နိုင်ငံခြားသားများကို ယခုနှစ် နာဂပွဲသို့ သွားခွင့်မပြု

E-mail Print
မကြာမီ ပြုလုပ်ရန် စီစဉ်လျက် ရှိသည့် နာဂ တိုင်းရင်းသား ရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ နိုင်ငံခြားသား ခရီးသည်များ သွားရောက်ခွင့် ပိတ်ပင် ထားကြောင်း သိရသည်။

နှစ်သစ်ကူးပွဲကို  ဇန်နဝါရီလ ၁၅ ရက်နေ့၌ စစ်ကိုင်းတိုင်း၏ မြောက်ဘက်ဆုံး မြို့ဖြစ်သော နန်းယွန်းတွင် ကျင်းပမည် ဖြစ်သည်။

“ဒီနှစ် နာဂ နှစ်သစ်ကူးပွဲတော် ခရီးစဉ်တွေကို ကျနော်တို့ ဖျက်လိုက်ပါပြီ” ဟု နာဂ နှစ်သစ်ကူး ပွဲတော်သို့ ကမ္ဘာလှည့် ခရီးသည်များ သွားရောက် လည်ပတ်နိုင်ရန် နှစ်စဉ် ဝန်ဆောင်မှု ပေးသည့် ရန်ကုန်မြို့  S.S.T ခရီး သွားလာရေး ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက  ပြောသည်။

ထိုဒေသသို့ နိုင်ငံခြားသားများ သွားရောက်ခွင့် ပိတ်ပင်ထားခြင်းမှာ အာဏာပိုင်တို့၏ လုံခြုံရေး အစီအစဉ် များကြောင့် ဖြစ်သည်ဟု  ရန်ကုန်အခြေစိုက် သံရုံးတခုမှ ဝန်ထမ်းတဦးက ဆိုသည်။

“အကြောင်း အရင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲ ကြောင့်ပဲ။ နိုင်ငံခြားသား တော်တော် များများ ဗီဇာ ခက်တယ်။ နေရာ တော်တော် များများကို သွားခွင့် မပြုဘူး။ နာဂ က အိန္ဒိယနဲ့ နယ်စပ်ဘက် ဆိုတော့ ပိုဆိုးတာပေါ့၊ ခရီးစဉ် လမ်းကြောင်း လုံခြုံမှု မရှိဘူး ဆိုရင် မပေးသွားဘူး” ဟု အဆိုပါ သံရုံးဝန်ထမ်းက ပြောသည်။

အိန္ဒိယမြန်မာနယ်စပ်တွင် လူမျိုးစု လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားလျက်ရှိသည်။

နာဂ တိုင်းရင်းသားများသည် စစ်ကိုင်းတိုင်း၊  ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် နေထိုင်ကြသည်။ထိုဒေသနှင့် နယ်မြေခြင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံဘက်ခြမ်းတွင်လည်း နာဂတိုင်းရင်းသားများကို တွေ့နိုင်သည်။

နာဂတိုင်းရင်းသားများသည် လူမျိုးအားဖြင့် တမျိုးတည်းဖြစ်သော်လည်း နေထိုင်ရာဒေသ၏ ပထ၀ီအနေအထားကို လိုက်၍ ဘာသာစကား နှင့် ဓလေ့ထုံးစံများ  အနည်းငယ်စီ ကွဲပြားခြားနားကြသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ရေးသားထားသည်။

ဒေသအသီးသီးမှ နာဂတိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုမှာလည်း ကွဲပြားမှုရှိကြောင်း တွေ့ရသည်။

ယခင်နှစ်များကလည်း နာဂ ရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်ပြီး ထိုဒေသ နှင့် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများကို စိတ်ဝင်တစား လေ့လာကြသည်။

၂၀၀၁ ခုနှစ်တွင် နာဂနှစ်သစ်ကူးပွဲတော်သို့ သွားရောက်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ၃၆ ဦး ရှိပြီး ၂၀၀၄ ခုနှစ်တွင် ၁၇၆ ဦးရှိသည်ဟု ယခုတပတ်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်