နိုင်ငံရေးအကျဉ်းသားများ၏ ရှေ့နေများ ဖိအားပေးခံနေရ

E-mail Print
စစ်အစိုးရက ဖမ်းဆီးအရေးယူထားသော နိုင်ငံရေးလှုပ်ရှားသူများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေး နေသည့် ရှေ့နေ များသည် အာဏာပိုင်များ၏ ဖိအားပေး အကျပ်ကိုင်မှုများနှင့် ရင်ဆိုင်နေရကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံရေး အကျဉ်းသား မိသားစုများ အသိုင်းအ၀န်းမှ သိရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများကို အကျိုးဆောင်ပေးနေသည့် ရှေ့နေတဦးဖြစ်သူ ကိုညီညီလှိုင်အား မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ရန်ကုန်တိုင်း တရားရုံးမှ တိုင်းတရားသူကြီး(၂)က တနလာင်္နေ့တွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းမှူးက လွန်ခဲ့သော သောကြာနေ့က အကြောင်းကြားခဲ့ သည်ဟု ကိုညီညီလှိုင်နှင့် နီးစပ်သူ တဦးက ပြောသည်။

“ရှေ့နေ ကိုညီညီထွေးကို ဖမ်းတုန်းကလည်း လှိုင်သာယာ ရဲစခန်းက ရဲအုပ်က ခရိုင်ရုံးက ခေါ်နေတယ်လို့ ပြောလို့ သွားတာ အဖမ်းခံလိုက်ရတယ်၊ ကိုညီညီလှိုင်ကတော့ ဒီနေ့ သွားမယ်လို့ ပြောတယ်၊ အခုထိ အခြေအနေ မသိရသေးဘူး”ဟု ၎င်းက ပြောပြသည်။

ကိုညီညီထွေးကို စံပြအနေနှင့် အရေးယူခြင်း ဖြစ်နိုင်ကြောင်း၊ ရှေ့နေများကို ပြင်ပလောကနှင့် နိုင်ငံရေး အကျဉ်းသား များကြားတွင် ကြားခံဆက်သွယ်ပေးနေသူများဟု အာဏာပိုင်များက ထင်မြင်သည့်အတွက် ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။

ရှေ့နေ ကိုညီညီထွေးကို ၎င်း၏အမှုသည်များဖြစ်သော လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်၊ ကိုရန်နိုင်ထွန်းတို့နှင့်အတူ တရားရုံးအား အနှောင့် အယှက်ပေးသည့် ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက လွန်ခဲ့သော ကြာသပတေးတွင် ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုညီညီထွေးသည် ၂၀၀၇ ခု ဇွန်လ ၁၉ ရက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်သည့်အတွက် အဖမ်းဆီးခံရသော လှိုင်သာယာမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၁ ဦး၏ အမှုကို လိုက်ပါ အကျိုးဆောင်ပေးနေစဉ် ဤကဲ့သို့ ဖမ်းဆီး အရေးယူခံရခြင်းဖြစ်သည်။

ရှေ့နေကြီး ဦးအောင်သိန်းကိုလည်း အကြောင်းပြချက်မသိရဘဲ တရားရုံးက လာမည့် လဆန်း ၆ ရက်တွင် ဆင့်ခေါ်ထား ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အတွင်းရေမှူး ဦးအောင်ထူးက မည်သည့် ပြစ်မှုမှ မကျူးလွန်သည့် ရှေ့နေ တဦးအား အရေးယူထောင်ဒဏ်ချမှတ်ခြင်းသည် ဥပဒေကို အလွဲသုံးစားပြုလုပ်ခြင်းပင် ဖြစ်သည်ဟု ပြောဆိုသည်။

“ကျနော် သိသလောက် ဦးညီညီထွေးက သူ့အမှုသည်တွေ ရစရာရှိတဲ့ အခွင့်အရေးကို တရားခွင်မှာ တောင်းဆိုတာပဲ၊ ဒါ ရှေ့နေတိုင်းမှာ တောင်းဆိုခွင့်ရှိတယ်၊ ဒါ ရှေ့နေရဲ့တာဝန်ပဲ၊ တောင်းကို တောင်းဆိုရမှာဖြစ်တယ်၊ အဲဒီလို တောင်းဆိုချက် တွေ အကုန်လုံးက တရားဝင်တယ်၊ တရားရုံးကို မထေမဲ့မြင်လုပ်တာမဟုတ်ဘူး၊ ဒီလို တောင်း ဆိုတာကို တရားရုံးကို မထေမဲ့မြင်လုပ်တယ်ဆိုရင်တော့ ဒါ ဥပဒေကိုအလွဲသုံးစားလုပ်တာပဲ၊ အဲဒီလိုအလွဲသုံးစား လုပ်ပြီး လွတ်လပ်တဲ့တရားစီရင် ရေးစနစ်ကို တရားသူကြီးတွေကိုယ်တိုင် ဖျက်ဆီးတာပဲ၊ ဒီနေ့ တရားသူကြီး တွေ က နအဖ ရဲ့ လက်ကိုင် တုတ်တွေဖြစ်နေ ပြီလို့ ပြောလို့ ရတယ်”ဟု ဦးအောင်ထူး ကပြောသည်။

ကိုညီညီလှိုင်၊ ကိုညီညီထွေးအပါအ၀င် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးလှုပ်ရှားသူများ၏အမှုများကို အကျိုးဆောင် ပေးနေ သော ရှေ့နေများမှာ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ ဦးမြင့်သောင်း၊ ဦးကျော်ဟိုး၊ ဦးမောင်မောင်လေး၊ ဦးတင်မောင်ဦး၊ ကိုစောကျော်ကျော်မင်း၊ ကိုဖိုးဖြူ၊ ဦးတင်တိုး၊ ဦးလှမြင့်၊ ဒေါ်ခင်ဌေးကြွယ် စသဖြင့် ၁၃ ဦးခန့် ရှိကြောင်း ထိုင်းနိုင်ငံအခြေ စိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ပြောဆိုချက် အရ သိရသည်။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ၉ ဦး ကိုလည်း ၎င်းတို့အား ရုံး ထုတ် စစ်ဆေးချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုများနှင့် အများပြည်သူ လာရောက် ကြားနာခွင့် ပြုရန်တို့ကို တောင်းဆိုသည့်အတွက် တရားစီရင်မှုကို အနှောင့်အယှက်ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာပိုင်များက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက်တနေ့၌ အင်းစိန် ထောင်မှ မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ယခု ဖမ်းဆီးခံထားရသည့် ၈၈ ကျောင်းသားအဖွဲ့မှ ကိုလှမျိုးနောင်သည် အကျဉ်းထောင်အတွင်း၌ မျက်စိ ဝေဒနာကို ဆိုးဝါးစွာ ခံစားနေရကြောင်း ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက ပြောသည်။
ကိုလှမျိုးနောင်သည် ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့တွင် ၎င်း၏ မျက်စိဝေဒနာကို ဆေးခန်းသို့ သွားပြရာလမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ကိုလှမျိုးနောင်၏ ညာဘက်မျက်စိမှာ အကျဉ်းထောင် အတွင်းနှိုက်ပင် ကွယ်သွားခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်