ရန်ကုန် ယူနိုက်တက်ပိုင်ကား သုံးစွဲမှု ဘောလုံး အဖွဲ့ချုပ် ဝေဖန်ခံရ

E-mail Print
စင်ကာပူ လူငယ် အသင်းနှင့် ခြေစမ်းပွဲများတွင် မြန်မာ အသင်း အကြိုအပို့ လုပ်ရာ၌ ရန်ကုန် ယူနိုက်တက် အသင်းပိုင် ကားကို သုံးစွဲခဲ့သဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အားကစား ကလောင်ရှင်များက မေးခွန်းထုတ် ဝေဖန်လျက်ရှိကြောင်း သိရသည်။


ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး စခန်းတွင် အသက် ၂၃ နှစ်အောက် မြန်မာအသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်းတို့သည် စင်ကာပူလူငယ် အသင်းနှင့် ဇူလိုင်လ ၂ ရက်နှင့် ၄ ရက်နေ့များတွင် ချစ်ကြည်ရေး ခြေစမ်းပွဲကစားခဲ့ကြပြီး ၂ ပွဲစလုံး၌ ဦးတေဇ၏ ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်း တံဆိပ်ပါ နံပါတ်တပ်ဆင်ထားခြင်း မရှိသော ဘတ်စ်ကားကို မြန်မာကစားသမားများ စီးနင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ပြန်ကြားရေး အရာရှိ ဦးစိုးမိုးက ယင်းကဲ့သို့ မေးခွန်းထုတ်စရာ ရှိလာမည်ကို ကြိုတင် မှန်းဆမိခဲ့ သော်လည်း မော်တော်ယာဉ် အခက်အခဲကြောင့် အသုံးပြုခဲ့ရကြောင်း စင်ကာပူအသင်းနှင့် ဒုတိယမြောက် ခြေစမ်းပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။

ဦးစိုးမိုးက “နေရာတကာမှာ စည်းမျဉ်း စည်းဘောင်တွေ သိပ်ပြီးမပြောကြပါနဲ့” ဟု ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် မော်တော်ယာဉ် ၀ယ်ယူနိုင်ရန် ငွေကြေးအပြင် တခြား လိုအပ်ချက်များစွာ ရှိကြောင်း ဦးစိုးမိုးက ပြောသော်လည်း အသေးစိပ်ကိုမူ ပြောကြားခြင်းမရှိပေ။

ရန်ကုန် ယူနိုက်တက် အသင်းပိုင်ရှင် ဦးတေဇသည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ နာယက တဦးလည်းဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ် အတွက်အဆင်ပြေသဖြင့် ထိုကဲ့သို့ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးမိုးက ဖြေရှင်းခဲ့သည်။

“ရန်ကုန်အသင်းကို ကြော်ငြာသလို ဖြစ်နေတာ သိပါတယ်။ တခါတလေ လူကြီး တယောက် စီစဉ်တာ ငြင်းရခက်ပါတယ်” ဟု အားကစားဂျာနယ် အယ်ဒီတာ လုပ်ခဲ့ဖူးသူ ဦးစိုးမိုးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကဲ့သို့သော အသင်းကြီး အနေဖြင့် လက်ရွေးစင် အသင်းသားများအတွက် မော်တော်ယာဉ် ၀ယ်ယူရန် အခက်အခဲမရှိနိုင်ကြောင်း အပတ်စဉ်ထုတ် အားကစားဂျာနယ်မှ အယ်ဒီတာများက သုံးသပ်ကြသည်။

ပြီးခဲ့သော မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲတွင် မန္တလေး ဗထူး အားကစားကွင်းတွင် ကျင်းပခဲ့သော ရန်ကုန်နှင့် ရတနာပုံအသင်းတို့၏ ပြိုင်ပွဲအတွက် စာနယ်ဇင်းသမားများကို ဦးတေဇ က ကမကထပြု ခေါ်ယူစဉ်ကလည်း ထိုကဲ့သို အငြင်းပွားစရာ ဖြစ်ခဲ့ဖူးသည်။

ဦးတေဇက ရန်ကုန် ယူနိုက်တက် အသင်းပိုင်ရှင်အနေဖြင့် ခေါ်ယူခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက အနေဖြင့် ခေါ်ယူခြင်းသာဖြစ်ကြောင်း ထိုစဉ်က ဖြေရှင်းခဲ့သည်။

စစ်အစိုးရနှင့် နီးစပ်သောသူဌေးများ ပိုင်ဆိုင်သည့် ကလပ်အသင်းများ၏ စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်ပါက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က အမြဲတစေ အကာအကွယ် ပေးလေ့ရှိကြောင်း သိရသည်။

ယမန်နှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော မြန်မာ နေရှင်နယ် လိဂ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် Max Myanmar ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော် ၏ Delta United နှင့် ရတနာပုံ အသင်း ကစားပွဲတွင် မန္တလေး ပရိသတ်များက ဦးဇော်ဇော်သည် ဒိုင်၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးနေကြောင်း ဝေဖန်မှုကြောင့် Delta United ကို Premier Coffee Company သို့ လွှဲပြောင်းပေးခဲ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်