လာမည့် နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်

E-mail Print
၂၀၁၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်အစိုးရ က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တဆင့် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ကြေညာလိုက်သည်။

yangon1သြဂုတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ မဲဆန္ဒနယ်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်း ရမည်ဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ လွှတ် တော်ကိုယ်စားလှယ် အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်မည်ဖြစ် ကြောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းရုပ်သိမ်းလိုလျှင် စက်တင်ဘာလ ၃ ရက်နေ့တွင် ရုပ်သိမ်းရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့်လျှောက် ထားသည့် ၄၇ ပါတီရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၄၁ ပါတီရှိရာတွင် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့်ပြုပြီး ဖြစ်ကြောင်း၊ ရက်ပေါင်း ၉၀ အတွင်းပါတီဝင်အင်အားတင်ပြရမည်ဖြစ်ရာ သြဂုတ်လ ၁၂ ရက်နေ့အထိ ပါတီ ၁၄ ခု အင်အားတင်ပြထားကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယခုကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်