ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး စင်္ကာပူတွင် ဆေးကုနေရ

E-mail Print
စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ကျန်းမာရေး မကောင်းသည့် အတွက် စင်္ကာပူ နိုင်ငံတွင် ဆေးကုသမှုခံယူ နေရကြောင်း ရန်ကုန် သံတမန် အသိုင်းအ၀ိုင်းမှ သိရသည်။

ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးသည် အသက် ၆၀ အရွယ်ရှိပြီး နှလုံးရောဂါကြောင့် စက်တပ်ဆင် ထားရသည်ဟု ဆိုသည်။ လက်ရှိ ကျန်းမာရေး အခြေအနေကိုမူ မသိရှိရသေးပေ။

ယမန်နေ့က ပြုလုပ်သည့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲများတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ယခုရက်ပိုင်း အတွင်း စစ်တပ် တာဝန်မှ နုတ်ထွက် လိုက်သော ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ တက်ရောက် သည်များကို အစိုးရ သတင်းစာများတွင် ဖော်ပြထား သော်လည်း အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး ကို မတွေ့ရပေ။

အဆိုပါ အလှူပွဲများနှင့် မကြာသေးမီက သွားရောက်သည့် ဗိုလ်ချုပ်မှူးကြီး ၏ ခရီးစဉ်နှင့် ပတ်သက်၍ ဖော်ပြသည့် သတင်း မျက်နှာစာများတွင် ထိုသို့ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးကို မတွေ့ရသည့်အတွက် ရန်ကုန်နိုင်ငံရေး အသိုင်း အ၀န်းတွင် ကောလာဟလ အမျိုးမျိုးပြောဆိုနေကြသည်။

အတွင်းရေးမှူး(၁)ကို ဧပြီလ အတွင်း ဗီယက်နမ်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေး၏ ရှမ်းပြည်နယ်ခရီးစဉ် နှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ဗီယက်နမ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်များ နောက်ပိုင်း စစ်အစိုးရ၏ သတင်းစာများတွင် မတွေ့ရတော့ပေ။

စင်္ကာပူနိုင်ငံသည် မြန်မာနိုင်ငံမှ စစ်တပ်ခေါင်းဆောင်များ၏ ဆေးဝါး ကုသရာ နေရာတနေရာဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ယခင်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်စိုးဝင်းတို့ သွားရောက် ဆေးကုသ ဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်