ထိုင်းနိုင်ငံ၏ သဘောထား အပြောင်းအလဲကြောင့် မြန်မာ့အရေးလှုပ်ရှားသူများ စိုးရိမ်

E-mail Print
ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်တချို့၏ နေအိမ်များသို့ ထိုင်းအာဏာပိုင် များက ပြီးခဲ့သည့် အင်္ဂါနေ့က ရုတ်တရက် ၀င်ရောက်ရှာဖွေခဲ့သောကြောင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ စိုးရိမ်နေကြကြောင်း သိရသည်။

“အခုနောက်ပိုင်း အာဆီယံအဖွဲ့မှာပါတဲ့ နိုင်ငံတွေက ပိုမိုညီညွတ်လာတယ်၊ စစ်အစိုးရဖိအားပေးသလို လိုက်လုပ်လာတယ်၊ တော်လှန်ရေးအင်အားစုတွေ သတိထားရမယ်” ဟု KNU အဖွဲ့မှ ဗဟိုအလုပ်မှုဆောင် စောဒေးဗစ်ထောက ပြောသည်။

သို့သော်လည်း အတိုက်အခံအဖွဲ့အစည်းများ အနေဖြင့် မိမိတို့အဖွဲ့အစည်းရှိရာ နေရာများအား ဖော်ပြခြင်း၊ ကြေညာချက်များတွင် ထည့်သွင်းခြင်းများကို ရှောင်ရှားသင့်ကြောင်း၊ ယင်းသို့ဖော်ပြခြင်းကြောင့် စစ်အစိုးရက ထိုင်းအာဏာပိုင်များကို  ထောက်ပြပြောဆိုနိုင်ကြောင်း ၎င်းကဆိုသည်။

ပလောင် ပြည်နယ် အမျိုးသား လွတ်မြောက်ရေးတပ်ဦး အတွင်းရေးမှူး မိုင်အိုက်ဖုန်းက ထိုင်းအစိုးရ၏ ဆောင်ရွက်မှုများသည် ၎င်းတို့နိုင်ငံ၏ လုံခြုံရေးအတွက်ဖြစ်နိုင်ပြီး ယခင်ကလည်း ရှာဖွေမှုများရှိခဲ့ဖူးကာ စစ်အစိုးရကျေနပ်စေရန် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုသည်။

“ပြည်တွင်းလုံခြုံရေး အထူးသဖြင့် နယ်စပ်လုံခြုံရေးကို အလေးထားလုပ်တာဖြစ်မယ်၊ မြန်မာနိုင်ငံရေး မတည်ငြိမ်တော့ သူတို့နိုင်ငံထဲကို ၀င်လာကြမှာကို စိုးရိမ်ပြီး အခုလိုစစ်ဆေးမှုတွေလုပ်တာ” ဟု သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင်လည်း  တောင်ပိုင်းဒေသ မွတ်စလင်ခွဲထွက်ရေး သမားများ၏ လှုပ်ရှားမှု၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထောက်ခံသည့် အနီရောင်ရှပ်အင်္ကျီဝတ်များ၏ လှုပ်ရှားမှုနှင့် မြန်မာနယ်စပ်တလျှောက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ရှိနေသည့်အတွက် မငြိမ်သက်မှုများ ဖြစ်ပေါ်နေသည်။

ထိုင်းအစိုးရအနေဖြင့် နိုင်ငံအတွင်းတွင် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၏ ပွင့်လင်းမြင်သာသည့် လှုပ်ရှားမှုများ ပြုလုပ်နေခြင်းကိုလည်း နှစ်သက်ခြင်းမရှိကြောင်း မိုင်အိုက်ဖုန်းက သုံးသပ်သည်။

“သူတို့နိုင်ငံထဲမှာ သံရုံးရှေ့ဆန္ဒပြတာတွေဘာတွေကို ထိုင်းအာဏာပိုင်က မကြိုက်ဘူး၊ ဒါတွေက စစ်အစိုးရအတွက်ဖိအားပေးနိုင်တဲ့ အချက်တွေပဲ” ဟု ၎င်းကထောက်ပြသည်။

မကြာမီရက်ပိုင်းက ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် စစ်အစိုးရ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် ထိုင်းအစိုးရအားဆန့်ကျင်သည့် အဖွဲ့အစည်းများကို လက်ခံထားခြင်း မရှိကြောင်း ပြောဆိုလိုက်ခြင်းသည် ထိုင်းအစိုးရက မြန်မာ့အတိုက်အခံ အင်အားစုများအား လက်ခံထားခြင်းကို ထောက်ပြလိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်ကြိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း ချင်းမိုင်မြို့ရှိ အတိုက်အခံရုံးများကို ၀င်ရောက် ရှာဖွေခဲ့သေးသည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသည်လည်း ယခုနောက်ပိုင်း မြန်မာအတိုက်အခံများ၏ လှုပ်ရှားမှုများအား ဂရုတစိုက် သတင်းယူခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းများ ပိုမိုပြုလုပ်လာသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာနေသူ ဦးဝင်းမင်းက ဆိုသည်။

အလားတူ တရုတ်နိုင်ငံအခြေစိုက် မြန်မာအတိုက်အခံများကိုလည်း တရုတ်အာဏာပိုင်များက လှုပ်ရှားမှုများ မပြုလုပ်ရန် တားမြစ်မှုများ ရှိသည်ဟု ဒေသခံများထံမှ ကြားသိရသည်။

ယခုကဲ့သို့ ၀င်ရောက်ရှာဖွေမှုများသည် နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေးများကြောင့် ပြုလုပ်ခြင်းဖြစ်နိုင်သော်လည်း ပြည်ပရောက် ဒီမိုကရေစီ အတိုက်အခံအင်အားစုများ အနေဖြင့် တိုင်းပြည်အတွင်း ဒီမိုကရေစီလှုပ်ရှားမှုများကို မြှင့်တင်နိုင်မှုအပေါ်တွင် မူတည်ကြောင်း၊ စည်းလုံးညီညွတ်မှုမရှိဘဲ အားနည်းမှုများဖြစ်ပေါ်လာလျှင် အနာဂတ်ကာလ၌ ရပ်တည်နေထိုင်မှု အခက်အခဲများ ကြုံလာနိုင်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်