ရန်ကုန်ရှိ တရားမဝင် စီးပွားရေး လုပ်ငန်းများကို ရဲက ဆက်တိုက်ဖမ်းဆီးနေ

E-mail Print
ရန်ကုန်တိုင်း ရဲမှူးကြီးဝင်းနိုင် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ တရားမဝင် စီးပွားရေး လုပ်ငန်းများဖြစ်သည့် အနှိပ်ခန်း၊ ခိုးကူးခွေ ရောင်းချမှု၊ လောင်းကစားမှုနှင့် ဘောလုံး ပွဲဒိုင်များကို တိုင်း ရဲတပ်ဖွဲ့က ဆက်တိုက်ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လာကြောင်း သတင်းရရှိသည်။

ထိုသို့သော တရားမ၀င်စီးပွားရေးလုပ်ကိုင်သူများထံမှ လာဘ်စားမှုဖြင့် ရဲမှူးကြီးဝင်းနိုင်ကို စက်တင်ဘာ လ လယ်က ရာထူးမှဖယ်ရှားလိုက်ပြီး ၄င်းနေရာတွင် ရဲမှူးကြီးအောင်နိုင်သူ အစားထိုးဝင်ရောက်လာချိန်မှ စတင် ကာ ဖမ်းဆီးမှုများပြုလုပ်လာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရှိရသည်။

ရဲမှူးကြီးဝင်းနိုင် အဖယ်ရှားခံရပြီးနောက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရန်ကုန်မြို့တွင်း ၄ မြို့နယ်မှ အလှပြင်ဆိုင် ဟန်ပြ အနှိပ်ခန်းများကို ရှောင်တခင်ဝင်ရောက် စစ်ဆေး ဖမ်းဆီးမိခဲ့ကြောင်း၊ ထို့အပြင် ခိုးကူးခွေ ကူးယူ ရောင်းချသည့် ပင်ရင်းဌာနကြီးများကိုလည်း ဆက်တိုက်ဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း ယခုအပတ် ဗုဒ္ဓဟူးနေ့ ထုတ် မှုခင်းသတင်းဂျာနယ်က ဖော်ပြထားသည်။

ရန်ကုန်တိုင်းအထူးရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်တွင် လသာမြို့နယ် Yellow Moon အလှပြင်ဆိုင်ရှိ အနှိပ်ခန်းမှ ဆိုင်ပိုင်ရှင်နှင့် အနှိပ်ခန်းတွင်အလုပ်လုပ်နေသော အမျိုးသမီးငယ် ကိုးဦးကို၊ စက်တင်ဘာ ၁၇ ရက်တွင် လမ်းမတော်မြို့နယ်ရှိ လူနေတိုက်ခန်း တခန်းကိုဝင်ရောက်ရှာဖွေရာ အနှိပ်ခန်း လုပ်ကိုင်နေသည် ကို စစ်ဆေးတွေ့ရှိရပြီး ပိုင်ရှင်နှင့်အတူ အမျိုးသမီးငယ် ခုနစ်ဦး၊ စက်တင်ဘာ၁၈ ရက်တွင် မရမ်းကုန်းမြို့ နယ် ဒီဇင်ဘာဗြူတီဆလွန်း အလှပြင်ဆိုင်ကိုစစ်ဆေးရာ အနှိပ်ခန်း လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး ဆိုင် မန်နေဂျာနှင့်အတူ အနှိပ်သမ အမျိုးသမီးငယ် ရှစ်ဦး၊ ၂၂ရက်နေ့တွင် လမ်းမတော်မြို့နယ် စကိုင်းလ်ဝေါ အလှပြင် အနှိပ်ခန်းမှ မန်နေဂျာနှင့် အမျိုးသမီးငယ် ခြောက်ဦး၊ ၂၉ ရက်နေ့တွင် တာမွေမြို့နယ် ဆင်ဒရဲလား ဗြူတီး ဆလွန်း အလှပြင်ဆိုင်ရှိ အနှိပ်ခန်းမှ နေဂျာနှင့် အနှိပ်သမ လေးဦး တို့ကို ဖမ်းဆီး အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

စက်တင်ဘာလအတွင်း၌ပင် မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ခိုးကူးခွေများ ကူးယူရောင်းချသည့် ပင်ရင်းဌာနကြီးနှစ်ခုကို ရန်ကုန်တိုင်းအထူးရဲ တပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့သည်ဟု လည်း မှုခင်းသတင်းဂျာနယ်တွင် ပါရှိသည်။

“အခု စီမံချက်နဲ့ အနှိပ်ခန်း၊ ကာရာအိုကေ၊ လောင်းကစား၊ ပြည့်တန်ဆာ၊ ခိုးကူးတွေ ဖမ်းဖို့ အထက်က ညွှန်ကြားချက်ရှိတယ်”ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ပြောသည်။

ထိုသို့ စီမံချက်ဖြင့် တရားမ၀င် လုပ်ငန်းများဖမ်းဆီးခြင်းကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ ကိုယ်တိုင် ရန်ကုန်မြို့တွင် ရုံးထိုင်ပြီး ကွပ်ကဲမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သတင်းရရှိသည်။

“ရဲချုပ်ခင်ရီက သံဃာလှုပ်ရှားမှုနဲ့ လူထုဆန္ဒပြမှုတွေ ဖြစ်လာရင် နှိမ်နင်းဖိုပနဲ့ ရဲမှူးကြီး ၀င်းနိုင်ပြုတ်သွား တဲ့နောက် နောက်ဆက်တွဲအမှုတွေ ရှင်းဖို့ ရန်ကုန်ရုံးထိုင်ကွပ်ကဲနေရ တဲ့ပုံ ပဲ”ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ နှင့် နီးစပ်သည့် မှုခင်းသတင်းထောက်တဦးက ပြောသည်။

စီမံချက်ဖြင့် တရားမ၀င်လုပ်ငန်းများဖမ်းဆီးမှု ရှိသော်လည်း တရားမ၀င် လုပ်ငန်းလုပ်ကိုင် သူများသည် မြို့နယ်ရဲများနှင့် အချိတ်အဆက်ရှိသည့်အတွက် ယခုအချိန်တွင် ၄င်းတို့လုပ်ငန်းများကို ရပ်ဆိုင်းထားကြ ကြောင်း သိရှိရသည်။

“ရန်ကုန်မှာ အနှိပ်ခန်း၊ ကာရာအိုကေခန်းနဲ့ လောင်းကစားဒိုင် တော်တော်များများ စက်တင်ဘာလ လယ် လောက်ကတည်းက ပိတ်ထားတယ်၊ ဒီလိုပိတ်ထားတာကလည်း သက်ဆိုင်ရာ မြို့နယ်ရဲက ခဏလုပ်ငန်း တွေရပ်ထားဖို့ သတိပေးချက်ကြောင့် ပိတ်ထားတာ လို့သိရတယ်”ဟု တရားမ၀င် လုပ်ငန်းလုပ်ကိုင်သူများ နှင့်နီးစပ်သူ ကားပွဲစား တဦး ကပြောသည်။

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံ ကုန်သည်တဦးကလည်း“ဟိုးအရင်ကတည်းက စီမံချက်၊ စီမံချက် ဆိုပြီး လောင်းကစားဒိုင်တွေဖမ်းလိုက်၊ ပြည့်တန်ဆာ တွေဖမ်းလိုက်နဲ့ လုပ်ခဲ့တယ်၊ ဒါပေမယ့်တရားမ၀င် လုပ်ငန်း တွေက နည်းမသွားတဲ့အပြင် ပိုလို့တောင်များလာတယ်၊ ဒါက  ရဲနဲ့ တပ်အတွင်းမှာ လာဘ်စားမှု၊ တရားမ၀င် လုပ်ငန်း တွေနဲ့ဆက်နွယ်မှုတွေရှိတယ်ဆိုတာကို သက်သေထူတာပဲ”ဟု ပြောဆိုသည်။

ရဲမှူးကြီးဝင်းနိုင်နေရာတွင် အစားဝင်လာသည့် ရဲမှူးကြီးအောင်နိုင်သူသည် ရာထူး စတင် လွှဲပြောင်းယူချိန် ဖြစ်သောကြောင့် နာမည်ကောင်းရစေရန် အဖမ်းအဆီးများ လုပ်ပြခြင်းဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ လာဘ်စားမှုများနှင့် ပတ်သက်လာမည် ဖြစ်ကြောင်း ရန်ကုန်မှုခင်း သတင်းထောက်က ပြောသည်။

“ရဲအရာရှိတွေ နေရာပြောင်း၊ ရာထူးတိုးလို့ရှိရင် အစပိုင်းမှာ အဖမ်းအဆီးတွေလုပ်ပြတယ်၊ နောက်ပိုင်း ကျရင်တော့ အဲဒီရဲအရာရှိတွေလည်း အရင်ရဲတွေလိုပဲ၊ ဒါက ရဲတွေအားလုံးရဲ့ စရိုက်လို့ ပြောလို့ရတယ်”ဟု ၎င်း က ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်