စစ်အစိုးရနှင့် ညှိနှိုင်းရန် ထိုင်းဝန်ကြီးချုပ် ပြောကြား

E-mail Print
အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ အနေဖြင့် မြန်မာပြည်အပေါ် တားမြစ်ပိတ်ဆို့ အရေးယူခြင်းထက် စေ့စပ်ညှိနှိုင်း ဆွေးနွေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ယမန်နေ့တွင် ထုတ်ဖော်ပြောကြား လိုက်သည်။

အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်တွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ထိုင်းဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲခြင်း ဖြစ်ကြောင်း အေပီ သတင်းတရပ်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက“သီးခြား ပစ်ပယ် ထားခြင်းထက် တွေ့ဆုံဆွေးနွေးတာက ပိုအကျိုးအမြတ် ရှိမှာပါ၊ တားမြစ်ကန့်သတ်မှုတွေ ပိုလုပ်ရင် အပြောင်းအလဲ ဖြစ်မလားဆိုတဲ့ မေးခွန်းကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂကတို့ အမေးခံရလိမ့်မယ်” ဟုပြောကြောင်း ယင်း သတင်းတွင် ကိုးကားဖော်ပြထားသည်။

မြန်မာပြည် နိုင်ငံရေး အပြောင်းအလဲ၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့အတွက် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်မည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း အဆိုပါသတင်းတွင် ရေးသားထားသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ၏ မတည်မငြိမ်ဖြစ်နေသော နိုင်ငံရေးနှင့် ပတ်သက်၍လည်း ပြောကြား သွားခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ်များက စစ်အစိုးရအပေါ် ပြင်းထန်သည့် တားမြစ် ကန့်သတ် အရေးယူမှုများ ဆောင်ရွက်ရန် ထောက်ခံခဲ့ကြသော်လည်း လက်ရှိသမ္မတသစ် အိုဘားးမား လက်ထက်တွင် မြန်မာပြည်အပေါ်ထားရှိသော အမေရိကန်၏ မူဝါဒကို ပြန်လည် သုံးသပ်လျက်ရှိသည်။

လက်ရှိအချိန်အထိ တစုံတရာသော ရလဒ်ပေါ်ထွက်လာခြင်း မရှိသေးကြောင်း သိရသည်။

အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆောင်ရွက်ရာတွင် ကျောက်မျက် ရတနာများ ပိတ်ပင်သည့် ဥပဒေသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက် သည့် အတွက် ဆန့်ကျင်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ဖူးသည်။

ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် မြန်မာပြည်မှ ကျောက်မျက် ရတနာများကို အဓိက တင်သွင်း ၀ယ်ယူနေသော နိုင်ငံများ ဖြစ်သည်။

ပြင်သစ် တိုတယ်ရေနံကုမ္ပဏီက မြန်မာနိုင်ငံတွင် တူးဖော်နေသည့် ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်း ၏ ဓာတ် ငွေ့ပမာဏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံသို့ တင်သွင်းနေသည်။

ထိုင်းနိုင်ငံသည် မြန်မာ့ စွမ်းအင်ကဏ္ဍ၌ တရုတ်နိုင်ငံ၏ ပိုမိုရင်းနှီးမြုပ်နှံလာမှုအပေါ်တွင် စိုးရိမ်မကင်း ဖြစ်နေပြီး သံလွင် မြစ်ပေါ်တွင် တည်ဆောက်ထားသော ဟတ်ကြီးနှင့် တာဆန်းရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာမည့် စွမ်းအင်များကို ၀ယ်ယူရန် အတွက် ဇူလိုင်လ (Asean + 3) ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်