လူကုန်ကူးမှုဖြင့် မြန်မာ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

E-mail Print
ကရင်ပြည်နယ် မြ၀တီမြို့၌ လူကုန်ကူးသည်ဟု ယူဆရသော အမျိုးသမီး ၂ ဦးကို ၎င်းတို့ ချုပ်နှောင် ထားသည့် လူ ၇ ဦးနှင့်အတူ အာဏာပိုင်များက ပြီးခဲ့သည့် တနင်္ဂနွေ နေ့တွင် ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။

ချုပ်နှောင် ခံထားရသူများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ပြန်ပို့ခံရသူများဖြစ်သည့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦး ဖြစ်ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့နှင့် တခြားသော အာဏာပိုင်အဖွဲ့များပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြ၀တီမြို့ သုည ဂိတ် နှင့် တစ် ဂိတ်ကြားရှိ အိမ်တအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြ၀တီရဲစခန်းမှ ရဲဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

ယင်းအိမ်သည် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့သူများကိုခေါ်ယူ၍ တဦးလျှင် ထိုင်း ဘတ် တထောင် စီ တောင်းကြောင်း၊ မပေးနိုင်သူကို ဖမ်းဆီးပိတ်လှောင်ထားမှုများ ပြုလုပ်သည့် အိမ်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“မနေ့က သတင်းအရ လူကုန်ကူးမှု တားဆီးရေး အပါအ၀င် ဒုစရိုက် နှိမ်နင်းရေး၊ စရဖ တွေနဲ့ ပူးပေါင်းပြီးတော့ အမှတ် ၃ ရပ်ကွက် သောင်ရင်းမြစ်နံဘေးမှာရှိတဲ့ လူမှောင်ခို အိမ်တအိမ်ကို တာဝန်ရှိသူတွေက ရှာဖွေတဲ့အခါ လူကုန်ကူးတဲ့ အမျိုးသမီး၂ ဦးနဲ့ အဲဒီအိမ်ထဲမှာ ပိတ်လှောင် ချုပ်နှောင်ထားတဲ့ လူ ၇ ယောက်ကို ဖမ်းဆီးမိပါတယ်”ဟု မြ၀တီ ရဲ ၀န်ထမ်းက ပြောသည်။

မြ၀တီ ရဲ ၀န်ထမ်း ပြောသည့် လူကုန်ကူးသူ အမျိုးသမီး၂ ဦးမှာ မြ၀တီမြို့အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သော ဒေါ်တင်ရွှေ နှင့် မကြည် ဆိုသည့် အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ အဖမ်းခံရသူ ၇ ဦးမှာ အသက် ၁၆ နှစ် မှ ၄၁ နှစ် အတွင်းရှိသူများဖြစ်ပြီး ရန်ကုန်၊ မန္တလေး အပါအ၀င် မကွေးတိုင်းနှင့် မွန်ပြည်နယ်တို့မှ ဖြစ်ကြောင်း အထက်ပါ ရဲဝန်ထမ်းက ပြောသည်။

မြ၀တီတွင် ယင်းကဲ့သို့ ပြုလုပ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ မှ တာဝန်ခံ ကိုမိုးဆွေက ပြောသည်။

“မြန်မာ အစိုးရအနေနဲ့က လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် စာချုပ်ချုပ်ထားပြီးသားပါ။ ယူအန်(ကုလသမဂ္ဂ)က လည်း ရန်ပုံငွေတွေ ရထားပြီးသားပါ၊ ဒီလို ဖြစ်နေတာ ဆယ်စုနှစ် တခုလောက်တောင် ရှိနေပြီ။ ဒါပေမယ့် ဒီကိစ္စကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်တာ တခါမှ မရှိဘူး”ဟု ၎င်းက ဆိုသည်။

မြ၀တီဒေသခံ တဦးကလည်း“ဟိုဘက်ကမ်းက အသွန်ခံ(ပြန်ပို့ခံ)ရတဲ့ လူတွေအဖြစ်ကလည်း ပိုက်ဆံမရှိရင် မလွယ် ဘူးဗျ။ သူတို့ တောင်းတဲ့ ပိုက်ဆံတထောင်ကို မပေးနိုင်ရင် ထမင်းမကျွေးဘဲ သုံးရက်လောက် ချုပ်ထားလိုက်တယ်။ လုံးဝ လာရွေးမယ့်လူ မရှိလို့ကတော့ ဘန်ကောက်တို့ တောင်ပိုင်းက ငါးဖမ်းလုပ်ငန်းတို့ကို ဘတ် လေးသောင်း ငါးသောင်း ယူပြီး ရောင်းစားပစ်တာပဲ”ဟု ပြောသည်။

အဆိုပါ ဒေါ်တင်ရွှေနှင့် မကြည်တို့ကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ မှ ဒုရဲမှူး ကြီးရွှေက တရား လို အဖြစ် ပြုလုပ်၍ မြ၀တီရဲစခန်းတွင် တရားစွဲဆို ဖမ်းဆီးထားကြောင်း သိရသည်။

ထိုင်း-မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို ၂၀၀၉ ခုနှစ် ဧပြီလ ၄ ရက်တွင် လက်မှတ် ရေးထိုးထားပြီး ပထမ သုံးနှစ်စီမံကိန်း(၂၀၀၉-၂၀၁၁)ကိုရေးဆွဲ၍ အကောင်အထည်ဖော်လျက်ရှိကြောင်း စက်တင်ဘာ ၁၉ ရက်ထုတ် အစိုးရ မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်