သီရိမင်္ဂလာဈေးသို့ ကုန်စိမ်း အဝင်နည်း၊ ဈေးတက်

E-mail Print
ရန်ကုန် သီရိမင်္ဂလာ ဈေးသို့ အထက် မြန်မာပြည် အနှံ့မှ ကုန်စိမ်း ၀င်ရောက်မှု သိသိသာသာ လျော့ကျလျက် ရှိသောကြောင့် ကုန်စိမ်း ကုန်သည်များ အခက်အခဲ ဖြစ်ကာ ဈေးကွက် တွင်းလည်း ဈေးအနည်းငယ် မြင့်တက်လျက် ရှိကြောင်း သိရသည်။

သီရိမင်္ဂလာဈေး အပြောင်း အရွှေ့ကြောင့် အထက် မြန်မာပြည်နှင့် နယ်မြို့များမှ သီရိမင်္ဂလာ ဈေးသို့ ပုံမှန်သွင်းနေကျ ကုန်စိမ်း ပမာဏထက် ၃ ပုံ ၁ ပုံကျော်ခန့် အထိ လျှော့သွင်း လာခြင်း ဖြစ်ကြောင်း ကုန်စိမ်း ကုန်သည် များထံမှ စုံစမ်းသိရှိရသည်။

“ပြောင်းရ တော့မယ် ဆိုတော့ ဈေးကွက် အပြောင်းအလဲ ဖြစ်မယ်၊ ကြွေးအတွက် စိတ်မချရ တော့ဘူး ဆိုပြီး သူတို့က သေချာတဲ့ မန္တလေး ဈေးကွက်ကိုပဲ ပြောင်းပို့ နေကြပြီ။ ဒီမှာတော့ ကုန်အ၀င် နည်းလာပြီ။ ကြာရင် ရောင်းဈေးလည်း သိသိသာသာ မြင့်လာတော့မယ်” ဟု အဆိုပါ သီရိမင်္ဂလာဈေးမှ ကုန်စိမ်းကုန်သည်တဦးက ပြောသည်။

လက်ရှိ ရန်ကုန် ကုန်စိမ်းဈေးကွက်တွင် ကုန်စိမ်းများမှာ ယခင်ဈေးနှုန်းထက် အနည်းငယ်ခန့်သာ မြင့်တက်သွားသော်လည်း ကုန်စိမ်းဝင်ရောက်မှု ဆက်လျက်လျော့နည်းလာပါက သိသိသာသာ မြင့်တက်လာဖွယ်ရှိကြောင်း ကုန်သည်များက
ပြောဆိုသည်။

“အခုတောင် ဂေါ်ဖီတထုပ်ကို ၄၀၀ ကျပ်နှုန်းနဲ့ လက်ငင်းယူနေရတယ်။ အရင်က တထုပ်ကို အများဆုံး ၃၀၀ လောက်ပဲ ကျတာ” ဟု သီရိမင်္ဂလာဈေးမှ ကုန်စိမ်းသည်တဦးက ဆိုသည်။

ရန်ကုန် သီရိမင်္ဂလာဈေးသည် ယခင် လမ်းမတော် ကီလီဈေးဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် သီရိမင်္ဂလာဈေးအဖြစ် ဆောက်လုပ်ကာ ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဈေးအဆောက်အအုံဆောက်လုပ်ရာတွင် ဈေးသူဈေးသားများ၏
စိုက်ထုတ်ငွေများ ပါဝင်သည်ဟုသိရသည်။

အဆိုပါ ဈေးတွင် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပန်း၊ ငါးပိ၊ ငါးခြောက် ဈေးတန်းတို့ပါဝင်ပြီး ကုန်စိမ်များနှင့် သစ်သီးဝလံများအား
မြန်မာပြည်အနှံ့အပြားသို့ အဓိက တင်ပို့ရောင်းချနေသော ဈေးကြီးဖြစ်သည်။

လက်ရှိ အခြေအနေအရ သီရီမင်္ဂလာဈေး အပြောင်းအရွှေ့ကြောင့် ကုန်စိမ်းအဓိကထွက်သည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ မန္တလေးတိုင်း တို့မှ ကုန်သည်များမှာ မန္တလေးဈေးကွက်သို့သာ ကုန်စိမ်းများ တင်ပို့နေကြကြောင်း၊ သီရိမင်္ဂလာဈေးသို့ တင်ပို့လျင်လည်း လက်ငင်း ငွေချေစနစ် ကိုသာ ကျင့်သုံးနေကြောင်း သိရသည်။

သီရိမင်္ဂလာဈေး ကုန်စိမ်းတန်းများနှင့် ငါးခြောက်တန်းများအား လှိုင်မြို့နယ်သို့ ပြောင်းရွှေ့ရမည်ဟု အမိန့် ထွက်လာခဲ့သော မေလ ၂၈ ရက်နေ့ နောက်ပိုင်းမှ စ၍ သီရိမင်္ဂလာဈေးတွင် ကုန်သည် အ၀င်နည်းခဲ့ခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသများမှ တိုက်ရိုက် တင်သွင်းနိုင်သော သစ်သီးဝလံ ဈေးကွက်ကို ထိခိုက်မှု မရှိသော်လည်း ကုန်စိမ်းဈေးကွက် အကြီးအကျယ် ထိခိုက်မှုရှိကြောင်း ကုန်သည်များက ပြောဆိုကြသည်။

သီရိမင်္ဂလာဈေးသည် ကြည့်မြင်တိုင်တဘက်ကမ်းတွင် တည်ရှိသောကြောင့် ရန်ကုန် ကြည့်မြင်တိုင် ဆိပ်ကမ်းတွင် မြောက် ကိုရီးယားဘက်မှ သင်္ဘောများ ဝင်ထွက်သည်ကို လူမမြင်စေရန်အတွက် ဈေးကို ပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်ဟု ဈေးသူဈေးသားများက ပြောဆိုနေကြသည်။

သို့ရာတွင် သီရိမင်္ဂလာဈေးရှေ့၌ ယာဉ်ကြောပိတ်ဆို့မှု များပြားသည်ဟု ဆိုကာ အာဏာပိုင်များက ရွှေ့ပြောင်းရန် အမိန့်ထုတ်ခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်