စစ်အစိုးရ၊ DKBA ပူးပေါင်းတပ်များနှင့် KNU တိုက်ပွဲများကြောင့် ကရင်ရွာသားများ ထွက်ပြေး တိမ်းရှောင်ကြရ

E-mail Print
မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) ပူးပေါင်းတပ်များနှင့် ကရင် အမျိုးသား အစည်းအရုံး(KNU)တို့အကြား တိုက်ပွဲများ ဖြစ်ပွား မှုကြောင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ရာနှင့် ချီသော ကရင် ရွာသားများ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း သိရသည်။

လွန်ခဲ့သည့် စနေ၊ တနင်္ဂနွေရက်များက တိုက်ပွဲများ ပြင်းပြင်း ထန်ထန်ဖြစ်ပွားပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်ရှိ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၂၀၁ စခန်းကို DKBA တပ်ဖွဲ့များက သိမ်းယူခဲ့သည်ဟု KNLA ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။

KNLA  ပြောရေးဆိုခွင့်ရှိသူ တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်ကြီး ဘူးဖော က ယခု တိုက်ခိုက်မှုသည်  မြန်မာ စစ်အစိုးရ က ၎င်းတို့ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ KNLA တပ် စခန်းများကို သိမ်းယူ ရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတခုဖြစ်သည်ဟု ပြောဆိုသည်။

DKBA တပ်ဖွဲ့ဝင်တဦးကမူ DKBA အနေနှင့် လက်နက်ချ၍ ရွေးကောက်ပွဲဝင်မည်ကို သံသယရှိကြောင်း၊ DKBA သည် ထိုင်း မြန်မာနယ်စပ်ဒေသကို ထိန်းချုပ်၍ စီးပွားရေး လုပ်ငန်းလုပ်ဆောင်လိုခြင်းဖြစ်ကြောင်း ပြောသည်။

DKBA သည် လွန်ခဲ့သော သြဂုတ်လလယ်ကပင် ကရင်ပြည်နယ် တောင်ပိုင်း ဘားအံခရိုင်အတွင်းတွင် တပ်သား သစ်များ စုဆောင်းပြီး ရွာသားများကို အဓမ္မဖိအားပေး၍ စစ်သင်တန်းများ တက်ရောက်ခိုင်းကာ KNLA ကို ထိုးစစ် ဆင်ရန် ပြင်ဆင် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကရင်တိုင်းရင်းသားများ၏ ပြောဆိုချက်အရ သိရသည်။

ထိုင်း အာဏာပိုင်များကမူ တိုက်ပွဲဖြစ်ပွားရာဒေသရှိ ထိုင်းရွာသားမျာကို DKBA က လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်ရ သည့်အတွက် KNLA အနေနှင့် DKBA ကို ပြန်လည် မတိုက်ရန် ပြောဆိုသည်ဟုလည်း ဗိုလ်ကြီး ဘူးဖော က ပြောပြသည်။

အောက်တိုဘာလ အစောပိုင်းက DKBA တပ်ရင်း ၉၀၇ မှ ဒါဇင်ပေါင်းများစွာရှိသော တပ်သားများသည် ထိုင်း နိုင်ငံ တာ့ခ် ခရိုင် အုန်းဖန်နယ်အတွင်းရှိ မယ့်ခလောင်ခီး ရွာသို့ ၀င်ရောက် တိုက်ခိုက်မှုကြောင့် ရာနှင့်ချီသော ထိုင်းရွာသားများ ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးကြရကြောင်းနှင့် ပြောင်းခင်း တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ ကြောင်း အထက်ပါ ဗိုလ်ကြီး ဘူးဖော က ပြောသည်။

ကရင်တိုင်းရင်းသား ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များ ကူညီကယ်ဆယ်ရေး ကော်မတီမှ နော်အိုင်းရစ် က လည်း မကြာသေးခင်က တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ကရင်ဒုက္ခသည် ၅၀၀ ခန့် ထွက်ပြေး ရောက်ရှိလာကြောင်း ပြောဆိုသည်။

တခြားသော ကရင်ဒုက္ခသည်ကူညီကယ်ဆယ်ရေး အဖွဲ့တဖွဲ့ဖြစ်သည့် Free Burma Rangers (FBR) အဖွဲ့က ထုတ်ပြန် သည့်အစီရင်ခံစာတွင် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်အများစုသည် ဆေးဝါး၊ သောက်သုံးရေသန့်နှင့် စားနပ်ရိက္ခာ အခက် အခဲများ ကြုံတွေ့နေရကြောင်း၊ ယင်းဒုက္ခသည်များ နယ်စပ်သို့ ထပ်မံရောက်ရှိလာမည်ကို ထိုင်း ရွာသားများကလည်း အလွန်စိုးရိမ်မှုများဖြစ်နေကြကြောင်း ဖော်ပြထားသည်။

မြန်မာစစ်တပ်နှင့် DKBA တပ်သားများက ရွာသားများထံမှ စားရေရိက္ခာများကို အဓမ္မသိမ်းယူကြသည်ဟု ကရင် ရွှေ့ပြောင်း ဒုက္ခသည် တဦးက ပြောကြောင်းလည်း FBR အစီရင်ခံစာတွင် ပါရှိသည်။

FBR အစီရင်ခံစာ၌ မြန်မာစစ်တပ်နှင့် DKBA တပ်ဖွဲ့များသည် ရွာပေါင်း ၄ ရွာရှိ အခြေခံပညာ စာသင်ကျောင်း ၄ ကျောင်း၊ စိုက်ခင်းပေါင်း ၂၆ ခင်း နှင့် အနည်းဆုံး အိမ်ခြေ ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မြေမြုပ်မိုင်းများကို လည်း ထောင်ခဲ့ကြောင်း ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်