ရွှေသံလွင် မီဒီယာ ရုပ်သံလိုင်းသစ် ထုတ်လွှင့်မည်

E-mail Print
ရွှေသံလွင် မီဒီယာ ကုမ္ပဏီမှ Sky Net အမည်ရှိ ရုပ်သံလိုင်း အစီအစဉ်များကို နိုဝင်ဘာ ၁ ရက်နေ့တွင် DTH (Direct to Home) စနစ်ဖြင့် စတင် စမ်းသပ်ထုတ်လွှင့်သွားမည်ဟု ယမန်နေ့က ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြား သည်။

ထုတ်လွှင့်မည့် အစီအစဉ်များကို တနိုင်ငံလုံးဖမ်းယူကြည့်ရှုနိုင်ရန် ရွှေသံလွင် မီဒီယာ ၊ ရတနာပုံ တယ်လီပို့ ၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ထိုင်းနိုင်ငံရှိ ဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီ တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ရွှေသံလွင် မီဒီယာ ကုမ္ပဏီ ၏ တာဝန်ရှိသူ တဦးက ပြောသည်။

ရွှေသံလွင် မီဒီယာ ရုပ်သံလိုင်းများမှာ အခပေး လိုင်း ၃၀ နှင့် အခမဲ့ ၅ လိုင်း အပါအ၀င် စုစုပေါင်း ၃၅ လိုင်း ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ရုပ်သံလိုင်းများကို  ရွှေသံလွင်မီဒီယာ ကုမ္ပဏီမှ ရောင်းချသော  နှစ်ပေ စလောင်းကတ် သို့မဟုတ် ရုပ်သံဖမ်းယူစက် နှင့် ကတ် တပ်ဆင်ထားသော မော်တော်ကား၊ ရထား၊ သင်္ဘော များပေါ်တွင်ပါ  ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

“သူများ ကတ်တွေထက် သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းပေးသွားမယ်။ အဓိက ကျနော်တို့ ရည်ရွယ်ချက်က တနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားပြီး ဈေးသက်သက်သာသာနဲ့ ကြည့်စေချင်တာ။ စလောင်းမ၀ယ်ချင်ဘူးဆိုရင်လည်း အင်တန်နာ ထောင်ပြီး ရုပ်သံဖမ်းယူစက်နဲ့ ကတ် ၀ယ်ထည့်ကြည့်လို့လည်း ရတယ်”ဟု ရွှေသံလွင်မီဒီယာ တာဝန်ရှိသူက ဆက်ပြောသည်။

စလောင်း၊ ရုပ်သံဖမ်းယူစက် ၊ ကတ် အားလုံးကို တန်ဖိုး ကျပ် ခြောက်သောင်း ၀န်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး လစဉ် ကြေး အဖြစ် ကျပ် ငါးထောင် မှ ကျပ် နှစ်သောင်း အထိ သတ်မှတ်ထားသော်လည်း ၀ယ်ယူသည့် ရုပ်သံလိုင်း အရေအတွက် ပေါ် မူတည်၍ ဈေးနှုန်း အနည်းငယ်မြင့်နိုင်ကြောင်း သိရသည်။

“သြဂုတ်လ ကတည်းက အင်တာနက်နှုန်းတွေ ထပ်မြှင့်နေတယ်။ တနိုင်ငံလုံး အတိုင်းအတာအထိ သွားမှာဆိုတော့ ဖိုက်ဘာ ဆက်ကြောင်းတွေက အစ ထပ်ဖြည့်နေတယ်။ အခုက Fiber To Any Where ဘယ်နေရာက မဆို စက်တပ်ထားရင် ဖမ်းလို့ ရစေရမယ့် ပုံစံသွားမှာ”ဟု ရတနာပုံ တယ်လီပို့မှ တာဝန်ရှိသူ တဦးက ပြောသည်။

လက်ရှိ ရွှေသံလွင်မီဒီယာမှ မြို့နယ်အလိုက် ရောင်းချပေးမည့် ကိုယ်စားလှယ်များ ခေါ်ယူနေပြီး ယင်းကိုယ်စားလှယ် များမှ တဆင့်ရောင်းချပေးသွားမည်ဟု ပြည်တွင်းဂျာနယ် သတင်းထောက် တဦးက ပြောသည်။

“လောလောဆယ်တော့ လိုင်းတပ်ချင်သူတွေအနေနဲ့ စုံစမ်းလို့ မရသေးဘူး။ သိချင်တဲ့ အချက်အလက်ရှိရင် သူတို့ ကိုယ်စား လှယ်တွေက တဆင့် စုံစမ်းလို့ပဲရမယ်။ ကိုယ့်အိမ်မှာ တပ်ချင်တဲ့ သူတွေဆိုရင် ဘာမှ မေးမြန်းတာ မရှိပေမယ့် ဥပမာ- ကိုယ့် ကော်ဖီဆိုင်မှာ ပိုက်ဆံရှိလို့ လိုင်းဝယ်တပ်ချင်တယ် ဆိုရင် လုပ်ငန်းနဲ့ ပတ်သက်တဲ့ အထောက်အထားတွေပြရမယ်၊ ဖောင် တွေဖြည့်ရမယ်ဆိုတော့ နည်းနည်းတော့ အလုပ်ရှုပ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ လုပ်ငန်းလိုင်စင်များ ပြသရခြင်းသည် လွယ်ကူစွာတပ်ဆင်နိုင်သည့် စနစ်တခု ဖြစ်ရန် နှောင့်နှေးစေသည့် အကြောင်း ဖြစ်လာနိုင်သည်ဟု ဂျာနယ် သတင်းထောက်က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် အခပေး ရုပ်သံလိုင်းများအား Family Entertainmet Group ကုမ္ပဏီမှ ရောင်းချပေးလျက်ရှိပြီး ယခု ရွှေသံလွင် မီဒီယာ ကုမ္ပဏီ သည် ဒုတိယမြောက် အခပေး ရုပ်သံလိုင်း ရောင်းချသော ကုမ္ပဏီဖြစ်သည်။


ပုဂ္ဂလိက ရုပ်သံလိုင်း လုပ်ပိုင်ခွင့်ရသည့် ရွှေသံလွင် မီဒီယာ ပိုင်ရှင် ဦးကျော်ဝင်းသည် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ် သူတဦးဖြစ်ပြီး ရုပ်သံလိုင်းသစ် တခုဖြစ်သော Myanmar International လိုင်းကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန နှင့် ပူးပေါင်းကာ ရွှေသံလွင် ကုမ္ပဏီမှ မတ်လ ၃၁ ရက်နေ့က စတင် ထုတ်လွှင့်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ရုပ်သံလိုင်း ၄ ခု ရှိပြီး မြန်မာ့ရုပ်မြင်သံကြားကို ၁၉၈၀ ခုနှစ်၊ မြ၀တီ ရုပ်မြင် သံကြား ကို ၁၉၉၃ ၊ MRTV 3 ကို ၂၀၀၁ ခုနှစ်၊ MRTV 4 ကို ၂၀၀၄ ခုနှစ် တို့တွင် စတင်ထုတ်လွှင့်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်