သင်္ကြန်ဗုံးကွဲသည့်နေရာ ဓာတ်ပုံရိုက်သူ တရားစွဲခံရ

E-mail Print
သင်္ကြန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ထိုနေရာတွင် ဓာတ်ပုံ ရိုက်ကူးနေစဉ် အဖမ်းခံခဲ့ရသော ကိုစည်သူဇေယျသည် တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် တရားစွဲ ခံနေရကြောင်း မိသားစုက ပြောသည်။

အင်းစိန် အကျဉ်းထောင်သို့ ယနေ့ ထောင်ဝင်စာ သွားရောက် တွေ့ဆုံစဉ် ထိုသို့ တရားစွဲထားသည်ကို သိရှိခဲ့ရခြင်း ဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရီရီတင့်က ဧရာဝတီသို့ ပြောသည်။

တရားမ၀င် အဖွဲ့အစည်းနှင့် ဆက်သွယ်မှု  ပုဒ်မ ၁၇/၁ သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ် အထိ ကျခံရနိုင်ကြောင်း သိရသည်။

ဧပြီ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုအပြီး ဓာတ်ပုံရိုက်နေသော ကိုစည်သူဇေယျကို အာဏာပိုင်တို့က ဖမ်းဆီးခဲ့ပြီး နောက်တနေ့တွင် သူ၏ ဖခင်ဖြစ်သူ ဦးဇေယျကို  နေအိမ်တွင် သွားရောက် ဖမ်းဆီး လိုက်သည်။ ဖမ်းဆီးရသည့် အကြောင်းရင်းကို အာဏာပိုင်တို့က ကြေညာခြင်း မရှိပေ။

ဗဟန်းမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းခံနေရသည့် ဦးဇေယျကို မိသားစုက တွေ့ဆုံခွင့် မရသေးဟု သိရသည်။

ဦးဇေယျကို  ယခုလ ၁၇ ရက်၊ ကိုစည်သူဇေယျကို ၁၈ ရက်နေ့ တို့တွင် ရုံးထုတ်မည်ဟု သိရကြောင်း ဒေါ်ရီရီတင့်က ပြောသည်။

ဦးဇေယျနှင့် စည်သူဇေယျတို့သည် ကွယ်လွန်သူ စာရေးဆရာ လင်းယုန်မောင်မောင်၏ သားနှင့် မြေးတော်စပ်သည်။

ကြာသပတေးနေ့က  ပြုလုပ်သည့် သင်္ကြန်ဗုံးပေါက်ကွဲမှု ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက  ဦးဇေယျတို့ သားအဖကို စစ်ဆေး မေးမြန်းနေဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

X2O မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ရာ စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာရကြောင်း စစ်အစိုးရက သတင်း ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်