မန္တလေးတိုင်းမှ နိုင်ငံရေးသမားများ တရားမဝင်အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံရ

E-mail Print
အာဏာပိုင်တို့က မန္တလေးတိုင်းရှိ နိုင်ငံရေးလှုပ်ရှားသူ ၁၅ ဦးကို ပြည်ပမှ နိုင်ငံရေး အဖွဲ့တဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြီး တရားစွဲဆို ထားကြောင်း ၎င်းတို့၏ ရှေ့နေက ပြောသည်။ 

စက်တင်ဘာလက ဖမ်းဆီးခဲ့သော ၎င်းတို့နှင့် အဆက်အသွယ်ရှိသည်ဟု အာဏာပိုင်တို့ ပြောဆိုသည့် အဖွဲ့မှာ နယ်စပ် ဒေသရှိ  မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) အဖွဲ့ ဖြစ်သည်ဟု ဆိုသည်။

“အခြေခံတာကတော့ FDB နဲ့ ဆက်သွယ်တယ်၊ ထောက်ပံ့ကြေးတွေ ယူတယ် ဆိုတာကို သူတို့က (အာဏာပိုင်တို့က) အခြေခံထားတယ်” ဟု ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးခံရသူများအား တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ ပုံနိုပ်အက် ဥပဒေ၊ ဗီဒီယိုဥပဒေတို့ ကို ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း၊ သို့သော်လည်း အမှုများကို ကြားနာ စစ်ဆေးခြင်း မရှိသေးကြောင်း ရှေ့နေက ဆိုသည်။

FDB အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်ကမူ ထို ၁၅ ဦးသည် ၎င်းတို့နှင့် မပတ်သက်ကြောင်း ငြင်းဆိုလိုက်သည်။ 

“သူတို့ကတော့ လာကောင်း လာနိုင်တယ်၊ ကျနော်တို့ကတော့ မသိတာ သေချာတယ်။ ကျနော်ကတော့ ပြည်တွင်းထဲမှာ အဆက် အသွယ် မရှိဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ တခုခု ဖြစ်တိုင်းမှာတော့ FDB ပြောလိုက်၊ FTUB (မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်) ပြောလိုက် ဒါကတော့ အမြဲတမ်း စွပ်စွဲခံနေရတာပဲ” ဟု ဒေါက်တာ နိုင်အောင်က ဧရာဝတီသို့ ပြောသည်။

မန္တလေးထောင်တွင် ဖမ်းဆီးခံထားရသူများကို သိကျွမ်းခြင်း မရှိသော်လည်း ၎င်းတို့၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဂုဏ်ယူကြောင်း၊ အာဏာပိုင်တို့က စိုးရိမ်သဖြင့် ထောင်ချလိုခြင်း ဖြစ်ကြောင်း FDB အထွေထွေ အတွင်းရေးမှူးချုပ်က ဆိုသည်။ FDB သည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့များကို စုစည်းထားသည့် အင်အားစု တခု ဖြစ်သည်။

ထိန်းသိမ်းခံထားရသူများသည် မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့တို့မှ ဒေသခံများ ဖြစ်သည်။ ၎င်းတို့ကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့က အကြောင်းပြချက် တစုံတရာမရှိဘဲ နေအိမ်များသို့ သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ထိုလူငယ်များသည် မိသားစုဝင်များနှင့် တွေ့ခွင့် မရသေးကြောင်း ရှေ့နေက ပြောသည်။

ထိုလူငယ်များသည် ယခင်က ဒေါ်အောင်ဆန်းစု ကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်း ပွဲများ တွင် တက်တက်ကြွကြွ ပါဝင်ခဲ့ဖူး၍ မြင်းခြံမြို့ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူ သတိပေးခဲ့ဖူးကြောင်း သိရ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်