လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် မကူညီဟုဆို

E-mail Print
မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အမေရိကန် အစိုးရက အကူအညီပေးခြင်း မပြုဘဲ မျက်ကွယ် ပြုလျက် ရှိသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန၊ လူကုန်ကူးမှု တားဆီးရေးဌာန အကြီးအကဲ ရဲမှူးကြီးစစ်အေးက တရားဝင် ဝေဖန် ပြောဆို လိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၊ ဆီဒိုနား ဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျင်းပ ပြုလုပ်သည့် လူကုန်ကူးမှု တားဆီးရေး MTV EXIT ရုပ်/သံ ဇာတ်လမ်း မိတ်ဆက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက် လာသည့် ကုလသမဂ္ဂ အရာရှိများ၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်း များ၏ အကြီးအကဲများနှင့် ၀န်ထမ်းများ၊ ပြည်တွင်း ပြည်ပ သတင်း ထောက်များ၊ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတာဝန်ရှိ ပုဂ္ဂိုလ်များ ရှေ့မှောက်၌ ရဲမှူးကြီးစစ်အေးက ထိုသို့ ဝေဖန်ပြောဆို လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပညာပေး ဇာတ်လမ်းကို အမေရိကန် အစိုးရ၏ အဖွဲ့အစည်းကြီး ဖြစ်သော USAID အဖွဲ့၏ ငွေကြေး ထောက်ပံ့မှုဖြင့် စီစဉ်ထုတ်လုပ် ခဲ့ခြင်း ဖြစ်သည်။ 

စစ်အစိုးရသည် ၁၉၉၇ ခုနှစ်မှစတင်ပြီး လူကုန်ကူးမှုပြဿနာကို အမျိုးသားရေး တာဝန် တရပ်အဖြစ် သတ်မှတ်ပြီး လူကုန်ကူးမှု တားဆီးရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် လျက် ရှိသော်လည်း အမေရိကန်အစိုးရကမူ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို လျစ်လျှူရှုထားကြောင်း ရဲမှူးကြီးစစ်အေးက ပြောဆိုခဲ့သည်။

“အမေရိကန်သံရုံး တာဝန်ခံ လာရီဒင်ဂါရဲ့ ရှေ့မှာပဲ ရဲမှူးကြီး စစ်အေးက အမေရိကန်က မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို အကူအညီမပေးဘဲ လျစ်လျူရှုထားတဲ့အတွက် ၀မ်းနည်းဖို့ ကောင်းတယ်ဆိုပြီး ဝေဖန်သွားတယ်” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သော ရန်ကုန်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်း တခုဖြစ်သော FXB မှ ၀န်ထမ်း တဦးက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ရဲမှူးကြီး စစ်အေးက အမေရိကန်ပြည်ထောင်စု၏ အကူအညီမရရှိသော်လည်း မြန်မာနိုင်ငံသည် လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေး လုပ်ငန်းများကို တတ်နိုင်သလောက် အားသွန်ခွန်စိုက် ကြိုးပမ်းသွားမည်ဟု ဆက်လက် ပြောကြားသွားကြောင်း သိရသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများအတွက် လူကုန်ကူးမှု တားဆီးရေး အထူးရဲတပ်ဖွဲ့ကို ထူထောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၀၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီးရေးဥပဒေကို တရားဝင်ထုတ်ပြန်ခဲ့ကြောင်း၊ယခုအချိန်ထိ လူကုန်ကူးမှုပေါင်း ၄၀၀ ကျော်ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးမှုတရားခံ ၁၁၀၀ ကျော်အရေးယူနိုင်ခဲ့ကြောင်း၊  လူကုန်ကူးမှု ခံခဲ့ရသူ ၁၀၀၀ ကျော်ကို ကယ်တင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံအစိုးရများ၏ ပူးပေါင်းမှုဖြင့် လူကုန်ကူး ခံခဲ့ရသော မြန်မာနိုင်ငံသား ၈၂၀ ကိုပြန်လည် လက်ခံခဲ့သည်ဟု ရဲမှူးကြီးစစ်အေးက ရှင်းပြကြောင်း သိရှိရသည်။

၂၀၀၈ ခုနှစ်တွင် စစ်အစိုးရသည် လူကုန်ကူးမှု တားဆီးရန် အမေရိကန်ဒေါ်လာ ၁.၆ သန်း အ သုံးပြုခဲ့ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့ငွေ ဒေါ်လာ ၁.၄ သန်းရရှိခဲ့မှုပါ ထည့်သွင်း တွက်ချက်လျှင် ၂၀၀၈ ခုနှစ် အတွက် လူကုန်ကူးမှုတားဆီးရန် ဒေါ်လာ ၃ သန်း သုံးစွဲခဲ့သည်ဟု ပြောဆိုခဲ့သည်။

MTV EXIT လူကုန်ကူးမှု အသိပညာပေး ရုပ်/ သံအစီအစဉ်ကို ဘာသာစကား မျိုးစုံဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ထုတ်လွှင့်ပြသရန် အတွက် အဆိုတော် ဖြူဖြူကျော်သိန်းက အစီအစဉ်မှူးအဖြစ် ပါဝင်သရုပ်ဆောင်ကာ မြန်မာ စကားပြောဖြင့် တင်ဆက်မည် ဖြစ်သည်။

အဆိုပါ မှတ်တမ်း ရုပ်ရှင်ကို စစ်အစိုးရပိုင် ရုပ်/ သံ လိုင်းများတွင် မကြာမီ ထုတ်လွှင့်ပြသသွားရန်ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်