MiG-29 တိုက်လေယာဉ် အစင်း ၂၀ မြန်မာဝယ်

E-mail Print
မြန်မာအစိုးရကို တိုက်လေယာဉ် အစီး ၂၀ ပေးပို့ရန် အတွက် ရုရှားနိုင်ငံက သဘောတူ လိုက်ကြောင်း  ရုရှား သတင်းဌာန တခုဖြစ်သော Kommersant ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတပုဒ်တွင် ရေးသား ထားသည်။

တိုက်လေယာဉ်များမှာ  MiG-29 အမျိုးအစား ဖြစ်ပြီး ဒေါ်လာသန်း ၅၇၀ နီးပါး တန်ဖိုး ရှိကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ် အတွင်းက သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်က ထိုအမျိုးအစား တိုက်လေယာဉ် ၁၂ စီးကိုလည်း ရုရှားက မြန်မာပြည်ကို ပေးပို့ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရုရှား အကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက် နေကြောင်း မြန်မာ စစ်အစိုးရက ထုတ်ဖော် ပြောဆိုသည်။

ရုရှားနိုင်ငံမှ United Aircraft Corporation ကုမ္ပဏီက မြန်မာနိုင်ငံသို့ An-148 အမျိုးအစား ခရီးသည်တင် လေယာဉ်များ ပေးမည်ဟုလည်း ယခု လဆန်းပိုင်းက ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ် မေလက မြန်မာနိုင်ငံတွင် နျူကလီးယား လေ့လာရေး ဌာနနှင့် ၁၀ မီဂါဝပ် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရန် သဘောတူလိုက်ကြောင်း ရုရှားအနုမြူစွမ်းအင် အေဂျင်စီက ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် လက်နက်များကို ရုရှား အပါအဝင် အိန္ဒိယ၊ တရုတ်၊ အစ္စရေး၊ ယူကရိန်း၊ မြောက်ကိုရီးယား စသည့် နိုင်ငံတို့မှလည်း ဝယ်ယူသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်