အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး တိုးတက်

E-mail Print
အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည် နေ့စဉ်နှင့်အမျှ တိုးတက်လျက်ရှိပြီး ရှေ့ဆက်၍လည်း အလားအလာ ကောင်းများ ဖြစ်ပေါ်ရန် ကြိုးပမ်းလျက် ရှိကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကြည်သိန်းကပြောသည်။

ASEAN-Deligtes-in-Indiaမြန်မာ အပါအ၀င် အာဆီယံ နိုင်ငံများမှ သံအမတ်ကြီးများနှင့် အိန္ဒိယ သံတမန်ရေးရာ အဖွဲ့ဝင်များ၏ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေး လေ့လာရေး ခရီးစဉ်အတွင်း မဏိပူရ်ပြည်နယ် အင်ဖားလ်မြို့သို့ ယမန်နေ့က ရောက်ရှိချိန်တွင် ဦးကြည်သိန်းက သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးကြည်သိန်းက “နယ်စပ် ကုန်သွယ်ရေးက တနေ့ထက် တနေ့ တိုးတက် လာနေပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစလုံး ကလည်း ရှေ့ဆက် တိုးတက်အောင်လုပ်ဖို့ ကြိုးစားနေပါတယ်” ဟု သတင်းထောက်များကို ပြောသည်။

သံတမန်အဖွဲ့ဝင်များသည် အင်ဖားလ်မြို့တွင် မဏိပူရ်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြကြောင်း၊ ယနေ့တွင် နယ်စပ်မြို့ မိုးရေးသို့ သွားရောက်ရန် စီစဉ်ထားကြောင်း၊ ထို့နောက် အင်ဖားလ်သို့ ပြန်လာပြီး မီဇိုရမ် ပြည်နယ် အိုက်ဇောမြို့သို့လည်း သွားရောက်မည်ဖြစ်ကြောင်း မဏိပူရ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယ သတင်းဌာနများက ဖော်ပြထားသည်။

အဆိုပါ သံတမန်အဖွဲ့တွင် အာဆီယံနိုင်ငံများဖြစ်သော မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်း တို့မှ သံအမတ်၊ အတွင်းဝန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်သည်ဟု သိရသည်။

ယခု ခရီးစဉ်သည် အိန္ဒိယအစိုးရမှ ချမှတ်ကျင့်သုံးနေသော အရှေ့မျှော်ဝါဒအရ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တစိတ်တဒေသ ဖြစ်ကြောင်း အိန္ဒိယ-မြန်မာအရေး လေ့လာသူများက သုံးသပ်ကြသည်။

“အာဆီယံနိုင်ငံတွေပါ ပါလာပြီး ကုန်သွယ်ရေး ဖွံ့ဖြိုးလာမယ်ဆိုရင်တော့ ကောင်းတာပေါ့။ အဓိကကတော့ စစ်အစိုးရ အကျိုးတခုတည်းအတွက် မဟုတ်ဘဲ ပြည်သူတွေ အမှန်တကယ် အကျိုးအမြတ်ရမယ်ဆိုရင် ပိုကောင်းတာပေါ့ဗျာ” ဟု လေ့လာသူတဦးက ဆိုသည်။

အိန္ဒိယအနေဖြင့် အာဆီယံနိုင်ငံများနှင့် ဆက်သွယ်ရေးအတွက် အိမ်နီးချင်း မြန်မာနိုင်ငံမှာ အဓိက ပေါင်းကူးတံတား ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိန္ဒိယခရီးစဉ်၌ အိန္ဒိယအစိုးရက ပြောဆိုခဲ့သည်။

ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်များတွင်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက်ရေး အတွက် တိုးမြှင့်ဆောင်ရွက်ရန်များ ပါရှိခဲ့သည်။

အိန္ဒိယ အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများ၏ ပြောဆိုချက် အရ မြန်မာနိုင်ငံကို ဖြတ်၍ အိန္ဒိယ အရှေ့မြောက်ဒေသရှိ အာသံပြည်နယ် ဂျီရီဘမ်မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အထိ ဆက်သွယ်မည့် ရထားလမ်းကို ဖောက်လုပ်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

မကြာသေးမီကာလကလည်း ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ-မြန်မာ-တရုတ်နိုင်ငံများကို ဆက်သွယ်မည့် နိုင်ငံတကာ ကုန်သွယ်ရေးလမ်း ဖောက်လုပ်ရန် သက်ဆိုင်ရာ အစိုးရများက ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသေးသည်။

မဏိပူရ်ပြည်နယ် မိုးရေးနှင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းဒေသများသည် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသော ကုန်သွယ်လမ်းကြောင်းများ ဖြစ်သည်။ ထိုလမ်းကြောင်းများမှ နှစ်ဘက်ဒေသ ထွက်ကုန်များဖြစ်သည့် အ၀တ်အထည်၊ ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ရောင်းဝယ် ဖောက်ကားလျက်ရှိသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး သဘောတူ စာချုပ်ကို ၁၉၉၄ ခုနှစ်က စတင်ချုပ်ဆိုခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၁၉၈၀ ခန့်ကတည်းက နှစ်ပေါင်းကြာရှည်စွာ မြန်မာနိုင်ငံနှင့် စီးပွားကူးသန်းမှုရှိသည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒုတိယ အကြီးမားဆုံး ကုန်ပစ္စည်း တင်ပို့ရာ နိုင်ငံလည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဆေးဝါးပစ္စည်း၊ ချည်ထုပ်၊ လူသုံးကုန်ပစ္စည်း စသည်တို့ တင်ပို့ရောင်းချမှုမှာ ၁၉၉၀-၂၀၀၀ တွင် အမေရိကန် ဒေါ်လာ ၇၂.၁၆ သန်းရှိခဲ့ပြီး ၂၀၀၇-၂၀၀၈ တွင် ၁၆၂.၉၈ သန်းအထိ တိုးမြင့်လာ သည်။

ထို့အတူ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲမျိုးစုံ၊ ဆန်၊ ကျွန်းသစ်နှင့် သစ်မာများ စသည်တို့ တင်သွင်းမှုမှာလည်း ၁၉၉၀-၂၀၀၀ တွင် ဒေါ်လာ ၂၁၅.၃၅ သန်း ရှိခဲ့ရာမှ ၂၀၀၇-၂၀၀၈ တွင် ၈၀၉.၉၄ သန်းအထိ တိုးမြင့်လာကြောင်း အိန္ဒိယ စီးပွားရေးသတင်းများက ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်