ပို့ကုန် ၀င်ငွေနှင့် FEC ဈေး ဆက်လက် မြင့်တက်နေ

E-mail Print
ပြည်ပ ပို့ကုန်လုပ်ငန်း စီးပွားရေး လုပ်ငန်းရှင်များကို ကုန်ပစ္စည်း တချို့ တင်သွင်းခွင့် ပြုခဲ့သည့် အတွက် ပို့ကုန်ဝင်ငွေ (Export Earning) အပြင် လောင်စာဆီ ဈေးနှုန်း မငြိမ်သက်သည့် အတွက် အက်ဖ်အီးစီ (FEC) ဈေးလည်း မြှင့်တက် သွားကြောင်း သိရသည်။

တင်သွင်းခွင့် ပြုသည့် ကုန်ပစ္စည်းများမှာ ဒီဇယ်၊ ဆိုင်ကယ်၊ ကားနှင့် စက်ယန္တရားများ ဖြစ်သည်ဟု အစိုးရက ယခုလဆန်းတွင် ကြေညာ ထားသည်။

၎င်း ကုန်ပစ္စည်းများ ပိုမို တင်သွင်းလိုသော လုပ်ငန်းရှင်များက ပို့ကုန်ဝင်ငွေ ငွေကြေးများကို ၀ယ်ယူ နေကြသည့် အတွက် ငွေကြေး ဈေးကွက်တွင် ဈေးနှုန်းများ မြှင့်တက် သွားခဲ့ခြင်း ဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

“ဆိုင်ကယ်တွေ၊ ကားတွေကို သွင်းခွင့် ပေးမယ်ဆိုတော့ Earning ဈေးတွေက အကုန် မြင့်ကုန်တယ်၊ ဆန်တင်ပို့မယ့် လူတွေလည်း ဈေးမြှင့် ၀ယ်နေရတယ်”ဟု ၎င်းကပြောသည်။

ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းလိုသည့် သွင်းကုန်လုပ်ငန်းရှင်များသည် စစ်အစိုးရ၏  (Export First) စနစ် အရ ပထမဦးစွာ  ပြည်ပသို့ ကုန်ပစ္စည်းများအား တင်ပို့ရောင်းချ၍ နိုင်ငံခြားငွေရှာဖွေရကြောင်း၊ ရရှိသည့်နိုင်ငံခြားငွေများအား မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်နှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် စာရင်းသို့ လွှဲပြောင်းရပြီး အခွန်အခများပေးဆောင် ရ ကြောင်း အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။  

ထိုသို့ အခွန်အခများပေးဆောင်ပြီးသော တရားဝင် ပို့ကုန် ၀င်ငွေ(Export Earning) ဖြင့် အစိုးရ ခွင့်ပြုထားသည့် ကုန်ပစ္စည်းများ ကို ပြည်ပမှ တင်သွင်းရခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

အစိုးရက ပြည်ပပို့ရန် ခွင့်ပြုသည့် ကုန်ပစ္စည်းများမှာ ပဲမျိုးစုံနှင့် ရေထွက်ပစ္စည်းများဖြစ်သောကြောင့် သွင်းကုန်လုပ်ငန်းလုပ်ကိုင် လိုသူများသည် ပဲမျိုးစုံကိုသာ ပြည်ပသို့တင်ပို့သည့်အတွက် ပြည်တွင်းတွင် ပဲဈေးနှုန်းများမြင့်တက်နေကြောင်း၊ မြန်မာငွေကြေး စနစ်သည် နိုင်ငံခြားငွေကြေးဖြင့် တိုက်ရိုက်ဖလှယ်၍ မရသောကြောင့် ပြည်ပမှ ကုန်ပစ္စည်းများ ၀ယ်ယူမည်ဆိုပါက ငွေပေးချေ ရန်အတွက် တန်ဖိုးညီမျှသည့် ကြားခံ ကုန်ပစ္စည်းတင်ပို့၍ ဖလှယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အီလက်ထရွန်နစ် ပစ္စည်းများ တင်သွင်းနေသည့် ဆိုနီ ကဲ့သို့သော ကုမ္ပဏီမျိုးပင် ပြည်တွင်း၌ ပဲခွဲစက်၊ ကုန်လှောင်ရုံများထားရ၍ လုပ်ကိုင်နေရကြောင်း၊ ဆန်တင်ပို့မှုကို အစိုးရက ကန့်သတ်ထားသောကြောင့် ပဲလုပ်ငန်းမှ ရရှိသည့် Earning သည် ဆန်လုပ်ငန်း ထက် ပိုမိုများပြားကြောင်း ပြည်တွင်း စီးပွားရေးပညာရှင် တဦးကပြောသည်။

ယင်း Earning အား မည်သူတဦးတယောက်ကိုမျှ ရောင်းချခွင့်မရှိသော်လည်း သွင်းကုန်ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်သူများ အချင်းချင်း ဘဏ်စာရင်းတခုမှ တခုလွှဲပြောင်း၍ ရောင်းဝယ်မှု ပြုလုပ်နေကြကြောင်း၊ အမေရိကန် ဒေါ်လာအပြင် နိုင်ငံခြား ငွေမာ များဖြစ်သော ဥရောပ သုံး ယူရို ငွေနှင့် ဂျပန်နိုင်ငံသုံး ယန်း ငွေတို့ကိုလည်း Earning အဖြစ်အသုံးပြုကြောင်း သိရသည်။

အဆိုပါ Earning ငွေကြေးမှာ သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်တိုင်း လိုအပ်သည့် တရားဝင်ငွေကြေး ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ က Earning မှာ တဒေါ်လာ ၁၀၇၀ ကျပ်ဈေး ရှိသော်လည်း၊ စစ်အစိုးရ၏ သွင်းကုန်ထုတ်ကုန်ကြေညာချက် ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းမြင့်တက်ခဲ့ရာ ယနေ့ပေါက်ဈေး ၁၁၃၅ ကျပ်ဈေး ရှိကြောင်း သိရသည်။

ကုန်ပစ္စည်းတင်သွင်းခွင့်ကို ဆိပ်ကမ်းများမှသာမက နယ်စပ်ဒေသကုန်သွယ်ရေးစခန်းများမှပါ တင်သွင်းခွင့်ပြုသည့် အတွက် လုပ်ငန်းရှင်များအကြားတွင် ပိုမိုစိတ်ဝင်စားလာပြီး တင်သွင်းလိုသူ အများအပြားရှိလာကြောင်း၊ သို့သော် သွင်းကုန် ထုတ်ကုန် လိုင်စင်မရှိသူများက လိုင်စင်ရထားသည့် လုပ်ငန်းရှင်များထံမှ Earning ကိုဈေးမြှင့်၍ ၀ယ်ယူနေရကြောင်း မြန်မာနိုင်ငံ ငါး လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ လုပ်ငန်းရှင် တဦးကပြောသည်။

“အခုချိန်မှာ Earning ငွေကို ရောင်းသူနည်းတယ်၊ ၀ယ်တဲ့သူက အရမ်းများတယ်၊ရောင်းသူမရှိရင် ဈေးထပ်တက်နိုင်တယ်”ဟု ၎င်း ကဆိုသည်။

လောင်စာဆီဈေးမှာ ယခုရက်ပိုင်း မြင့်တက်နေသည့်အတွက် လုပ်ငန်းရှင်အများစုမှာ ဒီဇယ်ဆီကိုသာ တင်သွင်းမည် ဖြစ်ကြောင်း၊ Earning ဒေါ်လာဈေးမှာ တဒေါ်လာ လျှင် ၁၂၀၀ ကျပ် အထိ ဈေးတက်နိုင်သေးကြောင်း အဆိုပါ လုပ်ငန်းရှင်က ခန့်မှန်းသည်။

ပြည်တွင်းရှိ နိုင်ငံခြား ငွေကြေးဈေးကွက်တွင် ယခုလအတွင်း အမေရိကန်ဒေါ်လာဈေးထက် အက်ဖ်အီးစီ(FEC) ဈေးနှုန်းက  ပိုမိုမြင့်တက်နေကြောင်းသိရသည်။

FEC ဖြင့် ရောင်းချသည့် အစိုးရ လောင်စာဆီဆိုင်များတွင် ပြင်ပဈေးကွက်ထက် ဒီဇယ်ဆီ ဈေးနိမ့်နေသည့်အတွက် ၎င်းဒီဇယ်ဆီ ကို ၀ယ်ယူရန် FEC အများအပြားဝယ်ယူနေသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်း ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင်တဦးကပြောသည်။

“အစိုးရဆိုင်မှာဝယ်တာကို မြန်မာ ကျပ်ငွေနဲ့တွက်ရင် ဒီဇယ် တဂါလန် ၃၂၅၅ ကျပ် ပဲကျတယ်၊ အပြင်ထက်သက်သာတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ပြင်ပဈေးကွက်တွင် ဒီဇယ်တဂါလန် ပေါက်ဈေးမှာ ၃၄၀၀ ကျပ်ခန့်ရှိပြီး အစိုးရဆီဆိုင်တွင် တဂါလန် FEC  ၃.၁ ယူနစ် ရှိ ကြောင်း သိရသည်။

FECဆိုသည်မှာ နိုင်ငံခြားငွေကြေးနှင့် လဲလှယ်ရာတွင် အသုံးပြုရန်အတွက် စစ်အစိုးရက ထုတ်လုပ်ထားသည့် နိုင်ငံခြားငွေ လက်မှတ်သာဖြစ်ပြီး ယခုအခါတွင် ဖုန်းကတ်များ ၀ယ်ယူခြင်း၊ ဖုန်းအခွန်များ ဆောင်ခြင်းနှင့် လေယာဉ်လက်မှတ်များ ၀ယ်ယူရာ တွင် သုံးစွဲရန် သတ်မှတ်ထားသည်။ FEC ကို ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်း အနီးတ၀ိုက်တွင် တရားဝင်ရောင်းချကြောင်း အသုံးပြုသူများက ဆိုသည်။ ကြားတယ်၊

ရန်ကုန် အခြေစိုက် သတင်းထောက်များ ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်