ဦးဝင်းတင် ကျန်းမာရေး ချို့ယွင်း

E-mail Print
အသက် ၈၁ အရွယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်သည် ကျန်းမာရေး ချို့ယွင်းနေသောကြောင့် ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံ၌ ယမန်နေ့မှစတင်၍ ဆေးကုသမှု ခံယူနေရကြောင်း ဦးဝင်းတင်၏ မိတ်ဆွေ ဦးမောင်မောင်ခင်က ဧရာဝတီသို့ ပြောသည်။ 

uwt“ချောင်းဆိုးတာကတော့ နည်းနည်း ကြမ်းနေသေးတယ်။ ဆရာဝန်တွေလာပြီး စစ်ဆေးတဲ့ အခါကျတော့ တခြား ရောဂါကတော့ မရှိဘူး။ အဲဒီ ချောင်းဆိုး ရင်ကျပ်တာပဲ ရှိတယ်။ အဲဒါ နည်းနည်း အချိန်ယူပြီးတော့ ဆေးရုံမှာ နေရမယ်” ဟု ၎င်းက ဆိုသည်။

ဦးဝင်းတင်သည် ယခင်က ချောင်းဆိုး၊ ရင်ကျပ် ရောဂါအခံရှိပြီး ယခုရက်ပိုင်းအတွင်း အဆုတ်ဆရာဝန်နှင့် ဆက်လက် ပြသရန်ရှိကြောင်း သိရသည်။

ဦးမောင်မောင်ခင်က “ချောင်းဆိုးတဲ့ အချိန်လေးပဲ၊ ကျန်တဲ့ အချိန်တွေမှာ စကားတွေဘာတွေလည်း ပြောနိုင်ပါတယ်။ မျက်နှာလည်း ရွှင်ရွှင်လန်းလန်း ရှိပါတယ်” ဟု ပြောသည်။

၂၀၀၉ ခုနှစ် သြဂုတ်တွင်လည်း ဦးဝင်းတင်သည် နှလုံးနှင့်ပတ်သက်၍ အာရှတော်ဝင် ဆေးရုံသို့ တက်ရောက်ခဲ့ရပြီး နှလုံးအတွင်းသို့ စက်ထည့်သွင်းရန်အတွက် ခွဲစိတ်ကုသခဲ့ရဖူးသည်။

သတင်းစာဆရာတဦးလည်း ဖြစ်သော  ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ထောင်မှ လွတ်မြောက်ပြီးနောက် အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ယခုနှစ် မတ်လတွင် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က  ဦးဝင်းတင် ကိုယ်တိုင် ရေးသားထားသော “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ထုတ်ဝေခဲ့သည်။

ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူတဦးဖြစ်ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ဖူးသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်