အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးပြုလုပ်

E-mail Print
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(အန်အယ်လ်ဒီ)၏ ယမန်နေ့က ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ စုံညီအစည်းအဝေး တွင် အန်အယ်လ်ဒီပါတီတွင်း ကြုံတွေ့နေသည့် အခက်အခဲများကို သုံးသပ်ဆွေးနွေး ကြကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးပွဲတွင် မကြာသေးခင်က စစ်အစိုးရ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာ သည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် အန်အယ်လ်ဒီ လွှတ်တော်အမတ်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးခင်မောင်ဆွေတို့လည်း တက်ရောက်ခဲ့သည်။

ဦးခင်မောင်ဆွေက“ အချိန်က ၃နာရီကျော်ပဲကြာတယ်၊  အန်ကယ်တို့မရှိခင် ပါတီကိုဘယ်လိုသယ်ဆောင် လာခဲ့တယ် ဆိုတာရယ်၊ နောက်ကြောင်းပြန်ပြောတယ်၊ လူငယ်ကိစ္စလည်း အနည်းနည်း ဆွေးနွေးဖြစ်ပါ တယ်” ဟု ပြောသည်။

၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းဖြစ်ပွားပြီးနောက်ပိုင်း အာဏာပိုင်များက အယ်အယ်လ်ဒီ၏ နယ်ရုံးဖွင့်ခွင့် ပိတ်ပင်ထား ခြင်း၊ တရားဝင် အန်အယ်လ်ဒီဆိုင်းဘုတ် တင်ခွင့်မရခြင်း၊ ရန်ကုန်ရှိ အဖွဲ့ချူပ်ရုံးအပိတ်ခံရခြင်း၊ ပြည်သူများကလည်း အဖွဲ့ချူပ် အဖွဲ့ဝင်များနှင့်ဆက်ဆံရမှာကို ထိတ်လန့်ကြခြင်း၊ မြို့နယ်များရှိ အဖွဲ့ဝင်များ သည်လည်း သက်ဆိုင်ရာအာဏာပိုင် များ၏ တင်းကျပ်မှုများကြောင့် လွတ်လပ်စွာလှုပ်ရှားလုပ်ကိုင်ခွင့်မရခြင်း စသည့် စစ်အစိုးရဖိနှိပ်မှုများကြားမှ လှုပ်ရှား လုပ်ကိုင်နေရခြင်းများကို ယခုအစည်းအဝေးတွင်ပြောဆို ဆွေးနွေးသည်ဟု လည်း ဦးခင်မောင်ဆွေကပြောသည်။

ယင်း အစည်းအဝေးတွင် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သေသေချာချာ ဆွေးနွေးမှု မရှိခဲ့ကြောင်း သိရသည်။

“လက်ရှိစစ်အစိုးရ က ၂၀၁၀ ရွေးကောက်ပွဲကို အတင်းဆွဲခေါ်နေတဲ့ကာလမှာ၂၀၁၀ရွေးကောက်ပွဲကို အဖွဲ့ချူပ်အနေဖြင့် စဉ်းစားနိုင်ခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်ရာအာဏာပိုင်များက နိုင်ငံရေးပြဿနာတွေကို နှစ်ဦး နှစ်ဘက်တိုက်ရိုက်ဆွေးနွေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲအပါအဝင် နိုင်ငံရေး ပြဿနာ အားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တဦးတည်းအနေနဲ့ယူဆပါတယ်” ဟု ဦးခင်မောင်ဆွေက ၎င်း၏သဘောထားကိုပြောသည်။

မိထ္ထိလာမြို့နယ်ရှိ အန်အယ်လ်ဒီ အဖွဲ့ဝင်များကလည်း နိုဝင်ဘာ ၁ ရက်နေ့က မိထ္ထိလာခရိုင် အစည်းအဝေး ဆုံးဖြတ်အရ တောင်းဆိုချက် ၃ချက်ကို ဗဟိုအလုပ်အလုပ်အမှု ဆောင်အဖွဲ့သို့ စာဖြင့်ပေးပို့မည်ဖြစ်ကြောင်း မိထ္ထိလာမြို့နယ် အန်အယ်လ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး ကပြောသည်။

တောင်းဆိုချက်များမှာ“ဗဟိုအလုပ်အမှုဆောင်အဖွဲ့များကို တိုးချဲ့အားဖြည့် ဖွဲ့စည်းပေးပါရန်၊ တနိုင်ငံလုံးရှိ အန်အယ်လ်ဒီ အဖွဲ့ချူပ်မှ အရွေးချယ်ခံ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအားလုံးကို အစည်းအဝေး တရပ်ခေါ်ယူ ကျင်းပပေးရန်၊ ဗဟိုလူငယ်အဖွဲ့ပြန်လည် ဖွဲ့စည်းပေးရန်”တို့ ဖြစ်ကြောင်း ဒေါ်မြင့်မြင့်အေး ကပြောသည်။

ဒေါ်မြင့်မြင့်အေးက ဆက်လက်ပြီး “လောလောဆယ်အနေအထားအရ တဘက်အာဏာရှင်နဲ့ ယှဉ်ပြိုင်နိုင်ဖို့ က ကျမတို့ ပါတီမှာ အင်အားရှိဖို့လိုတယ်။ ဗဟိုကအားရှိမှ ကျမတို့အောက်ခြေကအားရှိမယ်။ ဗဟိုက အစည်းအဝေးခေါ်မယ်။ ဗဟိုကို အင်အားဖြည့်ဆည်းမယ်၊ အားမာန်ပါမယ့်ညွန်ကြားချက်တွေလုပ်နိုင်မှ ကျမတို့အောက်ခြေကလုပ်နိုင်မယ်။ ကျမတို့ပါတီက အားရှိမှ တွေ့ဆုံဆွေးနွေးရေးလမ်း ကြောင်းပေါ်
ရောက်မယ်” ဟုလည်း ပြောသည်။

၎င်းအန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်စုံညီအစည်းအဝေးကို နေ့လယ်၁နာရီမှ၎နာရီခွဲအထိ ဆွေးနွေးခဲ့ ပြီး အပတ်စဉ် တနင်္လာနေ့တွင် ကျင်းပမည် ဖြစ်ကြောင်းလည်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်