ရွေးကောက်ပွဲ အောင်နိုင်ရေး နိုင်ငံခြား အခါပေးများ စစ်အစိုးရခေါ်ယူ

E-mail Print
စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် နိုင်ငံခြားမှ အတိုင်ပင်ခံ အခါပေး နက္ခတ္တဝေဒ ပညာရှင်များကို မြန်မာနိုင်ငံသို့ ခေါ်ယူထားကြောင်း ဝေဒပညာရှင်များ အသိုင်းအ၀ိုင်းတွင် ပြောဆို နေကြသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အကြံကောင်းများ ရရှိရန်၊ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် နေ့ရက် တို့ကို အခါပေးရန်၊  ရွေးကောက်ပွဲကို ငြိမ်ဝပ် ပိပြားစွာ ထိန်းသိမ်းနိုင်ပြီး ရလဒ်ကောင်းများနှင့် အဆုံးသတ်နိုင်ရန်တို့ အတွက် ထိုင်းနိုင်ငံမှ နာမည်ကြီး ဝေဒပညာရှင် တဦး၏ အကူအညီဖြင့် ထိုင်းနှင့် စင်္ကာပူနိုင်ငံ တို့မှ ဝေဒပညာရှင် တဦးစီကို ခေါ်ယူ ထားကြောင်း စစ်အစိုးရနှင့် နီးစပ်သော ၀ါရင့် ဝေဒပညာရှင်ကြီး တဦးက ပြောသည်။

“၂၀၀၉ နှစ်ကုန်ပိုင်း လောက်က တယောက် လာသွားသေးတယ်၊ ဒေါ်လာတွေ အများကြီး ပေးပြီးခေါ်ထားတာလို့ ပြောတယ်၊ နေကြတ်တာနဲ့ ပတ်သက်ပြီး တွက်ချက်ဖို့ ဒီလထဲမှာ တယောက် လာဦးမယ်လို့ ကြားတယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရ အနေဖြင့် လူမှုရေး၊ ကျန်းမာရေး အပြင် အုပ်ချုပ်ရေး အပိုင်းများတွင် အောင်မြင် အသာစီး ရရှိစေရန် အတွက် ဝေဒပညာရပ်ကို အသုံးချလေ့ ရှိကြောင်း သိရသည်။

“ဒီဗေဒင် ဆရာတွေက နာမည် အရမ်းကြီးတယ်တဲ့၊ သူတို့ကို စက်တင်ဘာ အရေးခင်းမှာ ထဲက ခေါ်သုံးတာတဲ့၊ ဗေဒင်ဆရာ ခိုင်းတဲ့ အတိုင်း တိုင်းပြည်ကို အုပ်ချုပ်နေတယ် လို့တောင် ဆိုလို့ရတယ်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့လည်း ဗေဒင်ဆရာ အခါပေးတဲ့ အတိုင်း စီစဉ်ဆောင်ရွက် နေတယ်”ဟု အထက်ပါ ၀ါရင့်ဝေဒ ပညာရှင်ကြီးက ပြောသည်။

အဆိုပါ နိုင်ငံခြား သားဝေဒ ပညာရှင်များကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်က တွေ့ဆုံ၍ စီစဉ်ဆောင်ရွက်ရန် ညွှန်ကြားမှုများ ရှိသည်ဟု ကြားသိရ ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာလူမျိးများသည် နေကြတ်မှု၊ လကြတ်မှု အတိတ် နိမိတ်များကို ယုံကြည်သူများ ဖြစ်သည့် အတွက် နေကြတ်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ အပြောင်းအလဲ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြသည်။

“နေကြတ်ထားတဲ့ အတွက် ဒီနှစ်ထဲမှာ ၅ လပိုင်းကျော်မှ ကောင်းမှာ၊ ဒါကြောင့် ရွေးကောက်ပွဲ လုပ်မယ်ဆိုလည်း အဲဒီ နောက်ပိုင်းမှာ လုပ်ဖို့ အခါပေးထား ကြတယ်”ဟု မြန်မာနိုင်ငံ နက္ခတ္တဝေဒ ပညာရှင် အသင်းမှ ဆရာကျော့က ဆိုသည်။

နေကြတ်မှုကြောင့် ကြုံတွေ့နိုင်သော ရလဒ်ဆိုးများ အတွက်နှင့် စစ်အစိုးရ ခေါင်းဆောင် ကျန်းမာရေး အခြေအနေများ အတွက် ဇန်န၀ါရီလ နောက်ဆုံး ပတ်တွင် စင်ကာပူနိုင်ငံမှ ဝေဒပညာရှင် တဦးရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ခုနစ်သည် အတိုက် အခိုက်များခြင်း၊ ယှဉ်ပြိုင်မှု များခြင်းနှင့် အပြောင်း အလဲများ အကောင်း အဆိုးများကို ကြုံတွေ့ရမည့်နှစ် ဖြစ်သောကြောင့် စစ်အစိုးရ ခေါင်းဆောင်များ အနေဖြင့် ဝေဒဆရာများကို ဒေါ်လာငွေများစွာ အကုန် အကျခံကာ ရွေးကောက်ပွဲ အတွက် ခေါ်ယူထားခြင်း ဖြစ်ကြောင်းလည်း ဆရာကျော့က ပြောသည်။

“ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ဖို့ ကလည်း ဗေဒင်တွေ နက္ခတ် တွေနဲ့ တွက်နေတယ် ကြားတာပဲ၊ သူတို့က ဘယ်လို နည်းနဲ့ပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲကို လုပ်မှာပဲ၊ စက်တင်ဘာ သံဃာအရေးခင်း တုန်းကလဲ ယကြာတွေ ချေတယ်လေ၊ ကတော်တွေက ဗေဒင်ယုံတော့ စစ်အစိုးရ ခေါင်းဆောင် တွေကပါ လိုက်လုပ်ရတာပေါ့”ဟု အစိုးရ အသိုင်း အ၀ိုင်းနှင့် နီးစပ်သူတဦးက ဆိုသည်။

စစ်အစိုးရ အနေဖြင့် ၂၀၀၇ ခုနှစ် သံဃာအရေးခင်း၊၂၀၀၈ ခုနှစ် ဓနုတ်စေတီ ပြိုကျသော နိမိတ်များ စသော အခြေ အနေများနှင့် ပတ်သက်ပြီး အဆိုပါ နိုင်ငံခြားသား ဝေဒဆရာများကို ခေါ်ယူ တိုင်ပင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်