေချိန်တွင် ပခုက္ကူထောင်၌ ဖမ်းဆီးထိန်းသိမ်း ခြင်းခံ ထားရသော မလှလှဝင်းသည် ယခုလ ၁၉ ရက်နေ့တွင် အစာငတ်ခံဆန္ဒပြခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသမီး အပါအဝင် ၎င်းတို့ကို လိုက်ပါပို့ဆောင်ပေးသူ ပခုက္ကူမှ ကိုစောလင်းနိုင်နှင့် ကိုမြင့်နိုင်တို့ကိုပါ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ဝိပုလရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်သို့ သွားရောက်ခဲ့သောကြောင့် ၎င်းတို့ကို အာဏာပိုင်များက ပခုက္ကူထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကာ ပြည်ပမီဒီယာများနှင့် ဆက်သွယ် သည် ဟု စွဲချက်တင်၍ ရုံးတင်စစ်ဆေးနေကြောင်း ဒေသခံများ အဆိုရသိရသည်။  

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း သံဃာတော် ၇ပါးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ၅ ဦးကို မြင်းခြံမြို့တွင် စစ်အစိုး ရ အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်