ပြည်မှာ ကြက်ရောင်းချခွင့် ပိတ်ပင်

E-mail Print
ပြည်မြို့ရှိ ကြက်ခြံများတွင် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားသည့် အတွက် ကြက်ဘဲ ရောင်းချခြင်းကို တားမြစ်ထား သည်ဟု သိရသည်။

ဝက်ထီးကန် တိုက်နယ်နှင့် ပေါင်းတလည် တိုက်နယ်တွင် ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားနေသည့်အတွက်၊ မြို့နယ် စည်ပင် သာယာ ရေးနယ်နိမိတ် အတွင်းရှိ ဈေးများတွင် ကြက်သားနှင့် ကြက်ဥများ မရောင်းချရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဋ္ဌာနမှ တားမြစ်ထားကြောင်း ပြည်မြို့မ ဈေးကြီးအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီကိုပြောသည်။

“ကျန်းမာရေးအတွက် တိတိကျကျတော့ လုပ်ထားတယ်၊ ရောင်းဝယ်မှုကို ထိန်းချုပ်ထားရတယ်၊ ဒါပေမယ့် ဈေးသည်တွေ စားဝတ် နေရေးကလည်း ရှိသေးတယ်”ဟု ၎င်းကဆိုသည်။

ကြက်ဘဲ မွေးမြူရေးလုပ်ငန်းများကို ပြည်မြို့ဝက်ထီးကန် တိုက်နယ်တွင် အများဆုံးလုပ်ကိုင်ကြခြင်းဖြစ်ပြီး ကြက် အသေအပျောက် နှုန်းလည်း များပြားကြောင်းအဆိုပါ တာဝန်ရှိသူက ပြောသည်။

ကြက်၊ဘဲ ရောင်းဝယ်မှုနှင့် ပတ်သက်၍ ယခုလ ၁၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ပြီး ပြည်မြို့သို့ ကြက်ဘဲတင်ပို့ နေသည့် လုပ်ငန်းများကိုလည်း အသေအချာစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်မြို့ ကြက်ဘဲ ဈေးကွက်သို့ ၀က်ထီးကန်တိုက်နယ်၊ ပေါင်းတလည်တိုက်နယ်၊ ဧရာဝတီမြစ် တဘက်ကမ်းရှိ ဆင်တဲမြို့နှင့် စီပီ ကုမ္ပဏီတို့မှ တင်သွင်းကြောင်းသိရသည်။

ပြည်မြို့မှ အိမ်ရှင်မတဦးက“ဈေးထဲမှာ မရောင်းရဘူးလို့တော့ ပိတ်ထားတာပဲ၊ လိုချင်လို့ ဈေးသည်ကို တိုးတိုး ပြောလိုက်ရင်ရောင်း ပေးတယ်”ဟု ပြောသည်။

ပြည်မြို့အနီးတ၀ိုက်တွင် မွေးမြူရေး ခြံပေါင်း ၁၀၀ခန့်ရှိပြီး ကြက်အကောင်ရေ ၅၀၀၀၀ ခန့်ရှိကြောင်း၊ ကြက်စာဈေးမှာကျဆင်း သွားပြီး အရောင်းအ၀ယ်များလည်း နှေးကွေးသွားကြောင်း တိရိစ္ဆာန်မွေးမြူရေး အစာရောင်းချသူတဦးကပြောသည်။

“အကောင် ၃၀၀၀ကျော် မွေးတဲ့ခြံမှာ ၂၀၀၀ကျော်သေတယ်၊ အဲ့ဒီခြံ ရဲ့ အရင်းအနှီးက ကြက်ဖိုးကတင် ကျပ်သိန်း ၂၀၀ကျော် တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါရောဂါဖြစ်ပွားသည့် ကြက်ခြံအား ဒေသအာဏာပိုင်များက မီးရှို့ဖျက်ဆီးပြီး ကြက်များကိုလည်း သုတ်သင်ခဲ့ကြောင်း၊ ခြံ တခြံ၏ တည်ဆောက်မှု ကုန်ကျစရိတ်မှာ ငွေကျပ် ၁၀ သိန်း ခန့်တန်ဖိုးရှိကြောင်း၊ မွေးမြူရေးသမားများအနေဖြင့် လုပ်ငန်းများ ပြန်လည်ထူထောင်ရန် မလွယ်ကူကြောင်း အဆိုပါ မွေးမြူရေး အစာရောင်းချသူက ပြောသည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံ၌  ပြန်လည်ဖြစ်ပွားလာသည့်အတွက် မျိုးရိုးဗီဇ အသွင်သဏ္ဍန် တမျိုးအဖြစ် ၀င်ရောက်လာမည်ကို စိုးရိမ်ကြောင်း၊ ကာကွယ်မှုများ၊ ပိုးသတ်မှုများ၊သုတ်သင်ရှင်းလင်းမှုများကို ပြုလုပ်ရမည် ဖြစ်ကြောင်း၊ မွေးမြူရေးသမားများ အနေဖြင့်လည်း ဆုံးရှူံးမှုများကို ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ သို့သော်အစိုးရ နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့အစည်းများ အနေဖြင့် လည်းကောင်းမှ  မွေးမြူရေးလုပ်ငန်း သမားများကို ပြန်လည် ထူထောင်ပေးသင့်ကြောင်း ပြည်မြို့မှ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် တိရစ္ဆာန်ဆေးကု ဆရာဝန်တဦးက သုံးသပ်ပြောဆိုသည်။

ယခုတကြိမ် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် မြန်မာနိုင်ငံတွင် လေးကြိမ်မြောက် ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း ၃ ကြိမ် ဖြစ်ပွားခဲ့ကာ ၂၀၀၈ ခုနှစ်တွင် ရှမ်းပြည်နယ်၌ လူတဦး ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက် ခံခဲ့ရသော်လည်း သေဆုံးခြင်းမရှိခဲ့ပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်