မြစ်ဆုံရေကာတာ စီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ

E-mail Print
ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်တွင် ယနေ့နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦးနှင့် တရုတ် လူမျိုး ပညာရှင်များ နေထိုင်သည့် နေရာများတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်း ဧရာဝတီ သို့ ပြောသည်။

“အလုပ်သမားတွေ နေတဲ့နေရာတော့မပါဘူး၊ စီမံကိန်းအုပ်ချုပ်တဲ့ရုံးတွေ၊ ဂိုဒေါင်တွေမှာပေါက်တာ”ဟု ၎င်းကဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ လေးဦးခန့်ရှိပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိသည်ဟု ကိုနော်ဒင်းက ပြောသည်။

မြစ်ကြီးနားမြို့ခံတဦးက“ဗုံး ၇လုံးပေါက်တယ်၊ ကားနှစ်စီးပျက်တယ်”ဟု ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း လုံခြုံရေးအရ မဖြေဆိုနိုင် ကြောင်း ငြင်းဆိုခဲ့သည်။

စုစုပေါင်း ဗုံးအရေအတွက်မှာ ၃၉ လုံးခန့် ဖြစ်ကြောင်း၂၇ လုံးမှာ ပေါက်ကွဲခဲ့ပြီး ၁၂လုံးမှာ ပေါက်ကွဲခြင်းမရှိကြောင်း အတည် မပြုနိုင်သော သတင်းများအရ သိရသည်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်းကို စစ်အစိုးရ၏ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့မှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံ ကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောပိုင် အေရှားဝေါလ် ကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုဗုံးပေါက်ကွဲသည့် အချိန်သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးအစီအစဉ်ကို ကချင်လွတ်လပ်ရေး အဖွဲ့(KIO)က လူထုအစည်းအ၀းခေါ်ယူ၍ ငြင်းဆန်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် စစ်အစိုးရက KIO အဖွဲ့ အပေါ်တွင် အပြစ်ရှာခြင်းလည်းဖြစ်နိုင်ကြောင်း ကိုနော်ဒင်းက သုံးသပ်သည်။

ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်ရှိ အေးရှားဝေါလ် ဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သေး ကြောင်း နယ်စပ်သတင်းများ အရသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်