ကချင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ရွေးကောက်ပွဲဝင်ခွင့်မရ

E-mail Print
ကချင်တိုင်းရင်းသားများ ကိုယ်စားပြုဖွဲ့စည်းထားသည့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ(KSPP)၀င်များက တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း များအဖြစ် လျှောက်ထားခြင်းကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ကြောင်း အတွင်းရေးမှူး ဦးတူးရော်က ဧရာဝတီ သို့  ပြောသည်။

KSPP ပါတီသည် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်ခွင့်ကို ဧပြီလတွင် လျှောက်ထားခဲ့သော်လည်း သြဂုတ်လ တွင် ပယ်ချခံရသည်။ ပါတီအဖြစ် မှတ်ပုံတင်ခွင့် မရရှိသည့် အတွက် ပါတီဝင်များ တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် အရွေးခံရန် လျှေက်ထားခြင်း ကိုလည်း ဒုတိယ အကြိမ် ပယ်ချ လိုက်ခြင်းဖြစ်သည်။

“ဒီလိုပယ်ချတာဟာ တိုင်းရင်းသားလူမျိုးစုတွေအပေါ်မှာ တရားမျှတမှုမရှိဘူး၊ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်တယ်၊ နိုင်ငံသားတယောက် ရဲ့အခွင့်အရေးမရဘူးလို့ ထင်တယ်၊ သမိုင်းလည်း တွင်သွားတာပေါ့”ဟု ဦးတူးရော်က ဆိုသည်။

KSPP ပါတီမှ အပယ်ခံရသည့် ကိုယ်စားလှယ်ဦးရေမှာ ၁၄ ဦးရှိပြီး တဦး သို့မဟုတ် ၂ ဦးခန့်မှာ ရွေးကောက်ပွဲ ကော်မရှင် ထံ အယူခံဝင်မည်ဟု သိရသည်။

ပယ်ချခံရသည့် အကြောင်းအရင်းတွင် အချက်၂ ချက်ပါဝင်ကြောင်း၊ ပထမတချက်မှာ ၎င်းတို့ပါတီအား ကချင်ပြည်သူများသာ မက ဒေသတွင်းရှိ အစိုးရ၀န်ထမ်းများ၊ စစ်တပ်၊ ရဲတပ်ဖွဲ့ စသည့် အဖွဲ့အစည်း များ၏ ထောက်ခံမှုကို ရရှိနေခြင်းကြောင့်၎င်းတို့နှင့်ပြိုင်ဆိုင်ရမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) အနေဖြင့် အနိုင်မရနိုင်သည့် အတွက်ပယ်ချ ခံရခြင်း ဖြစ်ကြောင်းလည်း ဆက်ရှင်းပြသည်။

ဒုတိယ အချက်မှာ စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ယူထားသည့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO ) နှင့်ဆက်နွယ်ပတ်သက်နေသည်ဟု အကြောင်းပြချက်ရှာ၍ ပယ်ချခြင်းဖြစ်သည် ဟု ဦးတူးရော်က ဆိုသည်။

KIO သည်  နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် စစ်အစိုးရ၏ ဖိအားပေးခြင်းကို ငြင်းဆန်ထားသည့် အဖွဲ့ တခုဖြစ် သည်။

“ကျနော်တို့က လူမျိုးရေးအရ ပူးပေါင်းဆောင်ရွက်တာပဲ ရှိပါတယ်၊ နိုင်ငံရေးအရ မပတ်သက်ပါဘူး၊ လုပ်ငန်းချင်းလည်း မဆက်စပ်ပါဘူး” ဟု ဦးတူးရော်က ဆိုသည်။

အပယ်ခံရသည့် အတွက် ကချင်တိုင်းရင်းသားများ အရေးနှင့်ပတ်သက်၍ နိုင်ငံရေး စင်မြင့်ပေါ်၌ ဥပဒေပြူနိုင်မည့် အခွင့် အရေးကို ဆုံးရှုံးသွားပြီဖြစ်ကြောင်းလည်း ပြောသည်။

စစ်အစိုးရသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်မည်ဟု ဆိုသော်လည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ငြိမ်းချမ်းရေး၊ တရားမျှတရေးကိစ္စများ အဆင်ပြေမှသာ လုပ်ဆောင်နိုင်မည်ဟု ဦးတူးရော်က ဆိုသည်။

ဦးတူးရော်သည် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အရွေးခံရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

KSPP ပါတီကို ၂၀၀၉ ခုနှစ် မတ်လ တွင် စတင်ထူထောင်ခဲ့ပြီး ပါတီ၏ ဥက္ကဋ္ဌ မှာ ဒေါက်တာ တူးဂျာဖြစ်သည်။ ဒေါက်တာတူးဂျာသည် KIO ၏ ဒု ဥက္ကဌ ဟောင်းဖြစ်သည်။ ၎င်းသည် စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော အမျိုးသား ညီလာခံအားထောက်ခံအားပေးခဲ့သူတဦး ဖြစ်ပြီး ညီလာခံ ပြီးမြောက်သည် အထိတက်ရောက် ခဲ့သည့် ညီလာခံ ကိုယ်စားလှယ် တဦး ဖြစ်ကြောင်းလည်း သိရသည်။


ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ) ၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ( တ.စ.ည ) ၊ ကြံ့ဖွံ့ပါတီ ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည် ) တို့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်