အဖွဲ့ချုပ် ဗဟိုကော်မတီ အဖွဲ့ဝင် တိုးချဲ့

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဗဟို အလုပ် အမှုဆောင် ကော်မတီ (CEC) အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံ တိုးချဲ့သည့် ကြေညာချက်ကို ယနေ့ ထုတ်ပြန် လိုက်သည်။

CEC အဖွဲ့ဝင်သစ်များမှာ ဒေါက်တာ သန်းငြိမ်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဝင်းနိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းညွန့်၊ ဒေါက်တာမေ၀င်းမြင့် တို့ဖြစ်ကြောင်း သိရသည်။ ၁၉၉၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံ အမတ်များ ဖြစ်ကြသည်။

CEC အဖွဲ့ဝင်သစ် တဦးဖြစ်လာသူ ဦးဉာဏ်ဝင်းက“အင်အားပိုပြီးတော့ ရှိလာမယ်ပေါ့ဗျာ၊ ညီညီညွှတ်ညွှတ်နဲ့ အင်အားရှိရှိ ပါတီကို ဦးဆောင်နိုင်မယ်လို့ ထင်တယ်၊ CEC အဖွဲ့ဝင်ဖြစ်လာတာ ပိုပြီး တာဝန်ကြီး လာတယ်လို့ ခံယူပါတယ်”ဟုပြောသည်။

တပြည်လုံး အတိုင်းအတာဖြင့် ပါတီ ညီလာခံ မခေါ်ယူနိုင်သည့် အကြောင်းအရင်း အများအပြားရှိကြောင်း၊ ညီလာခံခေါ်ယူသင့် သည်ဟု ယူဆသူများရှိသော်လည်း လုပ်ခွင့်ရမရ မသေချာကြောင်း၊ ယင်းအခြေအနေတွင် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ် ကြာင်း၊ ပြစ်တင် ဝေဖန်မှုများကိုလည်း မျှော်လင့်ထားကြောင်း ၎င်းက ဆက်ပြောသည်။။

အဖွဲ့ဝင်သစ်များသည် CEC၏ လက်ရှိ လုပ်ငန်းများကို ကူညီလုပ်ဆောင်နေသူများ ဖြစ်ပြီး အသက်အရွယ်အားဖြင့် ၆၀၊ ၇၀ ကျော် ရှိကြောင်း သိရသည်။

NLD ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က“ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ ၀င်မပါဖို့ ရွေးချယ်ခဲ့မယ်ဆိုရင်တောင် ရွေးကောက်ပွဲ အကြိုနဲ့ အပြီး ကာလအတွက် ပြင်ဆင်ဖို့ လိုပါတယ်၊ တိုင်းပြည်ရဲ့ ပြဿနာနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်တဲ့ နေရာမှာ NLDရဲ့CEC အဖွဲ့ဝင် အသစ် တွေကြောင့် ပိုပြီးတော့ လှုပ်ရှား တက်ကြွလာပါလိမ့်မယ်” ဟု ပြောသည်။

NLD လူငယ်တချို့၏ အဆိုအရ CEC အဖွဲ့ဝင်သစ်များကို ရွေးချယ်ရာတွင် ဦးအောင်ရွှေက အဓိက နေရာမှ ပါဝင်ခဲ့သည်ဟု ဆိုသည်။

အသက် အရွယ်ကြီးရင့်သူများကို နုတ်ထွက်စေခြင်း မရှိဘဲ CECကို အဖွဲ့ဝင်သစ်များဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

လူငယ်များဖြင့် တိုးချဲ့ဖွဲ့စည်းရန် မျှော်လင့်နေသော ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယခု အဖွဲ့ဝင်သစ်များ ရွေးချယ်ခြင်းနှင့် ပတ်သက်၍  စိတ်ပျက်လျက် ရှိကြသည်။

“ပါတီ CEC ပြန်လည်ဖွဲ့စည်းရာမှာ ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို ရွေးချယ်ဖို့ မျှော်လင့်ထားတယ်၊ ဒါပေမယ့် ခုချိန်မှာ ဖြစ်မလာသေးဘူး၊ ၂၀၁၀က မြန်မာနိုင်ငံသား အားလုံးအတွက် အရေးကြီးသလို အတိုက်အခံပါတီ ဖြစ်တဲ့ NLDက ပိုပြီးတော့ တာဝန်ရှိပါတယ်၊ NLD အနေနဲ့ တက်တက်ကြွကြွ လုပ်ဆောင်ဖို့ အချိန်ကျပါပြီ” ဟု တိုင်းရင်းသား ခေါင်းဆောင် တဦးက ဆိုသည်။

ယခင်က CECအဖွဲ့ဝင် ၁၁ ဦးရှိခဲ့ရာမှ ယခု ထပ်မံ တိုးချဲ့ဖွဲ့စည်း လိုက်သဖြင့် အဖွဲ့ဝင် ၂၀ ဖြစ်သွားသည်။

ပြီးခဲ့သော ဒီဇင်ဘာလက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့သည် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် CEC ကို ပြန်လည် ဖွဲ့စည်းရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

၂၁ နှစ်အတွင်း NLD ပါတီ အနေဖြင့် စစ်အစိုးရ၏ ဖိနှိပ်မှုကြောင့် မျိုးဆက်ပြတ်တောက်ရသည့် ပြဿနာကို ကြုံတွေ့ခဲ့ရသည်။ ယခင်CEC အဖွဲ့ဝင် ၆ ဦးမှာ ကျန်းမာရေး ချွတ်ယွင်းလျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်