သဲတောတွင် မိုးသည်း၍ ရေကြီးရေလျှံဖြစ်

E-mail Print
မန္တလေးတိုင်း သဲတောမြို့တွင် မိုးသည်းထန်စွာ ရွာသည့် အတွက် ယနေ့နံနက် ၅ နာရီခန့်က စတင်ပြီး တမြို့လုံး ရေကြီးနေကြောင်း သဲတောမြို့ခံ တဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ မြို့ခံက “ရေတွေက တမြို့လုံးကြီးတာ တချို့နေရာတွေမှာ ရင်စို့လောက်၊ တချို့နေရာတွေမှာ ခါး လောက်ရှိတယ်”ဟု ဆိုသည်။

သူဋ္ဌေးကုန်း၊ ကန်ဦး၊ မြို့မ စသည့် ရပ်ကွက်ကြီးများ အားလုံး ရေကြီးနေကြောင်း၊ ဈေးများလည်း မဖွင့်နိုင်ကြောင်း ၎င်းက ဆက် လက် ပြောသည်။

ရေများမှာ နံနက် ၅ နာရီခန့်မှ စတင်တက်လာရာ ၁၀ နာရီခန့်တွင် ၅ ပေ နီးပါးခန့် မြင့်တက်လာကြောင်း၊ ညနေ ၃ နာရီခန့်တွင် ရေပြန်ကျသွားပြီး ယခုအချိန်အထိ ၂ ပေခန့် ကျန်သေးကြောင်း သိရသည်။

ထိုသို့ ရုတ်တရက် ရေများတက်လာသည့် အတွက် နေအိမ်အတွင်းရှိ ပစ္စည်းများနှင့် သဲတောဈေးရှိ ဆိုင်များ မှ ပစ္စည်းတချို့ ရေမြုပ် ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း ယင်းမြို့ခံက ပြောသည်။

ဝမ်းတွင်းမြို့မှ အဝေးပြေးကားမောင်းသူ တဦးကလည်း ရေစီးအားသန်သည့်အတွက် တချို့သောမြို့ခံများ ရေလွတ်ရာ ကုန်းမြင့် များသို့ ရွှေ့ပြောင်းနေရကြောင်း၊ နေအိမ်များ အတွင်းသို့ ရေများဝင်ရောက်သည့် အတွက် တချို့အိမ်များက ရေစုပ်စက်များဖြင့် စုပ် ထုတ်နေကြောင်း ပြောသည်။

သဲတောနှင့် ၀မ်းတွင်းမြို့အကြားရှိ တံတားတစင်းလည်း ပျက်စီးသွားသည့် အတွက် ယာဉ်အသွားအလာပြု လုပ်၍ မရကြောင်း ၊ မြို့တွင်းရှိ ရေမှာ ကျဆင်းသွားသော်လည်း ရေစီးအားမှာ သန်နေသေးကြောင်း ၎င်းက ဆက်ပြောသည်။

ဝမ်းတွင်းမြို့နယ်ရှိ စမုံဆည် အတွင်းတွင် ရေများလာသည့်အတွက် ရေပိုများ ဖောက်ချခြင်းကြောင့် ရေကြီးမှု ဖြစ်ရသည်ဟု အတည်မပြုနိုင်သေးသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ယခုအခါ ရေမြုပ်ဧရိယာ အတွင်းရှိ ဒေသခံများကို သဲတောမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ကိုထွန်းထွန်းနှင့် တခြားသောအဖွဲ့ဝင်များက ထမင်းထုပ်များ လိုက်လံဝေငှနေကြောင်း သိရသည်။

မကြာသေးမီ ရက်ပိုင်းကလည်း မန္တလေးတိုင်းအတွင်းရှိ ဒုဋ္ဌ၀တီ မြစ်ကို ပိတ်ပြီး ပြုလုပ်ထားသည့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ရေလှောင်တမံအတွင်း မိုးတွင်းကာလ ရေသိုလှောင်မှု များခြင်းကြောင့် ရေလျှံကျမှု ဖြစ်ပြီး တမံအနီးရှိ လူနေအိမ် တချို့ ရွှေ့ ပြောင်း ထားရကြောင်း၊ မိုးလေ၀နှင့် ဇလဗေဒ ဦးစီးဋ္ဌာနမှ  မြစ်ရေကြီးမှု သတိပေးချက်များလည်း ထုတ်ပြန်ထားရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်