မွန် အပစ်ရပ် ခေါင်းဆောင် ဗိုလ်ချုပ်ဟောင်း အောင်နိုင် ကွယ်လွန်

E-mail Print
မွန် ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ (Mon Peace and Defense Front - MPDF) ခေါင်းဆောင် အသက် ၇၁ နှစ် အရွယ် ရှိ ဗိုလ်ချုပ်ဟောင်း အောင်နိုင်သည် သြဂုတ်လ ၁၀ ရက်နေ့ ညနေတွင် မွန်ပြည်နယ် မော်လမြိုင်ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

General_Aung_Naimgမွန်ပြည်သစ်ပါတီမှ အငြိမ်းစား ဗိုလ်မှူးကြီး ကောင်းရွတ်က “သူ မွန်ပြည်သစ်ပါတီမှာ ကျနော်တို့နဲ့ တောက်လျှောက် တာဝန်ထမ်းဆောင်ခဲ့တုန်းကတော့ မွန်အမျိုးသားတွေရဲ့ အကျိုးကို တကယ်ပဲ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘ၀ရဲ့ နိဂုံးပိုင်းအချိန်မှာ သူ့သဘောနဲ့သူ လုပ်သွားတာကတော့ ကျနော်တို့  အနေနဲ့  သဘောကျစရာမရှိဘူး” ဟု ပြောသည်။

MPDF မှ တာဝန်ရှိသူ တဦးက “မနေ့ က နေ့လယ်ပိုင်းလောက်မှာ သူ့ရောဂါ အခြေအနေ တော်တော်ဆိုးလာတယ်။ သွေးတွေ အန်လာတယ်။ ဒါကြောင့် ၂ နာရီလောက်မှာ ဆေးရုံပို့ တယ်။ ညနေ ၅ နာရီကျော်တော့ ဆုံးတယ်” ဟု ပြောသည်။

ဗိုလ်ချုပ် အောင်နိုင်သည် ၂၀၀၃ တွင် မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ကော်မတီ အတွင်းရေးမှူးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ရာထူးများ တာဝန်ယူခဲ့ကြောင်း၊ ၂၀၀၄ တွင် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှ အနားယူခွင့် တောင်းခံသဖြင့် တသက်စာ ဆေးကုသခံစားခွင့်နှင့် ခံစားခွင့် စရိတ်များ ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆေးကုသရန် ရန်ကုန်သို့ ထွက်ခွာသွားပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရနှင့် အပေးအယူ လုပ်ကာ MPDF ကို ဖွဲ့စည်းခဲ့သည်။

ဗိုလ်ချုပ်အောင်နိုင်သည် စစ်အစိုးရ တောင်းဆိုချက်အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်ခံသူဖြစ်သော်လည်း တပ်ဖွဲ့တခု တည်ထောင်နိုင်လောက်သည့် အရေအတွက်ရရှိရန် စုဆောင်းနိုင်ခြင်းမရှိဟု သိရသည်။

ဗိုလ်မှူးကြီးဟောင်း ကောင်းရွတ်က “သူဟာ MPDF ကို ဖွဲ့စည်းပြီး မွန်လူထုကို စည်းရုံးနိုင်ခဲ့လိမ့်မယ်လို့ ယူဆခဲ့ပုံ ပေါ်တယ်။ နယ်ခြားစောင့်တပ် ဖွဲ့ဖို့  ကြိုးစားခဲ့ပေမယ့် လူ သုံးလေးဆယ်တောင် မစုစည်းနိုင်တော့ သူ့ရည်မှန်းချက် မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးမှာ သူတော်တော် စိတ်ဓာတ်ကျသွားပုံရတယ်” ဟု ဆိုသည်။

ဗိုလ်ချုပ် အောင်နိုင်သည် မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရွာဇာတိဖြစ်ပြီး ပဲခူးမြို့၊ မွန်စံပြရပ်ကွက်တွင် ကြီးပြင်းခဲ့ ကြောင်း၊ အသက် ၂၀ အရွယ်တွင် မြန်မာ့တပ်မတော်သို့ ၀င်ရောက်ကာ တပ်ကြပ်အဆင့်အထိ အမှုထမ်းခဲ့ကြောင်း၊ ထို့နောက် တောခိုကာ ဗမာပြည် ကွန်မြူနစ်ပါတီသို့ ၀င်ရောက်ခဲ့ကြောင်း၊ ဗမာပြည် ကွန်မြူနစ်ပါတီတွင် ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၆၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ၀င်ရောက်ခဲ့ကြောင်း၊ မွန်အမျိုးသား တော်လှန်ရေး တွင် နှစ်ပေါင်း ၄၀ ကြာ ပါဝင် ထမ်းရွက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်နိုင်၏ ဇနီးမှာ ဒေါ်မိတွန်းဖြစ်ပြီး သားသမီး ၅ ယောက်ထွန်းကားခဲ့သည်။ အိမ်ထောင်ရေး အဆင်မပြေသဖြင့် ဇနီး၊ သားသမီးများနှင့် ကင်းကွာနေသည်မှာ ကြာပြီဖြစ်သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်