မိုင်းလားနှင့် ပန်ဆန်းမြို့များရှိ အစိုးရဝန်ထမ်းများကို ပြန်ခေါ်

E-mail Print
“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းမြို့နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အခြေစိုက်ရာ မိုင်းလားမြို့များသို့ ပို့ထားသည့် အစိုးရ၀န်ထမ်း များကို နအဖ စစ်အာဏာပိုင်များက နေရပ်သို့ ပြန်ခိုင်းနေပြီ ဖြစ်ကြောင်း သိရသည်။ 

မိုင်းလားဒေသတွင် စစ်အစိုးရ ကျန်းမာရေး ၀န်ထမ်းများနှင့် ကုန်သွယ်ရေး ၀န်ထမ်းများ အပါအ၀င် ဝန်ထမ်းအင်အား ၂၀၀ ခန့် ရှိကြောင်း တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်များက ပြောသည်။  

အစိုးရ၀န်ထမ်းများကို နေရပ်ပြန်ခိုင်းခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ မသိရသော်လည်း စစ်အစိုးရက လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းပြကာ ပြန်ခေါ်နေသည်ဟု ကြားသိရကြောင်း တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောသည်။

မိုင်းလားမြို့နှင့် ပန်ဆန်းမြို့များတွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) အပါအဝင် အစိုးရမဟုတ်သော လူမှုဝန်ထမ်းအဖွဲ့အစည်း (NGO) များလည်း ရှိကြောင်းလည်း ဆိုသည်။

မိုင်းလားတပ်ဖွဲ့သည်လည်း စစ်အစိုးရက ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ယခုအချိန်အထိ လက်မခံ သေးကြောင်း သိရှိရသည်။

ယခုလဆန်းပိုင်းတွင်လည်း မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံပါက တရားမဝင် အဖွဲ့အစည်းအဖြစ်ကြေညာပြီး နဂိုမူလအတိုင်း လက်နက်ကိုင် သောင်းကျန်းသူအဖြစ် ပြန်လည် သတ်မှတ်မည်ဖြစ်ကြောင်း စစ်အစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

သြဂုတ်လကုန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို အပြီးသတ် ငြင်းဆိုထားပြီးဖြစ် သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

ယနေ့အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူး ဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၏ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ မြဝတီ မြို့နယ် အတွင်း ကွင်းကလေး ဒေသတို့မှ တပ်ဖွဲ့ဝင်များနှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သော ဟောင်သရော အဖွဲ့တို့သည် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်