တာချီလိတ်နှင့် မယ်ဆိုင်ရှိ နယ်စပ်ဈေးများ အရောင်းအဝယ်နည်းပါး

E-mail Print
ထိုင်းခရီးသွားလုပ်ငန်း ကျဆင်းမှုကြောင့် ခရီးသွားအများကို အမှီပြုရပ်တည်လျက်ရှိသော ထိုင်း-မြန်မာ နယ်စပ်ဈေးများ ဖြစ်ကြသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လွယ်ပေါင်းဈေးနှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ တာလော့ဈေးတို့တွင် ကုန်စည် အရောင်းအဝယ်သည် ယခင်နှစ်များနှင့်နှိုန်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်ဟု သိရသည်။

ကမ္ဘာ့ငွေကြေးကြပ်တည်းမှုနှင့် လတ်တလောဖြစ်ပွားနေသည့် ထိုင်းနိုင်ငံရေးပြဿနာများကြောင့် နိုင်ငံခြားသား ခရီးသွား များနှင့် ထိုင်းနိုင်ငံသားခရီးသွားများ လာရောက်လည်ပတ်မှုနည်းရခြင်းဖြစ်သည်ဟု တာလော့ဈေးရှိ မြန်မာနိုင်ငံသား ဈေးသည်တဦးက ဧရာဝတီကို ပြောဆိုသည်။

“စက်တင်ဘာလနောက်ပိုင်း ဆောင်းဝင်ပြီဆိုတာနဲ့ နှစ်စဉ်နှစ်တိုင်း အရောင်းအဝယ် အတော်သွက်လာတယ်။ ဒီနှစ်ကျတော့ အရောင်းအဝယ်အရမ်းကျတာမှ ၄၀ ရာခိုင်းနှုန်းလောက်ကို ကျတယ်။ ချင်းမိုင်က ဗီဇာကိစ္စလာတဲ့ နိုင်ငံခြားသားတချို့က လွဲပြီး ကျန်တဲ့နိုင်ငံခြားသားမရှိဘူး။ ထိုင်းတွေလည်း သူတို့နိုင်ငံရေးမတည်ငြိမ်တာရယ် စီးပွားရေးကျတာရယ်ကြောင့် သိပ်မလာကြဘူး” ဟု အဆိုပါ ဈေးသည်က ပြောသည်။

၎င်းဒေသသည် ပုံမှန်အားဖြင့် အောက်တိုဘာလမှ ဧပြီလကုန်အထိ နိုင်ငံခြားသားခရီးသွားများဖြင့် စည်ကားလျက်ရှိပြီး ထိုင်းနိုင်ငံ၏ အစိုးရရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်တို့တွင် ထိုင်းခရီးသွားတို့ဖြင့် စည်ကားလေ့ရှိသည်။ အဆိုပါခရီးသွား များသည် မယ်ဆိုင်ရှိနယ်စပ်ဂိတ်မှတဆင့် တာချီလိတ်ရှိ တာလော့ဈေးအထိ သွားရောက်လည်ပတ်ကာ ဈေးဝယ်လေ့ ရှိသည်။

အဆိုပါ ဈေး ၂ ဈေးတွင်လုပ်ကိုင်နေသူအများ၏ ၇၀ ရာခိုင်းနှုန်းသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး တရုတ်နှင့် ထိုင်းလူမျိုး များလည်း ၎င်းဈေးများတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“တာလော့ဈေးက ရောင်းအားပိုကျတာပေါ့။ ကားကြီးတွေနဲ့လာတဲ့ ဧည့်သည်အများစုက မြန်မာဘက်ကမ်းကို တန်းပြီးကူး သွားပြီး ဈေးဝယ်ကြတာ၊ တချို့သယ်လို့မရတဲ့ပစ္စည်းလောက်သာ ဒီဘက်ကမ်းမှာဝယ်ကြတာ။ အရင် ဒီလိုအချိန် စနေ၊ တနင်္ဂနွေဆိုရင် တိုးမပေါက်အောင် စည်ကားတာ။ အခုတော့တချို့ဆိုင်တွေလည်း ပိတ်ထားကြတယ်” ဟု မယ်ဆိုင်ဘက်ကမ်းရှိ ဈေးသည်က ပြောသည်။

အဆိုပါဈေးများတွင် အဓိကအရောင်းသွက်ခဲ့သည့် ကုန်ပစ္စည်းများမှာ တရုတ်နိုင်ငံထုတ် လျှပ်စစ်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆပ်ပြာနှင့် မြန်မာနိုင်ငံထုတ် သနပ်ခါးမှုန့်တို့ ဖြစ်ကြသည်။

နယ်စပ်ဈေးများတွင် ရောင်းအားကျဆင်းလျက်ရှိသော်လည်း ၎င်းဒေသ၏ နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်အခြေအနေတွင်ရှိ သည်ဟု လွယ်ပေါင်းဈေးရှိ ဈေးသည်က ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးကတော့ သိပ်မဆိုးပါဘူး၊ ပစ္စည်းအဝင်အထွက်တွေ ရှိတယ်။ မြန်မာဘက်ကမ်းကို ထိုင်းဘက်က ပစ္စည်းတွေ မှန်လုံကားတွေနဲ့ ဝင်နေတာတွေ ရှိတယ်။ လောလောဆယ်တော့ ပစ္စည်းသယ်တဲ့အဖွဲ့တွေ၊ လ၀က နဲ့ ရဲတွေ အလုပ်ဖြစ်နေကြတာပေါ့”  ဟု ၎င်းက ဆက်ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်