ရာသီဥတု သတင်းယူသည့် သတင်းထောက် ထိန်းသိမ်းခံရ

E-mail Print
ရန်ကုန်မြို့ အခြေစိုက် Weekly Eleven ဂျာနယ်၏  နယ်သတင်းထောက်တဦးအား  ရေကြီးရေလျှံခြင်း၊ သစ်ပင်ပြိုလဲခြင်းများကို ဓာတ်ပုံရိုက်ကူးခြင်းကြောင့် မကွေးမြို့ အမှတ် (၁) မြို့နယ်ရဲစခန်းဝင်းရှိ မြို့နယ်မှူးရုံးတွင် ခေါ်ယူ ထိန်းသိမ်းထားကြောင်း သိရသည်။

မကွေး ဒေသခံ သတင်းထောက် ကိုအောင်သူငြိမ်းသည် စက်တာဘာလ ၁၃ ရက်နေ့က မကွေးမြို့တွင်  မိုးကြီးပြီး ရေလျှံကာ သစ်ပင်များကျိုးကျခြင်းကို ဓာတ်ပုံရိုက်ယူနေစဉ် ရဲများက မေးမြန်းကာ ကင်မရာထဲမှ ပုံများကို ဖျက်ခိုင်းခြင်း၊ ကင်မရာအား သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ပြီး နောက်တနေ့တွင် မြို့နယ်မှူးရုံးသို့ လာရောက်ရန် ပြောကြားခဲ့ကြောင်း အဆိုပါဂျာနယ်၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် မြို့နယ်မှူးရုံးသို့ သွားရောက် တွေ့ဆုံရာ မြို့နယ်မှူးက ယခုကဲ့သို့ နောက်ထပ် မပြုလုပ်တော့ပါ ဆိုသည့် ခံဝန်ချက်ကို လက်မှတ်ထိုးခိုင်းကြောင်း၊ ဂျာနယ်တိုက်သို့ အကြောင်းကြားရန် ပြန်သွားပြီးနောက် ကိုအောင်သူငြိမ်းက လက်မှတ်မထိုးနိုင်ကြောင်း အကြောင်းပြန်သော်လည်း မြို့နယ်မှူးမှာ ရုံးတွင် ရှိမနေကြောင်းနှင့် ၁၅ ရက်နေ့ ရုံးသို့ ထပ်သွားသည့်အခါ မြို့နယ်မှူးရုံးတွင် ပြန်မလွှတ်တော့ဘဲ ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ Eleven Media Group က မြို့နယ်မှူး ဒုရဲမှူး ကြည်ဝင်းကို တိုက်ရိုက်ဆက်သွယ်၍ မရကြောင်း အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

Weekly Eleven ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးကလည်း “ သတင်းထောက်အနေနဲ့ ရာသီဥတု သတင်းဖြစ်စဉ်ကို သတင်းရယူ ဓာတ်ပုံရိုက်ကူးတာကလွဲလို့ ဘာမှ အပြစ်ကျူးလွန်ထားတာ မရှိဘူး။ ငယ်တဲ့အမှု ပပျောက်စေအောင် လုပ်ရမှာကို လက်ခံနိုင်စရာ မရှိတဲ့ ခံဝန်တွေ ထိုးခိုင်းပြီး မထိုးရင် ပြန်လို့မရဘူးဆိုတဲ့ အနေအထားကတော့ မဖြစ်သင့်ပါဘူး။ သတင်းထောက်ကတော့ သတင်းယူရမယ့် တာဝန်ရှိပါတယ်” ဟု မှတ်ချက်ပေးထားသည်။

ကိုအောင်သူငြိမ်းသည် ယခုအချိန်အထိ မလွတ်မြောက်သေးကြောင်း သိရပြီး ဆက်လက်ထိန်းသိမ်းထားပါက Eleven က ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်