သတင်းစာရှင်းလင်းပွဲ အမည်တပ်၍ သတင်းထောက်များကို ခေါ်ယူကြိမ်းမောင်း

E-mail Print
ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ပတ်သက်သည့် သတင်းများ မှားယွင်း ရေးသားသည် ဟုဆိုကာ ဘုရင့်နောင် ကုန်စည်ဒိုင် တာဝန်ရှိသူတချို့က သတင်းထောက်များကို ခေါ်ယူ ကြိမ်းမောင်းခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သတင်းထောက်များကို ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဟုဆိုကာ ဘုရင့်နောင်ပွဲရုံ စည်ပင်သာယာရေးကော်မတီရုံးသို့ ခေါ်ယူ၍ တာဝန်ရှိသူများက ကြိမ်းမောင်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရှင်းလင်းပွဲသို့ သွားသည့် သတင်းထောက် တဦးက ပြောပြသည်။

“သတင်းစာရှင်းလင်ပွဲ ဆိုလို့ သွားတာ၊ ခေါ်ဆူတဲ့ပွဲ ဖြစ်နေမှန်း ဟိုရောက်မှ သိလိုက်ရတယ်” ဟု သူက ဆိုသည်။

ဘုရင့်နောင်ပွဲရုံ စည်ပင်သာယာရေး ကော်မတီ ဋ္ဌာနမှူး၊ ဈေးသာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဟန်၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးတင်ယု၊ ဘုရင့်နောင်ပွဲရုံမှ လုပ်ငန်းရှင် တချို့နှင့် မရမ်းကုန်းမြို့နယ် မီးသတ် ဦးစီးဋ္ဌာန ဦးစီးမှူးတို့က ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ကုန်စည်အရောင်းအ၀ယ်သတင်းများ၊ ပွဲရုံဝင်းအတွင်း ကျန်းမာရေး ဆောင်ရွက်မှု သတင်းများကို မှားယွင်း ရေးသားသည်ဟုဆိုကာ သတင်းထောက်များကို ကြိမ်းမောင်းခြင်း ဖြစ်ကြောင်း သိရသည်။

ယခင် တပတ်ကထုတ်ဝေသည့် 7 Days News သတင်းဂျာနယ်တွင် ပါဝင်သည့် “ဘုရင့်နောင်စခန်းတွင် လုံခြုံရေးခွန် တိုးကောက်” ဆိုသည့်သတင်းကို အမှန်တကယ် မကောက်ရသေးခင် ရေးသားသည်ဟုဆိုကာ 7 Days News သတင်းထောက်ကို နာမည်တပ် ကြိမ်းမောင်းခဲ့ပြီး ကျန်သတင်းထောက်များကိုလည်း ဘုရင့်နောင်ပွဲရုံနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ခွင့်ပြုချက် မပေးထားသည့် သတင်းများ ရေးသားသည်ဟုဆိုကာ ဆူပူခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များက ဆိုသည်။

“တချို့ ဂျာနယ်တွေမှာကျတော့ လမ်းပြင်တာကို စည်ပင်ကလုပ်သလိုလို၊ ကြံ့ခိုင်ရေးက လုပ်သလိုလိုနဲ့ ရေးထားတာတွေ ရှိတယ်။ တကယ်တော့ ဒီပွဲရုံမှာ နေတဲ့သူတွေပြင်တာ။ အဲဒီလိုမျိုးတွေ တွေ့ရလို့ ခေါ်ပြောရတာ” ဟု ဈေးသာယာရေး ကော်မတီ တာဝန်ရှိသူတဦးက ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ပွဲရုံဝန်းထဲတွင် ညလုံခြုံရေးကြေး တိုးမြင့်ကောက်ခံသည့် သတင်း မှားသည်ဟု ပွဲရုံကော်မတီ တာဝန်ရှိသူများက ပြောသော်လည်း ထိုသတင်း မှန်ကန်ကြောင်း၊ ငွေးကြေးပိုမို ကောက်ခံသည့် ပြေစာများလည်း ပွဲရုံပိုင်ရှင်များထံတွင် ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် သတင်းများကို သတင်းထောက် တဦးက ပြောသည်။

“ပိုက်ဆံ တိုးကောက်တယ် ဆိုတဲ့ သတင်းဆိုတော့ မကြိုက်လို့ မှားတယ်ဆိုပြီး ခေါ်ပြောတာ။ သတင်းတခုခု ရေးမယ် ဆိုရင်လည်း သူတို့ကိုပြ၊ သူတို့ခွင့်ပြုမှ ထည့်ရမယ်ဆိုပြီး ပြောတယ်။ တကယ်တမ်း ပွဲရုံတန်းထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ သူတို့ပြောတာလုပ်တာတွေက တလွဲတွေချည်းပဲ” ဟု သူက ဆိုသည်။

ဘုရင့်နောင် ပွဲရုံတန်း သာယာရေးကော်မတီ ဥက္ကဌက ပွဲရုံတန်းနှင့် ပတ်သက်သည့် သတင်းများကို ၎င်းတို့ခွင့်ပြုချက် တောင်းခံပြီးမှသာ ဖော်ပြခွင့်ပြုမည်ဖြစ်ပြီး သူတို့သဘောမတူညီသော သတင်းများကို မဖော်ပြနိုင်ရန် စာပေ စိစစ်ရေးကိုလည်း အကြောင်းကြား တားမြစ်ထားမည်ဟု ပြောသည်။

သို့ရာတွင် သတင်းထောက်များက သတင်းများ မှန်၊ မမှန် အချိန်မရွေး အတည်ပြုနိုင်ရန် ပွဲရုံကော်မတီ တာဝန်ရှိသူများ၏ လက်ကိုင် ဖုန်းနံပါတ်များကို တောင်းခံခဲ့ရာ ၎င်းတို့က မပေးဘဲ လွှဲရှောင်ခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်