Rhyzome Art ပန်းချီပြပွဲ ပန်းချီ ၃ ကား ဖြုတ်ပယ်ခံရ

E-mail Print
ပန်းချီဆရာ ၁၀ ဦးဖြင့် ဖွဲ့စည်းထားသော Rhyzome Art အဖွဲ့၏ ပထမဆုံး အကြိမ် ပန်းချီပြပွဲကို ဇွန် ၂၈ မှ ဇူလိုင် ၃ ရက်နေ့ အထိ ရန်ကုန် ပန်းဆိုးတန်း လောကနတ် ပန်းချီပြခန်းတွင် ပြသထားရာ အာဏာပိုင်များက ပန်းချီကား ၃ ကားကို ဖြုတ်ပယ်ခိုင်းခဲ့ ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပန်းချီ ထွန်းဝေမြင့်၊ တင်မောင်ဝင်း (ပြည်)၊ လွန်းအိမ်၊ မောင်လူရှင်၊ ငုအိမ်ထက်မြက်၊ ဆူးသစ်နီ၊ ကဲဆုသာ၊ စိုင်းနှင်းအောင်၊ မင်းထက်အောင်၊ အောင်ကြည်စိုး တို့၏ မြန်မာ့ဓလေ့ ယဉ်ကျေးမှု ပြကွက်များ၊ Installation Art များ စသည့် ပန်းချီ အနုပညာများကို ခင်းကျင်း ပြသထားသည်။

ပြသထားသော ပန်းချီကားများကို ဇွန်၂၈ ရက်နေ့က ဖွင့်ပွဲမတိုင်မီ နံနက် ၁၀ နာရီခန့်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လာရောက်စစ်ဆေး၍ ပြသရန်မသင့်လျော် ဟုဆိုကာ ပန်းချီ ၃ ကားကို ဖြုတ်ပယ်ခဲ့ပြီး ၃ ကား ကို ပြန်လည်ပြုပြင်စေခဲ့ကာ ယင်း ပန်းချီကားများကို ကျန်ရက်များတွင်လည်း ဆက်လက်ပြသမည်မဟုတ်ကြောင်းနှင့် ခွင့်ပြုသည့် ပန်းချီကားများကိုသာ ပြသမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုး အာမခံခဲ့ရသည်ဟု သိရသည်။

ပန်းချီဆူးသစ်နီက “အခု ပန်းချီ ၃ ကားဖြုတ်သိမ်းခံရပြီး ၃ ကားကိုပြုပြင်ခိုင်းတယ်။ အဖြုတ်ခံရတဲ့ အထဲက Old People ဆိုတဲ့ ကား ဆိုရင် သက်ကြီးရွယ်အိုတွေရဲ့ခံစားချက်နဲ့ လက်တွေ့ဘ၀တွေကို ဖော်ပြထားတာပါ။ ဗုဒ္ဓ မြတ်စွာလို့ အမည်ပေးထားတဲ့ ကား တကားလည်း ပါသွားတယ်။ ကျနော် မျက်ရည်တောင် လည်ပါတယ်”ဟု ပြောပြသည်။

အပယ်ခံရသည့်ကားများတွင် မောင်လူရှင်၏ ပန်းချီကား တကားလည်း ပါသွားကြောင်း သိရသည်။ အဆိုပါ ပန်းချီကားကို လူငယ် များအတွက် အဓိက ရည်ရွယ်ဆွဲထားခြင်း ဖြစ်ကြောင်း၊ အရှက်အကြောက် ကင်းမဲ့လာသည့် လူငယ်များကို သတိပေးလိုသည့် သဘောဖြင့် ရေးဆွဲခြင်းသာဖြစ်ကြောင်း မောင်လူရှင်က ရှင်းပြသည်။

ငုအိမ်ထက်မြက်ကလည်း “ကျနော် ဒီပြပွဲမှာ အနုပညာပစ္စည်း ၃ ခု ပြထားပါတယ်။ အဲဒီမှာ ၁ ခုကိုပြုပြင်ခိုင်းတယ်။ အဲဒါက ဂြိုဟ် နက္ခတ်တွေ အကြောင်းကိုတင်ဆက်ထားတာပါ။ အဓိပ္ပာယ်ကောက် လွဲသွားလို့ ပြန်ပြင်ပေးလိုက်ရတယ်”ဟု ဆိုသည်။

ဇွန်လ တတိယပတ်မှ စတင်ပြီး ရန်ကုန် ကမ္ဘာအေးဘုရားလမ်း ပုလဲကွန်ဒိုရှိ Morkha Gallery တွင်လည်း ပန်းချီဆရာ ၅၄ ဦး ပါဝင်သော ပထမအကြိမ် ပန်းချီပြပွဲ ကျင်းပခဲ့ရာ ဆန်နီငြိမ်း၊ အေးကိုနှင့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူတို့၏ ပန်းချီ လက်ရာများ အပါအဝင် ဆီဆေး၊ ရေဆေး၊ ပန်းချီကားပေါင်း ၆၀ ကျော် ပြသထားသည်ကို တွေ့ရသည်။

Morkha Gallery ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ တာဝန်ရှိသူ ဦးဘိုဘိုဦးက“ကျနော်တို့ အနေနဲ့ ဒီပန်းချီပြပွဲကို အဆင့် ၃ ဆင့် ခွဲပြီး ရည်ရွယ်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ ပန်းချီပြပွဲတွေ၊ အနုပညာဆွေးနွေးပွဲတွေ၊ ပန်းချီကားတွေ စတဲ့ အနုပညာလက်ရာတွေ ပြသနိုင်ဖို့ပါ၊ ဒုတိယအဆင့်အနေနဲ့ Online ပေါ်ကနေပြီး အနုပညာတွေ ဖော်ထုတ်နိုင်ရေးနဲ့ တတိယ ကတော့ မြန်မာ့ ပန်းချီလက်ရာတွေကို နိုင်ငံတကာမှာ ပြသနိုင်ရေး ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ပန်းချီ ပြခန်းတွင်ပင် ဇူလိုင် တတိယပတ်အတွင်း မန္တလေး ပန်းချီဆရာ ၁၀ ဦးက ဆီဆေး၊ ရေဆေး လက်ရာစုံ ပန်းချီကားများ ပါဝင်သည့် Beyond Mandalay အမည်ရှိ ပြပွဲတရပ် ခင်းကျင်းပြသရန် ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်