သင်္ကြန် ဗုံးခွဲသူ ဖမ်းမိရေး ဆုငွေ ထုတ်ပြီ

E-mail Print
ရန်ကုန်မြို့တွင် ဗုံးဖောက်ခွဲခဲ့သည့် တရားခံ ဖမ်းမိရန် သတင်းပေး နိုင်ပါက ဆုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်မည် ဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့၌ အစိုးရ အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အပတ် ကြာသပတေးနေ့၌ မင်္ဂလာ တောင်ညွန့် မြို့နယ် ကန်တော်ကြီး အနီးရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးပေါက် ကွဲမှုများ ဖြစ်ပွားခဲ့ ပြီးနောက် ဆုငွေ ထုတ်ပြန် ထားသည့် ယင်း စာများကို သက်ဆိုင်ရာ အာဏာပိုင်များက မြို့နယ် ရပ်ကွက် ရုံးများ၌ ကပ်ထားကြောင်း ရန်ကန်မြို့ရှိ မျက်မြင် သက်သေ စာနယ်ဇင်း သမား တဦးက ဧရာဝတီသို့ ပြောသည်။

“ဒီလူတွေကို တွေ့ရှိလို့ သတင်း ပေးနိုင်ရင် ဆုငွေ ကျပ် ၁၀ သိန်း ချီးမြှင့်မယ်”ဟု ရေးသား ထားကြောင်း ၎င်းက ဆိုသည်။

ပေါက်ကွဲမှုတွင် ၈ ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၇၀ ရှိကြောင်း စစ်အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

သို့သော် နောက်ဆုံး အခြေအနေအရ ဗုံးကွဲမှုတွင် ဒဏ်ရာရရှိသူ အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၂၉ ဦး ရန်ကုန် ဆေးရုံ ကြီး၌ ဆက်လက် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၂၀ ရှိနေသေးကြောင်း သိရသည်။

အလားတူပင် ဗုံးပေါက်ကွဲသည့်နေရာ အနီးတွင် ဓာတ်ပုံ ရိုက်ကူးနေသည့် ဒေသခံ ၃ ဦးသည်လည်း စစ်အစိုးရက မသင်္ကာမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က“နအဖကလည်း တခုခု ဗုံးပေါက်ကွဲပြီးလို့ရှိရင် မဆိုင်တဲ့လူတွေကို ဖမ်းလေ့ရှိတယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တွေကိုဖမ်းပြီးတော့ ဗုံးကွဲမှုနဲ့ စွပ်စွဲတာတို့ ဒါမျိုးတွေ လုပ်လေ့ရှိတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ထို့ကြောင့် နအဖ စစ်အစိုးရက ဗုံးကွဲမှု နှင့် ပတ်သက်ပြီး NLD အဖွဲ့ဝင်များနှင့် တခြားသော စာနယ်ဇင်းသမားများကို ဖမ်းဆီးနှိပ် စက်မည်ကို အလွန်စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရကြောင်း ၎င်းက ရှင်းပြသည်။

ယနေ့တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာ အနီးတွင် ယာဉ်မတော်တဆ ဖြစ်ပွားခြင်းကို လူအများက ဗုံးကွဲသည် ဟု ယူဆ၍ ထိတ်လန့် နေကြကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြည်ပအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD -LA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ကို စစ်အစိုးရက ယခုလ ၁၈ ရက် နေ့က စွပ်စွဲထားသည်။

အစိုးရပိုင် ကြေးမုံ သတင်းစာတွင် ဗုံးဖောက်ခွဲ သူများကို ကြိုးကိုင် ထောက်ပံ့ စေခိုင်းနေသူ ပြည်သစ် ညွန့်ဝေခေါ် မောင်မောင် (NLD – ဗဟို အလုပ် အမှုဆောင် ဦးညွန့် ဝေ၏သား)၊ ၀ါရှင်တန်မှ ဒေါ်လာ ပေးပို့၊ ဗုံးပေးပို့ စီစဉ်သူ ဒါရိုက်တာမှာ NCGUB ခေါ် စင် ပြိုင်အစိုးရ ၀န်ကြီးချုပ်ဆိုသူ ပြည်ပြေး စိန်ဝင်း (ပြည်တွင်း၌ ရှိစဉ်က အမျိုးသား ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ မောင်တ၀မ်းကွဲ) ဟု ရေးသားဖော်ပြထားသည်။

စစ်အစိုးရသည် မြန်မာပြည်အတွင်း၌ ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အချိန်တိုင်း နယ်စပ် အခြေစိုက် လက် နက်ကိုင်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသကဲ့သို့ ယင်းအဖွဲ့အစည်းများ ကလည်း ငြင်းဆိုလေ့ရှိကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်