လွှတ်ပေးသည့်စာရင်းတွင် နိုင်ငံရေးအကျဉ်းသားများ မပါ

E-mail Print
စစ်အစိုးရက အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ၁၂၀ ခန့်ကို သြဂုတ်လ ၂၄ ရက်နေ့တွင် လွှတ်ပေးခဲ့ သော်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်မှု မရှိကြောင်း သတင်းရရှိသည်။

“အကျဉ်းသားတချို့ လွှတ်တယ်လို့တော့ ကြားပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတော့ မပါသေးဘူး။ ရာဇ၀တ်
အကျဉ်းသားတွေပဲလို့ ကြားတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ အကျဉ်းသား အများအပြား လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အကျဉ်းသား ၁၂၀ ၀န်းကျင်သာ လွတ်သေးသည်။

“ဒါ ပထမအကြိမ် စလွှတ်ပေးတာ ဖြစ်မှာပါ။ နောက်ရက်တွေ ထပ်လွှတ်ဦးမယ် ကြားတယ်။ နိုင်ငံရေး အကျဉ်းသားတွေ၊ ကျောင်းသားခေါင်းဆောင်တွေ ပါမယ်လို့တော့ မထင်ဘူး” ဟု ပြည်တွင်းမှ ဝါရင့် စာနယ်ဇင်းဆရာတဦးက ပြောသည်။

နိုဝင်ဘာတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ဒီမိုကရေစီ အင်အားစုများအားလုံး ပါဝင်နိုင်ရေးသည် အရေးကြီးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ပါတီနိုင်ငံရေး ခေါင်းဆောင်များ အားလုံးကို ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးမှသာ သိက္ခာရှိသော ရွေးကောက်ပွဲတခု ဖြစ်မည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် NDF ပါတီ၏  အထူးကြေညာချက် အမှတ် ၃/၂၀၁၀ ကို သြဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ဦးခင်မောင်ဆွေက ဆိုသည်။

“ဖမ်းဆီးချုပ်နှောင်ပြီးမှ လုပ်လို့ရတဲ့ ရွေးကောက်ပွဲဟာ မကောင်းပါဘူး။ အားလုံးကို လွှတ်ပေးပြီးမှလုပ်တဲ့ ရွေးကောက်ပွဲသာ
ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ သိက္ခာရှိစေမှာပါ” ဟု ဦးခင်မောင်ဆွေက သုံးသပ်သည်။

စစ်အစိုးရသည် နိုင်ငံတကာဖိအားများ၊ ပြည်တွင်းပြည်ပ ဖိအားများ ပေါ်ပေါက်လာတိုင်း အကျဉ်းသားများကို လွှတ်ပေးတတ်ကြောင်း၊ သို့သော် လွှတ်ပေးသည့် အခါတိုင်းလည်း အဓိကကျသည့် ပုဂ္ဂိုလ်များ ပါဝင်လေ့မရှိဘဲ ရာဇ၀တ်သားများ၊ ရိုးရိုးအကျဉ်းသားများနှင့် လွတ်ရက် စေ့ခါနီးသူများသာ ဖြစ်ကြောင်း ကိုတိတ်နိုင်က ဆိုသည်။

၂၀၀၉ ခုနှစ်တွင် အကျဉ်းသားပေါင်း ၉၀၀၀ ကျော်ကို ၂ သုတ်ခွဲပြီး လွှတ်ပေးခဲ့ရာတွင် ပထမ အသုတ်၌ လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြသော ဟံသာဝတီ ဦးဝင်းတင်၊ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာ မေဝင်းမြင့် စသည့် နိုင်ငံရေး အကျဉ်းသား ၉ ဦးသာ ပါဝင်ခဲ့ပြီး ဒုတိယ အသုတ်တွင် ၃၁ ဦးသာ ပါဝင်သည်ဟု AAPP ၏ မှတ်တမ်းများအရ သိရသည်။

မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိသည်ဟု AAPP က ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်