နာဂစ် ကလေးငယ်များ ကျောင်းပြန်မတက်နိုင်သေး

E-mail Print
နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ ၆ လရှိပြီဖြစ်သော်လည်း ကျောင်းပြန်မတက်နိုင်သည့် ကလေးငယ် သုံးသိန်းခန့်ရှိသည် ဟု Save the Children အဖွဲ့က ဆိုသည် ။

Save the Children အဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားလှယ် အင်ဒရူး ခရစ်ဝတ်ဒ် (Andrew Kirkwood) က မုန်တိုင်းဒဏ်ခံရ သည့်ဒေသအတွင်းရှိ ကလေးငယ် ၄ သိန်းခန့် ကျောင်းပြန်မတက်နိုင်ကြောင်း၊ ၎င်းတို့အဖွဲ့က ကလေးတသိန်း ကျောင်း တက်နိုင်ရန် စီစဉ်ပေးနိုင်ခဲ့ကြောင်း ပြောသည်။

မုန်တိုင်းဒဏ်ခံရသည့်ကလေးငယ်များ ကျောင်းပြန်တက်နိုင်ရေးအတွက် ယာယီကျောင်းပေါင်း ၃၅၀ ကျော် ဆောက်လုပ် ပေးခဲ့သည်ဟု အောက်တိုဘာလ ၃၁ ရက်နေ့ထုတ် Save the Children အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးငယ်အများစုသည် ၎င်းတို့၏မိဘများနှင့်အတူ နေ့စဉ်ကြုံတွေ့နေရသည် ဒုက္ခများကို ဖြတ်သန်းနေရသဖြင့် ကျောင်း ပြန်တက်နိုင်ခြင်းမရှိကြောင်း ဘိုကလေးမြို့ရှိ ကျောင်းသားမိဘတဦးက ပြောသည်။

ဘိုကလေးရှိ အိမ်ရှင်မတဦးကလည်း “ကားလမ်းတလျှောက်မှာ ကလေးတွေ တောင်းရမ်းနေကြတာ၊ ဈေးရောင်းနေတာ၊ အမှိုက်ကောက်နေတာတွေ တွေ့နိုင်ပါတယ်။ တချို့မိဘတွေကလည်း ကလေးတွေကို ကျောင်းပြန်မတက်ခိုင်းဘဲ တောင်းစားခိုင်းတာမျိုးတွေ ရှိပါတယ်” ဟု ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေကြေပျက်ဆီးသူ တသိန်း လေးသောင်းအနက် ၄၀ ရာခိုင်နှုန်းသည် ကလေးငယ်များ ဖြစ်ကြသည်ဟု Save the Children အဖွဲ့က ဆိုသည်။ အသက်မသေဘဲ ကျန်ရစ်သည့် ကလေးငယ်အများအပြားသည် လည်း မိဘမဲ့များနှင့် မိဘများနှင့် ကွဲကွာလျက် ရှိသည်။

ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အစီရင်ခံစာတွင် မိဘမဲ့ကလေး ၂၂၀ ရှိပြီး မိဘများနှင့်ကွဲကွာနေသည့်ကလေးငယ် ၉၁၄ ဦး တွေ့ရှိကြောင်း ဖော်ပြထားသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ကျောင်းစုစုပေါင်း၏ တဝက်ကျော်ပျက်စီးသည်ဟု Save the Children အဖွဲ့က ဆိုသည်။

နာဂစ်ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် စစ်အစိုးရတို့ ပူးပါင်းဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (တီစီဂျီ) ဥက္ကဌ ဦးကျော်သူကမူ ၎င်းတို့ထုတ်ပြန်ထားသည့် ကြေညာချက်တွင် မုန်တိုင်းသင့်ဒေသများရှိ ကလေးငယ်များ ကျောင်းပြန်တက်လျက်ရှိပြီး လူကြီးများသည်လည်း လုပ်ငန်းခွင်သို့ပြန်ဝင်နေကြကြောင်း ပြောဆိုထားသည်။

ဦးကျော်သူသည် စစ်အစိုးရ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်