ဦးတင်ဦးကို လွှတ်ပေးရမည်ဟု HRW တောင်းဆို

E-mail Print
စစ်အစိုးရက ထိန်းသိမ်း ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုဥက္ကဌ ဦးတင်ဦးကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးရန် အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch- HRW) က တောင်းဆို လိုက်သည်။

အသက် ၈၄ နှစ် အရွယ်ရှိ ဦးတင်ဦးသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည့် အတွက် လွှတ်ပေး ရမည် ဖြစ်ကြောင်း HRW အဖွဲ့က ယမန်နေ့က ထုတ်ပြန် ထားခြင်း ဖြစ်သည်။ 

HRW ၏ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ်က “ဦးတင်ဦးဟာ စစ်အစိုးရကို ရဲရဲရင့်ရင့် ဆန့်ကျင် ခဲ့တာမို့ သိပ်ကို ဒုက္ခ
ရောက်ခဲ့ ရတာပါ”ဟု ပြောသည်။ 

ဆက်လက်၍ ၎င်းက “သူ့ကို လွှတ်ရမယ့် နေ့မှာ လွှတ်ပေးတာဟာ မြန်မာ ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး လှုပ်ရှားမှု အသေး အဖွဲလေးတွေက စပြီး ခွင့်ပြုလို့ ရမရ ဆိုတာကို စမ်းသပ်တာမျိုး ဖြစ်မယ်၊ ဒါဟာ အရေးပါတဲ့ စမ်းသပ်မှု တခုလည်း ဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲ၍ အစိုးရအာဏာပိုင်များက နှစ်စဉ် သက်တမ်းတိုး၍ ဆက် လက်ထိန်းသိမ်းခဲ့သည်။

ဦးတင်ဦးကို နေအိမ် အကျယ်ချုပ်မှ သတ်မှတ်ထားသောရက် စေ့သွားသည့်အတွက် စစ်အစိုးရ အာဏာပိုင်များက လွှတ်ပေးရန်  မျှော်လင့်ထားသည်ဟု NLD ပြန်ကြားရေး အဖွဲ့မှ ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။ 

“သတ်မှတ်ထားတဲ့ ရက်လည်း စေ့သွားပြီး ဆိုတော့ အသက်ကလည်း ကြီးပြီ၊ တကယ်လည်း ဒီမိုကရေစီ အရေး အတွက် စိတ် ဓာတ်ပြင်းထန်စွာနဲ့ တိုင်းပြည် အကျိုးအတွက် စေတနာထားပြီးတော့ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပဲ၊ လွှတ်ပေးရမှာပေါ့၊ လွှတ်ပေးမယ်လို့ မျှော်လင့်ထားကြတယ်”ဟု ၎င်းက ပြောသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်။ 

ဗိုလ်ချုပ်မောင်ဦးက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ၌ လွှတ်ပေးမည် ဆိုသည်မှာ ရွေးကောက်ပွဲ ကျင်းပ ပြီးစီးသွားချိန်ဖြစ်မည်ဟု နိုင်ငံရေးလှုပ် ရှားနေသူ များက သုံးသပ်ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်