သီချင်း တရားမ၀င်သုံးစွဲသော ထီဆိုင်လျော်ကြေးပေးရ

E-mail Print
တေးရေးဆရာ စောခူဆဲလ် ရေးသားထားသည့် “စည်းလုံးခြင်း အတွက် သီချင်းတပုဒ်” ဟူသော တေးသီချင်း သံစဉ်ကို ရတနာ သိန်းထိုက်အောင် ထီဆိုင်မှ ထီဆိုင်ကြော်ငြာ သီချင်းအဖြစ် ယူသုံးထားသည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးနှင့် တေးရေး စောခူဆဲလ်တို့က အဆိုပါ ထီဆိုင်အား တောင်းပန်စာနှင့် အတူ တေးသီချင်းကို တပတ်အတွင်း ပြန်လည် ရုတ်သိမ်းပေးရန် ပြောကြား လိုက်သည်ဟု စောခူဆဲလ်ကဆိုသည်။

၎င်းသီချင်း သံစဉ်ကိစ္စနှင့် ပတ်သက်၍ ရတနာသိန်းထိုက်အောင်ထီဆိုင်မှ တေးရေးစောခူဆဲလ်အပါအ၀င် အဆိုပါသီချင်းနှင့် သက်ဆိုင်သူတို့ အား ၇ လ ယူသုံးစွဲထားခြင်းအပေါ် အနုပညာကြေးအဖြစ် ၅ သိန်းပေးဆောင်လိုက်ရသည်ဟုလည်း ဂီတအသိုင်းအ၀ိုင်းမှ ကြားသိ ရသည်။

“ထီဆိုင်တာဝန်ခံကို ဂီတအစည်းအရုံးကတဆင့်ခေါ်ပြီး မြန်မာ့အလင်း၊ ကြေးမုံ၊ ၀ီးကလီးအလဲဗင်း၊ လျှပ်တပြက်၊ ဆဲဗင်းဒေးနယူးစ် မှာ တပတ်အတွင်းကို တောင်းပန်စာနဲ့ သီချင်းကိုထပ်မဖွင့်တော့ပါဘူးဆိုတာ ဖော်ပြခိုင်းထားတယ်။တချို့ရွာတွေဘက်ဆိုရင်  ချက် ချင်းသိမ်းခိုင်းလို့မရနိုင်တော့ တလအတွင်းသိမ်းပေးပါမယ်လို့ သူတို့ကပြောတယ်" ဟု တေးရေး စောခူဆဲလ်ကဧရာဝတီကိုပြော သည်။

စည်းလုံးခြင်းအတွက် သီချင်းတပုဒ်သီချင်း သံစဉ်ကို အသုံးပြုရေးသားထားသည့် ထီဆိုင်ကြော်ငြာသီချင်းမှာ လွန်ခဲ့သည့် ၇ လခန့် က တည်းက ရန်ကုန်မြို့တွင်းမြို့လယ်ခေါင်အပါအ၀င် နယ်မြို့များရှိ ထီဆိုင်၊ ထီကား၊ ထီလှည်းများတွင်ပါ ဖွင့်လှစ်အသုံးပြုနေခြင်း ဖြစ်ကြောင်းသိရသည်။

“ကျနော့်အပေါင်းအသင်းတွေပြန်ပြောမှသိရတယ်။ အဲ့ဒါနဲ့ လူကြီးတွေလည်းသိအောင် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဂီတအစည်းအရုံး ကို စာပို့ပြီး ဒီကိစ္စဖြေရှင်းပေးဖို့ပြောရပါတယ်" ဟု သီချင်းပိုင်ရှင် စောခူဆဲလ်က ဆက်ပြောသည်။

အဆိုပါတေးသီချင်း၏ သံစဉ်တခုလုံးအပြင်၊ စာသားတွင်ပါဝင်သော ပြည်နယ်၊ တောင်တန်း အလှအပ စာသားအနည်းငယ်ကိုပါ ၎င်းတို့၏ ထီနှင့်ပတ်သက်သည့်စာသားများနှင့်အတူ ရောစပ်ရေးသားထားကြောင်းသိရသည်။

“သူတို့ထီဆိုင်မှာရှိတဲ့ နည်းနည်းလက်စလက်နရှိတဲ့ကလေးကို ရေးခိုင်းပြီး မန္တလေးဘက်မှာသွင်းထားတယ်လို့ပြောတယ်။ သူတို့ မသိလို့လုပ်လိုက်တာပါပေါ့။ တကယ်တမ်းဘာမှမသိစရာအကြောင်းမရှိပါဘူး" ဟု တေးရေးစောခူဆဲလ်က ဆိုသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ရတနာသိန်းထိုက်အောင်ထီဆိုင်အား ဆက်သွယ်မေးမြန်းကြည့်ရာ" သူတို့ခိုင်းထားတဲ့အတိုင်း အားလုံးလုပ်ပြီးသွားပါပြီ" ဟု ထီဆိုင်တာဝန်ရှိသူတဦးက ဧရာဝတီကိုပြောသည်။

စည်းလုံးခြင်းအတွက်သီချင်းတပုဒ် သီချင်းကို  နိုင်ငံတော်အကျိုးပြု အနေဖြင့် ၁၉၉၄ ခုနှစ်က ရေးသားခဲ့ခြင်းဖြစ်ကာ တေး သံရှင်ဇော်ဝင်းထွဋ္ဋ်က သီဆိုပေးထားခြင်း ဖြစ်ကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်