အနားပေး ဒု ဗိုလ်ချုပ်ကြီးများ ကြံ့ဖွံ့အတွက် မဲဆွယ်

E-mail Print
ပြီးခဲ့သည့် သြဂုတ် လကုန်ပိုင်းက အနားပေး ခံရသည့် ဒု ဗိုလ်ချုပ်ကြီးများသည် လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ၀င်ရောက် ယှဉ်ပြိုင်ရန် မဲဆန္ဒနယ် အလိုက် စည်းရုံးရေး ဆင်းနေကြောင်း သိရသည်။

mm-generals-nptအဆိုပါ ဒု ဗိုလ်ချုပ်ကြီးများကို မိမိတို့ သက်ဆိုင်ရာ နယ်မြေများသို့ စည်းရုံးရေး ဆင်းရာတွင် နယ်မြေခံ စစ်တပ် အကူအညီ မယူဘဲ မဲဆွယ် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရန် အမိန့်ပေးထား ကြောင်းလည်း စစ်တပ် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

“ကိုယ်ရေး အရာရှိ မခေါ်ရဘူး။ တပ်အရှိန် အ၀ါလည်း လုံးဝမယူရ ဆိုပြီးတော့ ခိုင်းတာ”ဟု အဆိုပါ နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ၀င်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တို မြို့နယ်သို့ သွားရောက် စည်းရုံးရေး ဆင်းနေပြီ ဖြစ်ကြောင်း၊ ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်သည် စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် လွှတ်တော် ၃ ရပ်အနက် မည်သည့်လွှတ်တော်ကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ကြမည်ကို မသိရသေး ပေ။

ယင်း ဒု ဗိုလ်ချုပ်ကြီးများကို ပြီးခဲ့သည့်လ ၂၇ ရက်နေ့က တာဝန်မှ အနားပေးခဲ့ပြီး လစ်လပ်သွားသော နေရာများတွင် အစားထိုး ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီခေါင်းဆောင်တဦး ဖြစ်သည့် နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းသည်လည်း ပဲခူးတိုင်း ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ကိုယ်တိုင် စည်းရုံးရေး ဆင်းနေကြောင်း ဇီးကုန်းမြို့ခံတဦးက ပြောသည်။

“သစ်စင်ရွာက စာသင်ကျောင်းဆောက်ဖို့ ငွေကျပ် ဆယ်သိန်းလှူတယ်။ အရင်တုန်းကတော့ တခါမှ မလှူဖူးဘူး။ အခုလှူတာက မဲလိုချင်လို့ပါ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဇီးကုန်းမြို့နယ်မှ အခြေခံပညာ အထက်တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသားများနှင့် သင်ကြားပေးသည့် ဆရာ၊ ဆရာမများကို ငွေထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်ဟု အဆိုပါ မြို့ခံက ဆက်လက်ပြောသည်။

ဦးဉာဏ်ဝင်းသည် ဇီးကုန်းမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

၎င်း၏ စည်းရုံးရေး ခရီးစဉ်တွင် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်စိုးပါ လိုက်ပါပြီး ခရီးစဉ်လုံခြုံရေးကို မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ယူပေးရ သည်ဟု သိရသည်။

ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲကို ၀င်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒနယ်များတွင် ယခုအခါ ကိုယ်တိုင် မဲဆွယ်စည်းရုံးမှုများကို စတင် ပြုလုပ်နေပြီ ဖြစ်သည်။

ရေနံချောင်းမြို့နယ် ကြံ့ဖွံ့ပါတီမှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမော်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းတို့မှ ဦးဆောင်ပြီး ဥသျှစ်ကုန်း၊ နတ်ကန်၊ ပခန်းကန် စသည့် ကျေးရွာအုပ်စုများတွင် မဲဆွယ်စည်းရုံးမှုများကို စတင်နေပြီဟု ရေနံချောင်းမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“ဘုန်းကြီးတွေ တပါးကို ငွေကျပ် တသောင်း၊ စာသင်ကျောင်းဆောက်ဖို့က ငွေ ဆယ်သိန်းစီ လှူတယ်” ဟု ၎င်းက ဆိုသည်။

“ပြည်တော်သစ်ကြီး ခိုင်ဖြိုးဝေစည် ဖြိုးမောက်၍ ထွန်းတောက်စေရမည်” ဆိုသည့် ကြွေးကြော်သံများ ပါသည့် လက်ကမ်း စာစောင် များကိုလည်း ဝေငှကြောင်း၊ ထိုစာစောင်တွင် စီးပွားရေး လုပ်ငန်းစဉ်၊ အလုပ်သမားရေးရာ လုပ်ငန်းစဉ်၊ တောင်သူ လယ်သမားရေး ရာလုပ်ငန်းစဉ် စသည့် ပါတီမူဝါဒများကိုလည်း ရေးသားထားသည်ဟု အဆိုပါ မြို့ခံက ဆက်လက်ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးတဦးဖြစ်သည့် ဗိုလ်မှူး အောင်ငြိမ်းကို ရေနံချောင်းမြို့နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားသည်ဟုလည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်