ညီညီအောင် လွတ်မြောက်ရေး လွှတ်တော်အမတ် တောင်းဆို

E-mail Print
အမေရိကန် အထက်လွှတ်တော် အမတ်တဦးက အင်းစိန်ထောင်မှ ကိုညီညီအောင် လွတ်မြောက်ရေး အတွက်  ကြားဝင် ဆောင်ရွက်ပေးရန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို တိုက်တွန်းလိုက်သည်။

ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်သည် အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူတဦး ဖြစ်သည်။

“ပြည်ပတွင် အထိန်းသိမ်း ခံနေရသည့် အမေရိကန် နိုင်ငံသားတိုင်း၏ ကျန်းမာရေး၊ လုံခြုံရေး၊ မျှတစွာ ဆက်ဆံမှု ရရှိရေးတို့အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆောင်ရွက်ရမည် ဖြစ်သည်" ဟု  အထက် လွှတ်တော် အမတ် Barbara A. Mikulski က နိုင်ငံခြားရေး ဝန်ကြီးသို့ မကြာသေးမီက ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ညီညီအောင်အပေါ် စစ်အစိုးရ၏ အပြုအမူများကို စိုးရိမ်မိသည်ဟု မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် Mikulski ၏ စာတွင် ရေးထားသည်။ “သူ၏ ရှေ့နေနှင့် အဆက်အသွယ် ရစဉ်က ကိုညီညီအောင်သည် စစ်ကြောရေး ကာလအတွင်း နှိပ်စက်ခံခဲ့ရကြောင်း ထုတ်ဖော် ပြောပြခဲ့သည်” ဟု ဆိုသည်။

ကိုညီညီအောင်အား ထိန်းသိမ်းထားသဖြင့် အပြင်းထန်ဆုံးသော အသုံးအနှုန်းများ အသုံးပြုပြီး ကန့်ကွက်ရန်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက သူ၏ လွတ်မြောက်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်ရန် စာတွင် တိုက်တွန်းထားသည်။

ကိုညီညီအောင်သည် စက်တင်ဘာလက ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းခံခဲ့ခြင်းဖြစ်သည်။ ယခုအခါ အာဏာပိုင်တို့က သူ့ကို လိမ်လည်မှု၊ စာရွက် စာတမ်း အတု ပြုလုပ်မှု၊ နိုင်ငံခြားငွေ တရားမ၀င် လက်ဝယ်ထားရှိမှု တို့ဖြင့် တရားစွဲဆိုထားသည်။ စတင် ဖမ်းဆီးစဉ်ကမူ ရန်ကုန်မှ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်သူအဖြစ် အာဏာပိုင်တို့က ကြေညာခဲ့သည်။

ဤအတောအတွင်း  အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကိုညီညီအောင် ထိန်းသိမ်းခံနေရမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပြောကြားလိုက်သည်။

“သူ့ဆီကို (ရန်ကုန်) ကောင်စစ်ဝန်ရုံးက သွားရောက်ခွင့် ရဖို့အတွက် အလေးထား ဆောင်ရွက်နေပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့တုန်းကတော့ သူ့ဆီကို ကောင်စစ်ဝန်ရုံးက သွားတွေ့ပြီးပါပြီ” ဟု  နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ian Kelly က ပြောသည်။

“ဒီဇင်ဘာ ၁၁ ရက်နေ့မှာ တရားရုံး ရုံးချိန်း ရှိပေမယ့် သူ့ကျန်းမာရေးကြောင့် ရက်ရွှေ့လိုက်ရတယ်လို့ မြန်မာအာဏာပိုင်တွေက ပြောပါတယ်” ဟု သူက ရှင်းပြသည်။

ပြီးခဲ့သည့်အပတ်ကလည်း အထက်လွှတ်တော်အမတ် တဦးဖြစ်သူ Jim Webb က အင်းစိန်ထောင်ရှိ ကိုညီညီအောင်၏ အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ဥပဒေအရ ပြဌာန်းထားသည့် ရပိုင်ခွင့်များကို ကိုကျော်ဇော်လွင် ရရှိရေးအတွက် တောင်းဆိုကြောင်းလည်း  အထက်လွှတ်တော်အမတ် Jim Webb က ပြောကြားလိုက်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်