မြန်မာ ၉ ဦးကို သတ်ဖြတ်သည်ဟု ယူဆရသူ ထိုင်းရဲအရာရှိ သေကြောင်းကြံ

E-mail Print
သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာပြည်သား ၉ ဦး အမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ထိုင်း ရဲအရာရှိတဦး ကိုယ့် ကိုယ်ကိုယ် သတ်သေ သွားကြောင်း ယမန်နေ့က မဲဆောက်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတခုတွင် ထိုင်းရဲတပ်ဖွဲ့ အမှတ် ၆ တိုင်းမှူး Surasi Sunthornsarathoon က ပြောသည်။

အမှုမှန် ပေါ်ပေါက်ခဲ့သည့် စနေနေ့က သေကြောင်း ကြံစည်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

လူသတ်မှုတွင် သံသယရှိသူ ၆ ဦး ရှိသည့်အနက် သေကြောင်းကြံစည်သွားသူ ရဲအရာရှိ Somchai Pinkaewသည် အဓိက တာဝန်ရှိသူဖြစ်ပြီး ကျန် ၅ ဦးမှာ ကူမင်တန် စစ်သားဟောင်း မြန်မာနိုင်ငံသား တဦးနှင့် မုံလူမျိုး ၄ ဦးတို့ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ ထို ၅ ဦးသည် မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်သွားသည်ဟု ရဲတိုင်းမှူးက ပြောသည်။   

ဖုတ်ဖရမြို့တွင် သေဆုံးသူများသည် ကရင်ပြည်နယ် ဘားအံမြို့နယ်မှ လာရောက်သည့် ကရင် တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို ငွေကြေးတောင်းခံစဉ် ထွက်ပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း Manager Online အင်တာနက်သတင်း တပုဒ်တွင် ထိုင်းဘာသာဖြင့် ရေးသားဖော်ပြထားသည်။ 

ရုပ်အလောင်း ၇ လောင်းသာ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် ၂ လောင်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့နှင့် ဖုတ်ဖရမြို့အကြား လမ်းတလျှောက် လွန်ခဲ့သည့် အပတ် ကြာသပတေးနေ့က စတင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုတ်ဖရ မြို့သည် မြန်မာ ပြည်သားများ ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ လျှို့ဝှက် သွားရောက်သည့် လမ်းကြောင်း တခုပေါ်တွင် တည်ရှိသည်။

၂၀၀၃ ခုနှစ် အတွင်းကလည်း ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေသူ မြန်မာပြည်သားများကို မဲဆောက်မြို့ မယ်ပရွာ အနီးရှိ လက်နက်ကိုင် ထိုင်းလူမျိုးများက  ဖမ်းဆီးပြီး ငွေတောင်းရာမှ နှစ်ဘက် ပဋိပက္ခဖြစ်ပြီး မြန်မာပြည်သား ၆ ဦး သတ်ဖြတ် မီးရှို့ခံရသည်။ 

ထိုအမှုကြောင့် သံသယဖြစ်ဖွယ် ကျေးရွာအာဏာပိုင်များ ဖမ်းဆီးခံရသည်။ မဲဆောက်မြို့နယ် တရားရုံးက ထိုအမှုကို စစ်ဆေးရာတွင် ရွာသူကြီး အပါအ၀င် ကျေးရွာ အာဏာပိုင်တချို့တို့ကို ပြစ်မှု ထင်ရှားသည့်အတွက် သေဒဏ် စီရင်ချက် ချမှတ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်