ဟစ်ပ်ဟော့ပ် သမားများ အပြောင်းအလဲ မျှော်လင့်

E-mail Print
၂၀၁၀ ရွေးကောက်ပွဲ အပြီးကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ ကဏ္ဍ အသီးသီး၌ ပုံစံဟောင်းထဲမှ ခွဲထွက်ကာ အပြောင်း အလဲများ ဖြစ်စေချင်ကြောင်း ဂီတလောကမှ လူငယ်တချို့က ပြောဆိုသည်။

Kyaw-Htut-Swe-and-Jauk-Jet“အသစ်အဆန်းပဲ လိုချင်တယ်။ ငြီးငွေ့စရာ ကောင်းတဲ့ အဟောင်းကြီးတွေ ကိုတော့ မလိုချင်တော့ဘူး” ဟု တေးရေး၊ တေးဆို သြရသက ဆိုသည်။

ဟစ်ပ်ဟော့ပ် အဆိုရှင် ဒီယံကလည်း လာမည့် အပြောင်းအလဲကို အကောင်းဆုံးဖြစ်မည်ဟု မျှော်လင့်ကြောင်း၊ အမှန်တကယ်လည်း အကောင်းဆုံး ပြောင်းလဲ စေချင်ကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ၊ နိုင်ငံရေး စသည့် အရေး အားလုံး ပြောင်းလဲစေချင်ကြောင်း ပြောသည်။

ကျော်ထွဋ်ဆွေကမူ ၎င်းအနေနှင့် ဂီတသမား တဦးဖြစ်သည့်အတွက် လာမည့် ရွေးကောက်ပွဲပြီး ကာလတွင် မူပိုင်ခွင့် ကိစ္စရပ်များကို ယခုထက်ပို၍ တိတိကျကျ ဖြစ်စေချင်ကြောင်း ပြောသည်။

“အပြောင်းအလဲ ဖြစ်ရင်တော့ ကောင်းပါတယ်။ အိမ်က လူကြီးတွေကလည်း ကောင်းတယ်လို့ပြောတယ်။ ကျနော်ကတော့ သိပ်မသိဘူး။ ကျတော်သိတာက ကျနော်တို့ လုပ်ချင်တာတွေကို လုပ်ခွင့်ရဖို့လိုတယ်။ လူငယ်ဆိုတာတော့ လွပ်လွပ်လပ်လပ် လုပ်ချင်ကြတာချည်းပဲ။ ဒါပေမယ့် ကိုယ့်သံစဉ်နဲ့၊ ကိုယ့်အနုပညာနဲ့ ကိုယ်လုပ်သင့်တယ်” ဟု သူက ဆက်ပြောသည်။

တိုင်းပြည်အပြောင်းအလဲနှင့်အတူ ဂီတလောက အပြောင်းအလဲကိုပါ ဖြစ်စေချင်သူများရှိနေကြောင်း၊ တေးရေးများက မူပိုင်ခွင့် ကိစ္စ စတင်ပြောဆိုလာပြီဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာပြည်အနေအထားအရ လူတန်းစား မညီမျှမှုများ ရှိနေသောကြောင့် ထို မူပိုင်ခွင့်ကိစ္စ အဆင်ပြေမည်ဟု မထင်ကြောင်း ဟစ်ပ်ဟော့ပ် သမားတဦးဖြစ်သည့် ဂျောက်ဂျက်က ပြောဆိုသည်။

ဂျောက်ဂျက်သည် လက်ရှိခေတ် မိန်းကလေးများအကြောင်းကို ပွင့်ပွင့်လင်းလင်း ရေးသားသီဆိုခဲ့ရာ ကြမ်းတမ်းလွန်းသည်ဟု အဝေဖန်ခံခဲ့ရသူလည်း ဖြစ်သည်။

“ကျနော်ကတော့ သိပ်ထွေထွေထူးထူး မပြောချင်ဘူး။ သူတို့က ဒါလုပ်လိုက်ဆို လုပ်လိုက်မှာပဲ။ မဲ ပေးဆိုရင်လည်း ပေးလိုက် မှာပဲ။ အခုဆိုရင် နိုင်ငံရေးအပြောင်းအလဲမှာ လူငယ်တွေလည်း ပါဝင်လာကြတာ တွေ့ရတယ်။ ကိုယ့်ခံယူချက်နဲ့ကိုယ် လုပ်ကြတာပေါ့လေ။ ကျနော်တို့ ကျတော့လည်း အဲဒီလို လုပ်ချင်ပေမယ့် ကိုယ့်နောက်မှာ ဘာရှိလဲဆိုတာ ပြန်ကြည့်ရမယ်။ပြီးတော့ ကိုယ်က ဘာလုပ်မှာလဲ၊ သီချင်းဆိုမှာလား၊ နိုင်ငံရေးလုပ်မှာလားဆိုတာ စဉ်းစားရမယ်။ အခု အပြောင်းအလဲကိုတော့ ငြင်းဆန်လို့မှ မရဘဲ ကြိုဆိုရမှာပဲ” ဟု သူက ဆိုသည်။

သြရသက ၎င်းအနေနှင့် အနုပညာသမားတဦး ဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်းနေချင်ကြောင်း၊ သီချင်းများကိုလည်း ပုံစံ မျိုးစုံနှင့် ခံစားချင်ကြောင်း ပြောသည်။

“အခု အချိန်မှာဘာပဲလုပ်လုပ် သိုသိုဝှက်ဝှက်နဲ့ လုပ်နေရတယ်။ စကားလုံးတွေ ဆိုလည်း ကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်ရတယ်။ ဒါကြောင့် အပြောင်းအလဲကို လိုချင်တယ်။ ခေတ်ကာလတွေ ပြောင်းလဲမှ ကျနော်တို့ စိတ်ထဲမှာ အနည်ထိုင်နေတဲ့ အရာတွေ လည်း ပြောင်းလဲလာမယ်လို့ ထင်တယ်” ဟု သြရသက ဆိုသည်။

ဟစ်ပ်ဟော့ပ် သမားတဦးဖြစ်သည့် ယုန်လေးကလည်း အစိုးရအပြောင်းအလဲတွင် ၎င်းတို့အတွက် ဂီတလောက အပြောင်း အလဲကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း၊ သီချင်း စာသားများကို ပို၍ လွတ်လပ်စေချင်ကြောင်း၊ သို့ရာတွင် စိစစ်ရေးကြောင့် လွတ်လပ်မှုမရှိကြောင်း ပြောသည်။

“စိစစ်ရေးရုံးမှာ အထက်က လူကြီးတွေထက် အောက်ခြေကလူတွေက ပိုဆိုးတယ်လို့ထင်တယ်။ အခုဟာက အဆိုတော် တယောက်ကို ပိတ်လိုက်ရတယ် ဆိုရင် သူတို့တွေက ဂုဏ်ယူနေတယ်။ အခုဆိုရင် လူငယ်တွေက ပိုပြီး တက်ကြွလာတယ်။ အပြောင်းအလဲကို လိုချင်ကြတယ်။ ကျနော့် အနေနဲ့ကတော့ ဘယ်သူပဲ တက်တက် အားလုံးအဆင်ပြေရင်ပြီးတာပါပဲ”  ဟု ၎င်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်