ရန်ကုန် ပထမဆုံး ကားမောင်းပြိုင်ပွဲ ရက်ရွှေ့

E-mail Print
မြန်မာနိုင်ငံတွင် ယနေ့ကျင်းပရန် စီစဉ်ထားသည့် ပထမဆုံး ပြိုင်ကား မောင်းပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ၂၇ ရက်သို့ ပြောင်းရွှေ့ လိုက်ကြောင်း သတင်းရရှိသည်။

ယင်း ပြိုင်ကား မောင်းပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ အနီးတွင် ဖွင့်လှစ်ထားသော Galaxy ပြိုင်ကားမောင်းကွင်းတွင် ကျင်းပရန်စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီပွဲကို စီစဉ်တဲ့နိုင်ငံခြားသားက လေယာဉ်လက်မှတ်အခက်အခဲကြောင့် ရက်ရွှေ့လိုက်ရတာပါ၊ သူက ထိုင်းနိုင်ငံ မှာ ပြိုင်ကားကွင်း နှစ်ကွင်းဖွင့်ထားတယ်၊ သူ့ အတွေ့အကြုံက အနှစ် ၃၀ လောက်ရှိတယ်”ဟု Galaxy ပြိုင်ကား ကွင်းဖွင့်လှစ်ထားသည့် ဦးတင်မြင့်အောင် ကပြောသည်။

ယခုကျင်းပမည့် ကားမောင်းပြိုင်ပွဲတွင် စာရင်းပေးသွင်းထားသူ ၂၀ ၀န်းကျင်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ပြိုင်ပွဲဝင်လိုသူများမှာ အသက် ၁၈ နှစ်အထက် ယာဉ်မောင်းလိုင်စင်ရရှိထားသူတိုင်း ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ကားကို အဆိုပါကွင်းတွင် ၁၀ မိနစ် သုံးကြိမ်၊ မိနစ်၃၀ကြာ မောင်းနှင်ဖူးသူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ကားမောင်းနှင်ခြင်းကို ၀ါသနာပါသူတဦးက“ပြိုင်ကားကိုတော့ ၀ါသနာပါတယ်၊ ဒါပေမယ့် ဈေးကြီးတယ်၊ ၁၀ မိနစ်ကို ကျပ် ၁၄၀၀၀ ဆိုတော့ မတတ်နိုင်ဘူး၊ သူက လူချမ်းသာအသိုင်းအ၀ိုင်းကို ဦးတည်ဖွင့်တာ”ဟု ပြော သည်။

“အခုဖွင့်ထားတဲ့ပြိုင်ကားကွင်းက ပိုက်ဆံရှိသားသမီးတွေကို ဈေးကွက်ထိုးဖောက်တာပါ၊ နိုင်ငံခြားက ဖော်မြူလာ ၀မ်း ပြိုင်ပွဲလို ဖြစ်လာမှာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံကနေပြီး ပရော်ဖက်ရှင်နယ်တွေထွက်လာဖို့က မလွယ်ပါဘူး” ဟု ပြည်ပနိုင်ငံများတွင်ကျင်းပသော ကားပြိုင်ပွဲများကို ကြည့်ရှု လေ့လာဖူးသူတဦးကလည်း သုံးသပ်သည်။

Galaxy ပြိုင်ကားကွင်း၌ Galaxy Racing Karts Club အသင်းကိုလည်း တည်ထောင်ထားရာ အသင်းဝင်လိုသူ များအတွက် ရာသက်ပန် အသင်းဝင်ကြေး ကျပ် ၁၀သိန်း နှင့် လစဉ်ကြေး ကျပ်၂၀၀၀၀ ၀င်ကြေးပေးရန် သတ် မှတ် ထားကြောင်း၊ လက်ရှိ အချိန်ထိ အသင်းဝင်ရောက်သူနည်းပါးသေးကြောင်း Galaxy ၀န်ထမ်းတဦးက ပြော ဆို သည်။

Galaxy ပြိုင်ကားမောင်းကွင်းကို၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ကွင်းအရှည် မီတာ ၁၂၅၀ ကျော် ရှည်လျားကာ ဧရိယာ ၆.၅ ဧက ကျယ်ဝန်းသည်ဟု ဆိုသည်။

Galaxy Racing Karts Club School ကိုလည်း လာမည့်၂၀၁၀ ခုနှစ် မတ်လ အတွင်း ဖွင့်လှစ်နိုင်ရန်စီစဉ်နေ ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်