ထိတ်လန့်မှုများနှင့် အဆုံးသတ်ခဲ့ရသည့် သင်္ကြန်မှတ်တမ်း

E-mail Print
မြန်မာ သက္ကရာဇ် ၁၃၇၁ ခုနှစ်မှ ၁၃၇၂ ခုနှစ်ကို ကူးပြောင်းတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ကာလက အကြမ်းဖက် ဗုံးဖောက်ခွဲမှု၊
ပြည်သူများ အထိတ်တလန့် ဖြစ်မှုတွေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ရန်ကုန်မြို့ မင်္ဂလာ တောင်ညွှန့် မြို့နယ်ရှိ X2O ရေကစား မဏ္ဍပ်အနီး ဧပြီလ ၁၅ ရက် ညနေ ၃ နာရီခန့်က ဗုံးသုံးလုံး ပေါက်ကွဲ ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်အစိုးရက တီဗီ၊ ရေဒီယိုနဲ့ သတင်းစာတွေက တဆင့် ထပ်ခါ တလဲလဲ ကြေညာခဲ့တယ်။

ပုံမှန်ဆိုရင် တန်ခူးလ အချိန်မှာသာ နှစ်သစ်ကူး သင်္ကြန်ချိန် ရောက်ရှိပေမယ့် ဒီနှစ်တော့ ထူးထူးခြားခြား နှစ်သစ်ကူး သင်္ကြန်ကာလ က ကဆုန်လ အတွင်းမှာ ကျရောက်တယ်၊ သိကြားမင်းက အနက်ရောင် ကျွဲကိုစီးပြီး လူ့ပြည် ဆင်းတယ်၊ ဗြမ္မာ့ ဦးခေါင်းကို လွှဲပြောင်း ယူတဲ့ နတ်သမီးက ငိုယိုပြီး လွှဲပြောင်း ယူတယ်လို့ မြန်မာ့ရိုးရာ သင်္ကြန် စာတွေမှာ ဖော်ပြထားတဲ့ အတွက် ထူးခြားတဲ့ နှစ်တနှစ် ဖြစ်တယ်လို့ နက္ခတ်ဗေဒင် ဆရာတွေက ဆိုကြတယ်။

{slimbox images/multimedia/Ygn-Thingyan-2010/01.jpg,images/multimedia/Ygn-Thingyan-2010/01-sm.jpg, ပြည်လမ်းက ရေကစားမဏ္ဍပ်တခု;images/multimedia/Ygn-Thingyan-2010/02.jpg,images/multimedia/Ygn-Thingyan-2010/02-sm.jpg, ကန်တော်ကြီး ပတ်လမ်းက ရေကစားမဏ္ဍပ်တခု; images/multimedia/Ygn-Thingyan-2010/03.jpg,images/multimedia/Ygn-Thingyan-2010/03-sm.jpg, သင်္ကြန်အကျနေ့က စည်ကားနေတဲ့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်က ရေကစားမဏ္ဍပ်တခု; images/multimedia/Ygn-Thingyan-2010/04.jpg,images/multimedia/Ygn-Thingyan-2010/04-sm.jpg, သင်္ကြန်အကျနေ့က စည်ကားနေတဲ့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်က ရေကစားမဏ္ဍပ်တခု; images/multimedia/Ygn-Thingyan-2010/05.jpg,images/multimedia/Ygn-Thingyan-2010/05-sm.jpg, ဂျစ်ကားလေးနဲ့လည်း သင်္ကြန်လည်ပတ်ကြတဲ့ လူငယ်တွေ; images/multimedia/Ygn-Thingyan-2010/06.jpg,images/multimedia/Ygn-Thingyan-2010/06-sm.jpg, ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံး Air Bagan ရေကစားမဏ္ဍပ်; images/multimedia/Ygn-Thingyan-2010/07.jpg,images/multimedia/Ygn-Thingyan-2010/07-sm.jpg, ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံး Air Bagan ရေကစားမဏ္ဍပ်; images/multimedia/Ygn-Thingyan-2010/08.jpg,images/multimedia/Ygn-Thingyan-2010/08-sm.jpg, ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံး Air Bagan ရေကစားမဏ္ဍပ်; images/multimedia/Ygn-Thingyan-2010/09.jpg,images/multimedia/Ygn-Thingyan-2010/09-sm.jpg, ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံး Air Bagan ရေကစားမဏ္ဍပ်; images/multimedia/Ygn-Thingyan-2010/10.jpg,images/multimedia/Ygn-Thingyan-2010/10-sm.jpg, ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံး Air Bagan ရေကစားမဏ္ဍပ်; images/multimedia/Ygn-Thingyan-2010/11.jpg,images/multimedia/Ygn-Thingyan-2010/11-sm.jpg, မိသားစုလိုက်လည်း လည်ပတ်ကြတယ်; images/multimedia/Ygn-Thingyan-2010/12.jpg,images/multimedia/Ygn-Thingyan-2010/12-sm.jpg, ဧပြီလ ၁၅ ညနေ ၃ နာရီ ၃၀ မိနစ်က ဗုံးပေါက်ပြီးနောက် ရပ်နားလိုက်သည့် ကန်တော်ကြီးပတ်လမ်းက X2O ရေကစားမဏ္ဍပ် ကို တွေ့ရစဉ်; images/multimedia/Ygn-Thingyan-2010/13.jpg,images/multimedia/Ygn-Thingyan-2010/13-sm.jpg, ဗုံးပေါက်ပြီးနောက် X2O မဏ္ဍပ်မှ Blizzard မဏ္ဍပ်အထိ ရဲများက ပိတ်ဆို့လိုက်စဉ်(ဧပြီလ ၁၅ ညနေ ၃ နာရီ ၄၀ မိနစ်); images/multimedia/Ygn-Thingyan-2010/14.jpg,images/multimedia/Ygn-Thingyan-2010/14-sm.jpg, ဤသို့ လမ်းပေါ်မှာ ရေပိုက်တွေနဲ့လည်း ရေပက်ကြတယ်; images/multimedia/Ygn-Thingyan-2010/15.jpg,images/multimedia/Ygn-Thingyan-2010/15-sm.jpg, လုံခြုံရေးတင်းတင်းကျပ်ကျပ်ယူပေးထားတဲ့ ပြည်လမ်းက YGN မဏ္ဍပ်}
ဒီနှစ်သစ်မှာ မင်းပြောင်းမင်းလွဲ တွေနဲ့ကြုံမယ့်နှစ်၊ သွေးချောင်းစီးမယ့် ဖြစ်ရပ် တွေပေါ်ပေါက်မယ့် နှစ်ဖြစ်တယ်လို့ ဗေဒင်ဆရာ တချို့က ကြိုတင်ဟောကိန်းထုတ်ခဲ့ကြတယ်။

ရန်ကုန်မြို့မှာ ရေကစားမဏ္ဍပ်တွေစုဝေးတည်ရှိတဲ့ ကန်တော်ကြီးပတ်လမ်း၊ အင်းလျားကန်ဘောင်အနီးက ပြည်လမ်းနဲ့ ဆီဒိုနား ဟိုတယ်ရှေ့ကမ္ဘာအေးလမ်းမနေရာ အပါအ၀င် နေရာသုံးခုမှာသာ လူစည်ကားခဲ့ပြီး ရန်ကုန်သင်္ကြန်ဟာ ခြောက်ခြောက် ကပ်ကပ် နဲ့ ပြီးဆုံးခဲ့ရပါတယ်။

ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)

မနက် ၇ နာရီကတည်းက ရန်ကုန်မြို့နေရာအတော်တော်များများမှာ လျှပ်စစ်မီးတွေပြတ်တောက်နေလို့ မြို့ခံပြည်သူတွေ
မချင့် မရဲဖြစ်နေကြပါတယ်။ မဟာသင်္ကြန်ကာလ ရေကစား ပျော်ရွှင်ရမယ့် အချိန်ဖြစ်လို့ လျှပ်စစ်မီး၂၄ နာရီရနိုင်မယ်လို့ ပြည်သူတွေအများစုက မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် မျှော်လင့်ချက်မပြည့်ဝခဲ့ပါဘူး။

သင်္ကြန်ကာလ မီးအပြည့်မပေးလို့ စစ်အစိုးရကို အပြစ်တင်ဝေဖန်ကြသံတွေက ရန်ကုန်ရပ်ကွက်တော်တော်များများမှာ ထွက်ပေါ်နေတယ်။

“နေပြည်တော်က လူသူမရှိတဲ့ လမ်းမတွေပေါ်မှာ၂၄ နာရီ နီယွန်မီးကြီးတွေ ထွန်းထားပြီးတော့ ရန်ကုန်ကို ကျတော့ မီးဖျက် ထားတာ တရားလွန်လွန်းတယ်”လို့ ရန်ကုန်ပြည်သူတဦးက ဒေါသသံနဲ့ ပြောတယ်။

နှစ်စဉ်နှစ်တိုင်း ရေကစားမဏ္ဍပ်တွေနဲ့ စည်ကားခဲ့တဲ့ အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်း တလျှောက်မှာတော့ အာဏာ ပိုင်တွေရဲ့ မဏ္ဍပ်မဆောက်ရဘူးဆိုတဲ့ တချက်လွှတ်အမိန့်ကြောင့် လူသူကင်းရှင်းပြီးခြောက်ကပ်ကပ် ဖြစ်နေတယ်။

မနက် ၁၀ နာရီခွဲခန့်မှာတော့ ကန်တော်ကြီးပတ်လမ်းက ရေကစားမဏ္ဍပ်တွေ၊အင်းလျားကန်ဘောင်အနီးက ပြည်လမ်းမမှာရှိတဲ့ မဏ္ဍပ်တွေနဲ့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ရေကစား မဏ္ဍပ်တွေမှာ ကခုန်ရေကစားမှုတွေစတင်နေပါပြီ။
ဧပြီလ ၁၄( သင်္ကြန်အကျနေ့)

မနက် ၉ နာရီလောက်ကစလို့ လျှပ်စစ်မီးရတဲ့ ရန်ကုန်ရပ်ကွက်တချို့မှာလူငယ်တွေစုပေါင်းပြီး ရေပက်ကစားနေကြသလို ရန်ကုန်လမ်းမတွေပေါ်မှာလည်းရေပက်ခံ ကားတွေ တော်တော်များများရှိလာတယ်။

ရေကစားမဏ္ဍပ် စုစုပေါင်း ၁၆ ခုရှိတဲ့ ကန်တော်ကြီးပတ်လမ်း တလျှောက်မှာ ရေပက်ခံကားတွေ၊ လမ်းလျှောက်ရေကစားကြ သူတွေ၊ ဈေးသည်တွေထောင်ပေါင်းများစွာနဲ့ ရှုပ်ယှက်ခတ် နေပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်ဆိုတဲ့ စည်ကမ်းချက်တွေ ထုတ်ပြန်ထားပေမယ့် သင်္ကြန်မဏ္ဍပ်တွေမှာ DJ နဲ့ ကခုန်သူ လူငယ်တွေ၊ Hip Hop တေးသွား အတိုင်း လက်တွေမြှောက်လို့ မြူးတူးနေကြတဲ့ လူငယ်တွေ ထောင်ပေါင်းများစွာ ကန်တော် ကြီး ပတ်လမ်းတလျှောက်မှာ တွေ့မြင်ရတယ်။

မိန်းကလေးငယ်တော်တော်များကလည်း မြင်သူတိုင်းငေးလောက်စရာ မလုံ့တလုံအ၀တ်အစားတွေနဲ့ ရေတွေကြားမှာ ပျော်မြူး ကခုန်နေကြတယ်။ ဘယ်လိုပဲအာဏာပိုင်တွေက စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် မြန်မာလူငယ်တွေက တနှစ်တခါ ပျော်ရတဲ့ပွဲကို စိတ်လွတ်ကိုယ်လွတ်ပျော်နေကြပုံပါပဲ။

သင်္ကြန်အကျနေ့ရဲ့ မနက်ပိုင်း အချိန်သာရှိသေးပေမယ့် ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ မဏ္ဍပ်တွေအနီးမှာ မူးပြီးလဲကျနေတဲ့ လူငယ်တွေ၊ အရက်မူးပြီးအော့အန်နေသူတွေကို ကူညီနှိပ်နယ်ပေးသူတွေ အရေအတွက်ကလည်း မနည်းလှပါဘူး။

လျှပ်စစ်မီးမရတဲ့ ရပ်ကွက်တွေမှာတော့ ရေရှိတဲ့နေရာက ရေတွေကို ပုံးတွေ၊ တိုင်ကီတွေနဲ့ခပ်ယူပြီး လှည်းပေါ်တင်သယ်ယူလို့ ရေကစားဖို့ လုံးပန်းနေကြတယ်။ ငွေကြေးတတ်နိုင်သူတွေကတော့ ဒီဇယ်အင်ဂျင်သုံးရေစုပ်စက်တွေငှားလို့ ရေကစားနေကြပြီး
မီးစက်နဲ့တွဲဖက်ဖွင့်နေတဲ့ သင်္ကြန်သီချင်းသံတွေကလည်း ဆူဆူညံညံကြားနေရတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမှာရှိတဲ့ နာမည်ကျော်ကိုးဘွဲ့ရဘုန်းကြီးကျောင်း၊ အင်းစိန်မြို့နယ်အတွင်းမှာရှိတဲ့ ညောင်ကန်အေး သာသနာ့ရိပ်သာ၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ချမ်းမြေ့ရိပ်သာ အပါအ၀င် နာမည်ကျော်ဘုန်းကြီးကျောင်း၊ သာသနာ့ရိပ်သာ တွေမှာလည်း ဘုန်ကြီးဝတ်သူ၊ သီလရှင် ၀တ်သူ၊ တရားစခန်းဝင်သူများနဲ့ စည်ကားနေပါတယ်။

မျက်လွှာလေးတွေချ တည်ငြိမ်အေးချမ်းစွာလျှောက်လှမ်းရင်း တရားမှတ်နေကြတဲ့ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ ယောဂီ တွေရဲ့အသွင်အပြင်ကလည်း မြင်ရသူတိုင်း စိတ်ချမ်းမြေ့စေတယ်။

ဆယ်ကျော်သက် အရွယ်လူငယ်တွေပါ ဒီနှစ်တရားစခန်းဝင်ကြတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်း မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ ဆီက သိရတယ်။

ဒီနှစ်သင်္ကြန်မှာ ပြည်တွင်းပြည်ပခရီးထွက်တဲ့ အရေအတွက်ကလည်း စံချိန်တင် လောက်အောင် များပြားတယ်လို့ ရန်ကုန် အခြေစိုက် ခရီးသွားကုမ္ပဏီတွေက ဆိုတယ်။

ချောင်းသာ၊ငွေဆောင် သွားရောက်လည်ပတ်တဲ့ သူများလွန်းတဲ့အတွက် ဟိုတယ်တွေ ၊ဘန်ဂလိုတွေ အခန်းပြည့်ဖြစ်နေတယ်လို့
ရန်ကုန် ဟိုတယ်လုပ်ငန်းရှင်ကြီး တဦးကလည်း ပြောတယ်။

ဒီနှစ် ရန်ကုန်သင်္ကြန်ခြောက်ကပ်ကပ်ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေကြောင့် လူငယ်တွေ ခရီးထွက်တာများတာဖြစ်တယ်လို့
ရန်ကုန် ခရီးသွား အေဂျင်စီတချို့က သုံးသပ်တယ်။

ဧပြီလ ၁၅ ရက်( သင်္ကြန်အကြတ်နေ့)

အင်းလျားကန်ဘောင်အနီး ပြည်လမ်းမကြီးဘေးမှာတည်ဆောက်ထားတဲ့ အဲပုဂံ လေကြောင်းလိုင်းရဲ့ရေကစားမဏ္ဍပ်ကြီးက
ဒီနှစ်ရန်ကုန်သင်္ကြန်ရဲ့အစည်ကားဆုံးနဲ့ အကြီးဆုံးမဏ္ဍပ်တခုလို့ ဆိုရမယ်။ ပေ ၂၀၀ နီးပါးလောက်ရှည်တဲ့အပြင် သံမဏိ၊ စတီးတွေနဲ့ အခိုင်အမာတည်ဆောက်ထားတာကြောင့် အလွန်ခမ်းနားလှတယ်။

အဲပုဂံ မဏ္ဍပ်နဲ့ ပြည်လမ်းက ရေကစားမဏ္ဍပ်တွေနားမှာ လုံထိန်းတွေ၊ယာဉ်ထိန်းရဲ တွေ၊ စစ်သားတွေအပါအ၀င် လုံခြုံရေး ၀န်ထမ်းအတော်များများကို ထူထပ်စွာချထားတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေး နေရွှေသွေးအောင်ကလည်း ပြည်လမ်းမပေါ်မှာ
ရေကစားမဏ္ဍပ် တခုဆောက်လုပ်ရေကစားနေတာကြောင့် ဒီလို လုံခြုံရေး ထူထပ်တာလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ပြည်လမ်းမကြီးပေါ်မှာတော့ ရေပက်ခံကားတွေ၊ လိုင်းကားတွေနဲ့ လူရာပေါင်းများစွာ ပြည့်နှက်လို့ နေပါတယ်။

ကန်တော်ကြီးပတ်လမ်းက ရေကစားမဏ္ဍပ်တွေမှာတော့ ပြည်လမ်းလောက် လုံခြုံရေးမတင်းကျပ်ဘဲ မီးသတ်၊ စည်ပင် ၀န်ထမ်း တွေနဲ့ ရဲတချို့ကသာ လုံခြုံရေးယူပေး ထားတယ်။ ကန်တော်ကြီးပတ်လမ်း၊မျှော်စင်ကျွန်း၊ ကရ၀ိတ် ဥယျာဉ်ထဲမှာ ရေကစားကြတဲ့ လူငယ်တွေအားလုံး ပျော်ရွှင်မြူးတူးစွာနဲ့ ရေကစားနေကြတယ်။

ညနေ ၃ နာရီ ၁၅ မိနစ်ခန့်မှာ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ X2O ရေကစားမဏ္ဍပ်ရှေ့မှာ ဗုံးသုံးလုံးပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းက ရန်ကုန်မြို့အတွင်းတောမီးပမာ ပျံ့နှံ့သွားတယ်။ သွေးသံရဲရဲနဲ့ လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကန်တော်ကြီးပတ်လမ်းမှာ ရေကစားနေကြတဲ့ လူငယ်တွေအများစုက အတည်ပြုပြောဆိုတယ်။

ညနေ ၃ နာရီခွဲမှာ ရဲနဲ့စစ်တပ်က ကန်တော်ကြီးမျှော်စင်ကျွန်းနဲ့ ကရ၀ိတ်ဥယျာဉ်ကိုပိတ်ဆို့လိုက်ပြီး ဗုံးထောင်ထားမှု ရှိ၊မရှိ
စစ်ဆေးမှုတွေပြုလုပ်တယ်။

ဗုံးပေါက်ကွဲမှုဖြစ်တဲ့နေရာကို ရဲ၊စစ်တပ်နဲ့ ပိတ်ဆို့လိုက်ပြီး ရေကစားနေကြတဲ့ လူငယ်တွေ အားလုံးကို အခင်းဖြစ်တဲ့နေရာကနေ
ချက်ချင်းထွက်ခွာဖို့ အမိန့်ပေးနေတယ်။

“ပထမတော့ ဗုံးမှန်းမသိဘူး၊ ဂတ်စ်အိုးပေါက်တယ်လို့ပဲထင်တာ၊ ဒါပေမယ့်“အုန်း” ဆိုတဲ့ အသံတွေ ဆက်တိုက်ထွက်လာတော့မှ ဗုံးပေါက်မှန်းသိပြီး ပြေးကြ၊လွှားကြဖြစ်ကုန်တာ။ လူနင်းလို့ ဒဏ်ရာရတဲ့လူတွေအများကြီးပဲ”ဟု ကန်တော်ကြီးပတ်လမ်းမှာ ဈေးရောင်းနေတဲ့ ပျံကျဈေးသည်တဦးက ရှင်းပြတယ်။

လက်ကိုင်ဖုန်းတွေနဲ့ သက်ဆိုင်ရာ မိသားစုဆွေမျိုးနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဆီကို ဗုံးပေါက်ကွဲမှု သတင်းပြောဆို သတင်းပေးနေကြသူတွေလည်း မနည်းလှဘူး။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပေမယ့် ကန်တော်ကြီးပတ်လမ်းရှိ ရေကစားမဏ္ဍပ်တချို့မှာတော့ ရေပက် ကစားကြသူတွေ၊ရေပက်ခံကား တွေနဲ့ စည်ကားနေဆဲ။

ဒီဗုံးပေါက်ကွဲမှုသတင်းကြောင့် ကိုယ့်သားသမီးတွေများ ပါသွားလေမလားဆိုတဲ့ စိုးရိမ်ပူ ပန်မှုတွေနဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်လာတဲ့သူတွေလည်း မနည်းလှဘူး။

ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့)

မနေ့က ဗုံးပေါက်ကွဲမှုအကြောင်း လူအများအကြားမှာ အမျိုးမျိုးသုံးသပ်ပြောဆိုဝေဖန်နေကြပြီး ပြည်သူအများစု က ထိတ်လန့် တုန်လှုပ်နေကြတယ်။

အစိုးရ မီဒီယာတွေမှာတော့ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို မလိုလားတဲ့ဆန့်ကျင်ဘက် အုပ်စုတွေက အကြမ်းဖက် လုပ်ရပ် အဖြစ်ရေးသားသလို အတိုက်အခံနိုင်ငံရေး အင်အားစုတွေက ဒီလိုအကြမ်းဖက်မှုကို လုပ်ဆောင်သလိုလို ထင်မြင်တွေးတောစရာ ရေးသားချက်တွေ ဖော်ပြပါတယ်။

တချို့ပြည်သူတွေကတော့ ဒီဗုံးပေါက်ကွဲမှုက အစိုးရကိုယ်တိုင်ပြုလုပ်ပြီး အတိုက်အခံနိုင်ငံရေး အင်အားစုတွေအပေါ် အပြစ်ပုံချ အရေးယူဖို့ လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ ပြောဆိုသုံးသပ်ကြတယ်။

ကန်တော်ကြီးပတ်လမ်းက ရေကစားမဏ္ဍပ်အများစုမှာတော့ အရင်နေ့ကထက်စာ ရင်တော့ လူအရေအတွက် အလွန်လျော့ကျ သွားတယ်လို့ ရေကစားသူတွေက ဆိုပါတယ်။

သင်္ကြန်အတက်နေ့ မနက်ပိုင်းကစပြီး နိုင်ငံကျော်ရုပ်ရှင်မင်းသမီး၊ အဆိုတော် ဒေါ်ချိုပြုံး သီချင်းဆိုရင်း မူးလဲပြီး စင်ပေါ်က
ပြုတ်ကျသေဆုံးပြီဆိုတဲ့ သတင်းတွေ ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပျံ့ပျံ့ထွက်ပေါ်လာပါသေးတယ်။

နေ့လယ်ပိုင်းမှာတော့ မန္တလေး FM က မန္တလေးမှာပျော်ရွှင်စွာ ရေကစားနေတယ်လို့ ထုတ်လွှင့်သွားတဲ့အကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး တာဝန်ရှိသူတဦးက ဆိုတယ်။

ဒါပေမယ့် မန္တလေးမှာ မနက်စောစောပိုင်းကတည်းက မိုးသက်လေပြင်း ကျပြီး သင်္ကြန်မဏ္ဍပ် တချို့ ပျက်စီးသွားတယ်ဆိုတဲ့ သတင်းတွေ နောက်ပိုင်းမှာ ထွက်ပေါ်လာပါတယ်။

သင်္ကြန်အတက်နေ့အထိ လျှပ်စစ်မီးက အလှည့်ကျစနစ်နဲ့သာ ရရှိနေတာကြောင့်ရန်ကုန် ရပ်ကွက်တွေမှာ ခက်ခက်ခဲခဲ ရေ ရှာဖွေ သယ်ယူဆော့ကစားနေကြရသူတွေ၊ ရေကို ချွေချွေ တာတာ ပက်ခဲ့ရသူတွေ အများစုရှိနေခဲ့တယ်လို့ မြို့ခံတွေက ဆိုကြတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်မြို့မှာ ရေပက်ခံကားတွေ လျော့နည်းသွားခဲ့သလို မဏ္ဍပ်ထိုင် ရေကစားကြတဲ့ သူအရေအတွက် လည်း လျော့နည်းသွားခဲ့ပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်