နာရေး အယူသီးမှုရှင်းတမ်း ထုတ်ပြန်

E-mail Print
နာရေး အယူသီးမှုနှင့် ပတ်သက်ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) ကို ဦးစီး ဆောင်ရွက်နေသော ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ရှင်းတမ်း တစောင်ကို မကြသေးခင်က ထုတ်ပြန် လိုက်သည်။

ထိုရှင်းတမ်းမှာ ယခုအခါ အင်တာနက် ၀က်ဘ်ဆိုက်နှင့် ဘလော့များ ပေါ်တွင် ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်။

စာမျက်နှာ ၁၁ မျက်နှာပါ ယင်းရှင်းတမ်းတွင် နာရေးနှင့် ပတ်သက်ပြီး လွဲမှားသည့် ယူဆမှုများ၊ မကောင်း မြင်ဘက်မှ အယူသီးမှု များအား တိုက်ဖျက်သည့် ဆောင်ရွက်ချက် မှတ်တမ်းများကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားခြင်း ဖြစ်သည်။

ရှင်းတမ်းတွင် ဦးကျော်သူ၏ ဓာတ်ပုံနှင့် မင်္ဂလာစုံတွဲများ၏ နာရေး ကူညီမှု မှတ်တမ်း ဓာတ်ပုံများ အပြင်နေရာ အတိအကျ ဖော်ပြ မထားသော လမ်းတလမ်း ပေါ်၌ “ဒဏ်ငွေ ၁၀၀၀၀၊ နာရေး ပို့ဆောင် ယာဉ်များ မဖြတ်ရ”ဟူသော ဆိုင်းဘုတ် တခု၏ ဓာတ်ပုံကိုပါ ဖော်ပြထားသည်။

ယင်းနာရေး အယူသီးမှုနှင့်ပတ်သက်ပြီး“ရှက်ဖို့ ကောင်းလှသည်...။ ကျနော်တို့ မြန်မာလူမျိုးတွေ အယူသီးပုံ အစွဲကြီးပုံများ တလွဲဆံပင် ကောင်းပုံများပင် ဖြစ်တော့သည်။ ဘာသာခြားများ၊ တိုင်းတပါးမှ နိုင်ငံခြားသားများ သိလျှင် အတော့်ကို ရယ်စရာကြီး ဖြစ်နေမည်။ မြန်မာလူမျိုးများ ကမ္ဘာတွင် ဟာသ လူမျိုးများဖြစ်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှ စတင်၍ အယူသီးမှု၊ အစွဲအလမ်းကြီးမှုများကို ကျနော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်အထိပင်။ သို့သော် ကျနော်တို့နှင့် ယခုတိုင် တချို့သော သူတို့သည် ပြဒါးတလမ်း၊ သံတလမ်း ဆန့်ကျင်ဘက် အနေအထားပင်ဖြစ်နေသေးသည်”ဟု ရှင်းတမ်းတွင် ဦးကျော်သူက ပြောဆို ထားသည်။

ယခုရှင်းတမ်းတွင် ထူးခြားနေသည်မှာ မင်္ဂလာစုံတွဲ ၅ တွဲက ၎င်းတို့ မင်္ဂလာယူသည့် မင်္ဂလာအခမ်းအနားပြီးလျှင်ပြီးချင်း မင်္ဂလာဝတ်စုံနှင့်ပင် နာရေး ကိစ္စများကို တဆက်တည်း လိုက်ပါ ကူညီဆောင်ရွက်မှုများ၊ မင်္ဂလာအခမ်းအနားမှ ရရှိသော သိန်းချီသည့် မင်္ဂလာ လက်ဖွဲ့ငွေ များအား နာရေးအသင်းများသို့ တိုက်ရိုက် လှူဒါန်းမှုများကို ဖော်ပြထားခြင်းပင် ဖြစ်သည်။

အဆိုပါရှင်းတမ်းနှင့်ပတ်သက်၍ ဧရာဝတီက ရုပ်ရှင်သရုပ်ဆောင် ကျော်သူကို ဆက်သွယ် မေးမြန်းခဲ့သည်။

သရုပ်ဆောင်ကျော်သူက“သူတို့သား သူတို့ သမီး ၀တ်စုံတွေနဲ့ လိုက်ပြီး နာရေးပို့တာက ကျနော်တို့ ၀န်ထမ်းတွေနဲ့ အသင်းသူ အသင်းသားတွေပါပဲ၊ ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီးဖြစ်တာက ၄ နှစ် ကျော်ပြီ၊ ရှင်းတမ်းက ကျနော် အခုမှ ရေးတာပါ၊ ရေးတာက ဒီအယူသီးတာတွေက အခုထိကိုပဲရှိနေတာကို ဗုဒ္ဓဘာသာယောက်အနေနဲ့ မြင်မကောင်းဘူး၊ အဲဒါနဲ့ ရေးလိုက်တာ”ဟု ဆိုသည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ နာရေး အယူသီးမှု ရှင်းတမ်းကို ဤနေရာတွင် ရယူနိုင်ပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်