NLD နှင့် ပါတီများ ဖျက်သိမ်းခံရမှု ဘန်ကီမွန်း စိုးရိမ်

E-mail Print
စစ်အစိုးရက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခြင်းနှင့် ပတ်သက်၍ ၂၀၁၀ ရွေးကောက်ပွဲကို စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ယမန်နေ့တွင် ပြောဆိုလိုက်သည်။

Ban-Ki-Moon-MMမစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ မာတင် နက်ဆာကီက “ပါတီ ဆက်လက် တည်ထောင်ခွင့် မလျှောက်ခဲ့တဲ့ NLD နဲ့ တခြား ပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင်က တရားမဝင် တော့ကြောင်း ကြေညာ လိုက်တဲ့ အတွက် လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကို မစ္စတာ ဘန်ကီမွန်းက စိုးရိမ် နေပါတယ်”ဟု နယူး ယောက် မြို့ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။

မြန်မာ အာဏာပိုင်များနှင့် ကုလသမဂ္ဂ အကြား ဆက်ဆံရေး အပေါ်တွင်လည်း စိတ်ပျက် မိကြောင်း မစ္စတာ ဘန်ကီမွန်း က ပြောဆိုသည်ဟု သိရှိရသည်။

ယခုကိစ္စနှင့် စပ်လျဉ်း၍ လာမည့် စက်တင်ဘာ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ဝန်ကြီးများအဆင့် အစည်းအဝေး တရပ်ကို ဘန်ကီမွန်း ဦးဆောင်သည့် မြန်မာ့မိတ်ဆွေများအဖွဲ့ (Group of Friends of Myanmar) က ကျင်းပရန် စီစဉ်ထားပြီး အစည်းအဝေးအတွက် အသေးစိတ် အချက်အလက်များကို ရေးဆွဲနေကြောင်းလည်း မာတင် နက်ဆာကီ က ဆိုသည်။

မာတင် နက်ဆာကီ က“မြန်မာ့နိုင်ငံရေး တိုးတက်မှုကို ကုလသမဂ္ဂရုံးချုပ်ကနေ တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အနေနဲ့ အနီးကပ် စောင့်ကြည့် လေ့လာနေပါတယ်”ဟု ဆိုသည်။

ကျန်ရှိသည့် နိုင်ငံရေးပါတီ ၃၇ ပါတီအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ပေးထားသည့် မဲဆွယ် စည်းရုံးရေး စည်းကမ်းများကို ဘန်ကီမွန်းက သုံးသပ်နေကြောင်း၊ လာမည့် ရွေးကောက်ပွဲကို အားလုံး ပါဝင်ခွင့်ရသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် မြန်မာအာဏာပိုင်များကိုလည်း ဘန်ကီမွန်းက ထပ်မံ တိုက်တွန်းထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ အင်ဒီယားနား တက္ကသိုလ်ကလည်း လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရန် ယနေ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်