သုမောင် နောက်ဆုံးခရီး စည်ကား သိုက်မြိုက်

E-mail Print
ကွယ်လွန်သူ စွယ်စုံရ အနုပညာရှင် သုမောင်ကို ယနေ့ နံနက် ၁၀ နာရီ ခန့်က ရန်ကုန်မြို့ ရေဝေး သုသာန်တွင် သင်္ဂြိုဟ်ခဲ့ရာ သူ၏ ပရိသတ်နှင့် မိတ်ဆွေ အများအပြား လိုက်ပါ ပို့ဆောင်ခဲ့ ကြသည်ဟု သိရသည်။


နာရေးသို့ တက်ရောက် လာသူ တသောင်းကျော် ရှိသည်ဟု စာရေးဆရာ ကိုဦး (သင်္ချာ) က ပြောသည်။

“သုမောင် ရုပ်အလောင်း နားကို ပရိသတ်တွေ အရမ်းတိုးတဲ့ အတွက် သူ့မိသားစု တွေတောင် ကောင်းကောင်း အနား မကပ်နိုင်ခဲ့ ကြရှာပါဘူး။ အခု လာတဲ့ ပရိသတ်က သူ့ကို ချစ်လို့ လာကြတာ။ ဘယ်မင်းသား၊ မင်းသမီး လာမှာမို့ ဆိုပြီး လာစောင့် ကြည့်ကြ တာမျိုး မဟုတ်ပါဘူး” ဟု ရေဝေးသို့ သွားရောက် ခဲ့သည့်  ကိုဦး (သင်္ချာ) က ပြောသည်။

သုမောင်၏ နေအိမ် တည်ရှိရာ သာဓုခြံမှ နံနက် ၈ နာရီခွဲတွင် နာရေးပို့ ကား အစီး ၂၀ ခန့် ထွက်ခဲ့ပြီး ၀ဇီရာ ရုပ်ရှင်ရုံ ရှေ့မှလည်း  နာရေး ပို့ကား ၅ စီး ထွက်ခဲ့ကြောင်း သိရသည်။

အသက် ၆၀ အရွယ် စာရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ တေးသံရှင် သုမောင်သည် ယခုလ ၁၆ ရက်နေ့က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

သုမောင်၏ အမည်ရင်းမှာ ဦးဗလ ဖြစ်ပြီး မိဘများမှာ နာမည်ကျော် စာရေးဆရာ၊ ဒါရိုက်တာ သာဓု၊ ဒေါ်ခင်ညို တို့ဖြစ်သည်။

သူ၏ ပထမဆုံးဝတ္ထုတိုမှာ အုပ်စိုး ဆိုသည့် ကလောင်အမည်နှင့် ရေးသည့် “သနပ်ခါးရည်ကျဲကျဲ” ဖြစ်သည်။ ထို ဝတ္ထုတိုကို ၁၉၇၀ ပြည့်နှစ်က ဝတ်မှုံဂျာနယ်တွင် ဖော်ပြခဲ့သည်။ နောက် ၃ နှစ်အကြာတွင် သုမောင် ကလောင် အမည်ဖြင့် ရေးသားသည့် ပထမဆုံး ဝတ္ထုတို “ငယ်အိပ်မက်”ကို ရှုမဝ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ပင်ကိုရေးလုံးချင်း ဝတ္ထု ၂၉ အုပ်နှင့် တခြားသူများနှင့်ပေါင်းကာ ၁၀ အုပ် ထုတ်ဝေခဲ့သည်။  ရွှေအမြုတေ မဂ္ဂဇင်းတွင် ရေးသားခဲ့သည့် အခန်းဆက် ဆောင်းပါးများဖြင့် ထန်းရိပ်ညို စာပေဆု ရရှိသည်။

ရုပ်ရှင်ကား အများအပြား တွင် ပါဝင် သရုပ်ဆောင်ခဲ့ရာ “ခုနစ်စဉ်အလွမ်း” တွင် သတင်းထောက် ဇာတ်ကောင် စရိုက်ဖြင့် အကယ်ဒမီဆု သိမ်းပိုက်ခဲ့ဖူးသူ ဖြစ်သည်။ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား စသဖြင့် ထင်ရှားသည့် ဇာတ်ကားများ အပါအ၀င် ရုပ်ရှင် ဇာတ်ကားကြီး ၄၀ ကျော် ရိုက်ကူးခဲ့သည်။

နှောင်းတမြေ့မြေ့ ဇာတ်ကား၏ ဇာတ်ဝင်တေး “ပန်းဦးပန်မယ့်သူ” မှာ သူ ပထမဆုံး သီဆိုသည့် သီချင်းဖြစ်သည်။ မြန်မာသံ အဆိုတော် သုမောင် သီဆိုခဲ့သည့် ရုပ်ရှင်နောက်ခံတေး၊ ရေဒီယိုတေး၊ စသည်ဖြင့် တေးသီချင်း ပုဒ်ရေပေါင်း ၂၀၀၀ ကျော် ရှိသည်ဟု သိရသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးအေးမေ (အေးဘုံ)၊ သားသမီးများ ဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထားတို့ ကျန်ရစ်သည်။ ဖိုးသောကြာသည် ထင်ရှားသည့် သရုပ်ဆောင်၊ အဆိုတော်တဦး ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်