ဦးပိုင်ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ခင်ဇော်ဦးကို ခန့်အပ်

E-mail Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးကို စစ်ဘက်ဆိုင်ရာ ရာထူးနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌရာထူးမှ အနားယူစေ ပြီးနောက် ဗိုလ်ချုပ် ခင်ဇော်ဦးကို ဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌသစ် အဖြစ် တာဝန်ပေးအပ် လိုက်ကြောင်း သတင်းရရှိသည်။

bus_rangoonဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး အပါအ၀င် စစ်အစိုးရထိပ်တန်း ဗိုလ်ချုပ်ကြီးများကို ရာထူးမှ အနားပေးပြီး စစ်အရာရှိ သစ်များဖြင့် အစားထိုးပြီးသည့် နောက်ပိုင်းတွင် ဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ခင်ဇော်ဦးကို ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်မှ သိရှိရသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌသစ်ဖြစ်လာသော ဗိုလ်ချုပ်ခင်ဇော်ဦးသည် ယခင် ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်ရေးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံထားရသူလည်း ဖြစ်သည်။

ပြည်သူပိုင်စီးပွားရေး လုပ်ငန်းပေါင်းမြောက်မြားစွာကို စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများအဖြစ် အသွင်ပြောင်းပြီး လက်ဝါးကြီးအုပ် လုပ်ကိုင်နေသော မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌရာထူးသည် လျင်မြန်စွာ ကြီးပွားချမ်းသာနိုင်သော ရာထူးနေရာ ဖြစ်သည့်အတွက် စစ်အစိုးရဗိုလ်ချုပ်အများစု အလွန်အမင်း လိုချင်သော ရာထူးကြီး တခုဖြစ်သည်ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာအသိုင်းအ၀န်းက ပြောဆိုကြသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သည် ယခု ၂၀၁၀ ပြည့်နှစ်အတွင်း ပြည်သူပိုင် ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ ကြယ်ငါးပွင့်သင်္ဘောလိုင်း၊ အစိုးရစက်သုံး ဆီဆိုင်များ၊ အစိုးရစက်ရုံ အလုပ်ရုံများ အပါအ၀င် ပြည်သူပိုင် စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းယူခဲ့သည်။

ဦးပိုင်လီမိတက်သည် ကားတင်သွင်းခြင်းလုပ်ငန်း၊ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ စက်သုံးဆီ တင်သွင်း ရောင်းချခြင်းလုပ်ငန်း၊ သစ်တောထွက်ပစ္စည်း ရောင်းချခြင်းလုပ်ငန်း၊ ပါရမီ ယာဉ်လိုင်း၊ တက္ကဆီနှင့် ရွှေမန်းသူ အဝေးပြေးယာဉ် ပြေးဆွဲရေးလုပ်ငန်း၊ ကုန်တိုက်များ ဖွင့်လှစ်ရောင်းချခြင်း လုပ်ငန်း၊ ရေသန့်ထုတ်လုပ်ရေး လုပ်ငန်းအပါအ၀င် ပြည်တွင်း စီးပွားရေးလုပ်ငန်းပေါင်း မြောက်မြားစွာကို ချုပ်ကိုင် လုပ်ကိုင်လျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်