ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့ ၂၀၁၀ ခုနှစ်တွင် ပထမဆုံး အကြိမ် အဖြစ် ယနေ့တွေ့ဆုံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။

dawsuuနေ့လယ် ၁ နာရီမှ ၁နာရီ ၃၀ မိနစ်အထိ မိနစ် ၃၀ ကြာ အစိုးရဧည့်ဂေဟာတွင် တွေ့ဆုံကြကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။

“တွေ့တယ်၊ အသေးစိတ်ကိုတော့မသိရသေးဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တွေ့တဲ့ ကိစ္စကို ၂ဦး ၂ဘက် သဘောတူညီချက် မရှိဘဲ မထုတ်ပြန်ဖို့ သဘောတူထားတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့သည် ၂၀၀၇ အောက်တိုဘာ ၂၅ ရက်နေ့က စတင် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် ၉ ကြိမ်ရှိပြီဖြစ်သည်။

အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့အကြား ဆက်သွယ် ရေး အတွက် ဆက်ဆံရေး ၀န်ကြီးအဖြစ် ၂၀၀ရ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်ရန် ယင်း ဆက်ဆံရေးဝန်ကြီးကို ခန့်အပ်ခြင်းဖြစ်သည်ဟု စစ်အစိုး ရကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ အမေရိကန်နှင့် အနောက်နိုင်ငံများက ပြုလုပ်ထားသော အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက် လိုကြောင်း စာတစောင် ပေးပို့ပြီးနောက်ပိုင်း ယင်းစာနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ကြိမ်တွေ့ဆုံခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာတွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။ သို့သော် လွန်ခဲ့သည့် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခဲ့သည်။

ယင်း အမှုတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ် ခွဲကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်